Pages

Wednesday, December 19, 2012

အကျဉ်းသားများ ပြစ်ဒဏ်ကျခံပြီးနောက် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာပါက အလုပ်အကိုင်ရရှိနိုင်ရန် ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်မည်


အကျဉ်းသားများ ပြစ်ဒဏ်ကျခံပြီးနောက် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာပါက အလုပ်အကိုင်ရရှိနိုင်ရန် ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်မည်  

WEDNESDAY, 19 DECEMBER 2012 13:50

အကျဉ်းသားများ ပြစ်ဒဏ်ကျခံပြီးနောက် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာပါက အလုပ်အကိုင် ရရှိနိုင်ရန် ကုမ္ပဏီများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန အကျဉ်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ထောင်အုပ်စု ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ပြောကြားခဲ့သည်။

ထို့ပြင် အကျဉ်းစခန်းမှ လွတ်မြောက်လာသည့် အကျဉ်းသားများ အနေဖြင့် ရဟန်းဝတ်လိုပါက ခုနစ်ရက်မှ ရာသက်ပန်အထိ သာသနာ့ဘောင်သို့ ၀င်ရောက်နိုင်ရန် လှူဒါန်းမည့် အလှူရှင်များလည်း အသင့်ရှိနေကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန အကျဉ်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ထောင်အုပ်စု ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ဆိုပါသည်။

“အကျဉ်းကျခံရတဲ့သူတွေထဲမှာ အများစုကခိုး၊ ဆိုး၊ နှိုက် အမှုတွေများတယ်။ သူတို့တွေ ကံငါးပါး လုံသွားရင် သူတို့အတွက် ကောင်းသလို နိုင်ငံအတွက်လည်း ကောင်းမယ်။ ဒီတော့ သူတို့ကို အကျဉ်းထောင်က လွတ်တာနဲ့မေးတယ်။ ကိုရင်အရွယ်ဆို ကိုရင်ဝတ်မလား။ ရဟန်းအရွယ်ဆို ရဟန်းဝတ်မလား မေးတယ်။ တကယ်လို့ ၀တ်ချင်တယ်ဆိုရင် သင်္ကန်းစည်းချင်တယ်ဆိုရင် ခုနစ်ရက်ဖြစ်စေ၊ တစ်လဖြစ်စေ ကြိုက်သလောက် ၀တ်နိုင်ပါတယ်။ အကယ်၍ ရာသက်ပန် ၀တ်ချင်တယ်ဆိုရင် ရာသက်ပန် သင်္ကန်းစည်းပေးမယ့် အလှူရှင်တွေက အဆင်သင့်ရှိပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ပြောကြားခဲ့သည်။

“တကယ်လို့ ရဟန်းဝတ်ပြီးနောက် တစ်ပတ်တန်သည်၊ နှစ်ပတ်တန်သည်ကြာ လို့ မနေချင်ရင် ထွက်ပြီး အလုပ်လုပ်ချင်လား။ ဒါကြောင့် အလုပ်လုပ်ချင်တယ်ဆိုရင် အလုပ်ပါပေးမယ်။ ကုမ္ပဏီတွေမှာ အလုပ်ရှာပေးမယ်။ ချိတ်ဆက်ထားတာတွေရှိတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် အင်းစိန်အကျဉ်းထောင်အတွင်း ဘာသာပေါင်းစုံအတွက် ဘာသာရေး ပြုလုပ်နိုင်ရန် နေရာများ စီစဉ်ပေးထားကြောင်း၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မွတ်ဆလင်၊ ဟိန္ဒူ အစရှိသည့် ဘာသာပေါင်းစုံအတွက် ဘာသာရေး ဆောင်ရွက်နိုင်ရန် နေရာများ ထားရှိပေးထားကြောင်း သိရှိရသည်။

နိုဝင်ဘာလကုန်ပိုင်းက အင်းစိန်အကျဉ်းထောင်အတွင်းမှ လွတ်မြောက်လာသည့် အကျဉ်းသားများကို တွေ့ရစဉ်

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : Eleven Media Group
နိုဝင်ဘာလကုန်ပိုင်းက အင်းစိန်အကျဉ်းထောင်အတွင်းမှ လွတ်မြောက်လာသည့် အကျဉ်းသားများကို တွေ့ရစဉ်
အကျဉ်းသားများ ပြစ်ဒဏ်ကျခံပြီးနောက် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာပါက အလုပ်အကိုင် ရရှိနိုင်ရန် ကုမ္ပဏီများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန အကျဉ်းဦး
စီးဌာန ရန်ကုန်တိုင်းဒေသကြီး ထောင်အုပ်စု ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ပြောကြားခဲ့သည်။ ထို့ပြင် အကျဉ်းစခန်းမှ လွတ်မြောက်လာသည့် အကျဉ်းသားများ အနေဖြင့် ရဟန်းဝတ်လိုပါက ခုနစ်ရက်မှ ရာသက်ပန်အထိသာသနာ့ဘောင်သို့ဝင်ရောက်နိုင်ရန်လှူဒါန်းမည့် အလှူရှင်များလည်းအသင့်ရှိနေကြောင်း
ပည်ထဲရေး ၀န်ကြီးဌာန အကျဉ်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ထောင်အုပ်စု ညွှန်ကြားရေးမှူး ဦးမောင်
မာင်အေးက ဆိုပါသည်။

“အကျဉ်းကျခံရတဲ့သူတွေထဲမှာ အများစုကခိုး၊ ဆိုး၊ နှိုက် အမှုတွေများတယ်။ သူတို့တွေ ကံငါးပါး လုံသွားရင် သူတို့အတွက် ကောင်းသလို နိုင်ငံအတွက်လည်း ကောင်းမယ်။ ဒီတော့ သူတို့ကို အကျဉ်းထောင်က လွတ်
တာနဲ့မေးတယ်။ ကိုရင်အရွယ်ဆို ကိုရင်ဝတ်မလား။ ရဟန်းအရွယ်ဆို ရဟန်းဝတ်မလား မေးတယ်။ တကယ်
လို့ ၀တ်ချင်တယ်ဆိုရင် သင်္ကန်းစည်းချင်တယ်ဆိုရင်ခုနစ်ရက်ဖြစ်စေ၊တစ်လဖြစ်စေ ကြိုက်သလောက် ၀တ်
နိုင်ပါတယ်။ အကယ်၍ ရာသက်ပန် ၀တ်ချင်တယ်ဆိုရင် ရာသက်ပန် သင်္ကန်းစည်းပေးမယ့် အလှူရှင်တွေက အဆင်သင့်ရှိပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်အေး
က ပြောကြားခဲ့သည်။

“တကယ်လို့ ရဟန်းဝတ်ပြီးနောက် တစ်ပတ်တန်သည်၊ နှစ်ပတ်တန်သည်ကြာ လို့ မနေချင်ရင် ထွက်ပြီး အ
လုပ်လုပ်ချင်လား။ ဒါကြောင့် အလုပ်လုပ်ချင်တယ်ဆိုရင် အလုပ်ပါပေးမယ်။ ကုမ္ပဏီတွေမှာ အလုပ်ရှာပေး
မယ်။ ချိတ်ဆက်ထားတာတွေရှိတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် အင်းစိန်အကျဉ်းထောင်အတွင်း ဘာသာပေါင်းစုံအတွက် ဘာသာရေး ပြုလုပ်နိုင်ရန် နေရာများ စီစဉ်
ပးထားကြောင်း၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မွတ်ဆလင်၊ ဟိန္ဒူ အစရှိသည့် ဘာသာပေါင်းစုံအတွက် ဘာသာ
ရး ဆောင်ရွက်နိုင်ရန် နေရာများ ထားရှိပေးထားကြောင်း သိရှိရသည်။

 
  
Eleven Media Group 

0 comments:

Post a Comment