
2013 CES ပွဲမှာ လူတွေရဲ့ စိတ်ကို အဓိက ဖမ်းစားနိုင်ခဲ့တဲ့ SonyMobile ရဲ့
ပြန်လည်မွေးဖွားခြင်း တစ်ခုြ
ဖစ်တဲ့ Xperia Z နဲ့ ZL ဖုံးတွေကို
ချပြခဲ့ပြီးတဲ့နောက်မှာ...
ဆုတံဆိပ်ပေါင်းများစွာ ရယူခဲ့တဲ့ အကောင်းစား Xperia Z နဲ့ ZL ဖုံးတွေဟာ
ပြိုင်ဘက်တွေကို ကောင်းကောင်း ချိန်းခြောက်နိုင်ခဲ့တဲ့ နောက်မှာ...
အခု Sony Mobile ကနေပြီး Tablet လောကကို ချိန်းခြောက်နိုင်ဖို့ Xperia Z
ဖုံးတွေရဲ့ အရည်အသွေးနဲ့ ဒီဇိုင်းကို ရယူထားတဲ့ Xperia Z Table ကို မနေ့က
ဂျပန်မှာ တရားဝင်ကြေငြာခဲ့ပြီ ဖြစ်ပါတယ်။
![]() |
2013 CES ပွဲမှာ လူတွေရဲ့ စိတ်ကို အဓိက ဖမ်းစားနိုင်ခဲ့တဲ့ SonyMobile ရဲ့
ပြန်လည်မွေးဖွားခြင်း တစ်ခုြ
ဖစ်တဲ့ Xperia Z နဲ့ ZL ဖုံးတွေကို
ချပြခဲ့ပြီးတဲ့နောက်မှာ...
ဆုတံဆိပ်ပေါင်းများစွာ ရယူခဲ့တဲ့ အကောင်းစား Xperia Z နဲ့ ZL ဖုံးတွေဟာ ပြိုင်ဘက်တွေကို ကောင်းကောင်း ချိန်းခြောက်နိုင်ခဲ့တဲ့ နောက်မှာ... အခု Sony Mobile ကနေပြီး Tablet လောကကို ချိန်းခြောက်နိုင်ဖို့ Xperia Z ဖုံးတွေရဲ့ အရည်အသွေးနဲ့ ဒီဇိုင်းကို ရယူထားတဲ့ Xperia Z Table ကို မနေ့က ဂျပန်မှာ တရားဝင်ကြေငြာခဲ့ပြီ ဖြစ်ပါတယ်။
ဆုတံဆိပ်ပေါင်းများစွာ ရယူခဲ့တဲ့ အကောင်းစား Xperia Z နဲ့ ZL ဖုံးတွေဟာ ပြိုင်ဘက်တွေကို ကောင်းကောင်း ချိန်းခြောက်နိုင်ခဲ့တဲ့ နောက်မှာ... အခု Sony Mobile ကနေပြီး Tablet လောကကို ချိန်းခြောက်နိုင်ဖို့ Xperia Z ဖုံးတွေရဲ့ အရည်အသွေးနဲ့ ဒီဇိုင်းကို ရယူထားတဲ့ Xperia Z Table ကို မနေ့က ဂျပန်မှာ တရားဝင်ကြေငြာခဲ့ပြီ ဖြစ်ပါတယ်။





![Facebook အသုံးပြုခြင်းဖြင့် အထီးကျန်ဝေဒနာသက်သာနိုင်
ကမ္ဘာကျော်လူမှုကွန်ယက်တစ်ခုဖြစ်သည့် Facebook တွင် status တင်ခြင်းသည် မိတ်ဆွေများ၏ “ကြိုက်နှစ်သက်ခြင်း (Like)” လုပ်ခံရသည် ဖြစ်စေ၊ မခံရသည်ဖြစ်စေ၊ ကောလိပ်ကျောင်းသားများအား အထီးကျန်ခံစားရမှု ကျဆင်းစေ ကြောင်း လေ့လာမှုတစ်ခုအရသိရ သည်။
ယခင်သုတေသနများတွင် Facebook အသုံးပြုခြင်းကို စိတ်ပူပန်ခြင်း၊ ကြွေးမြီထူပြောခြင်းနှင့် ကိုယ် အလေးချိန်တိုးခြင်း စသည်အထိ ဖြစ် စေနိုင်ကြောင်း လေ့လာထားခဲ့ကြသည်။ Facebook သည် စိတ်ကျ ရောဂါဖြစ်စေသည့် အကြောင်းရင်း ဟုတ်မဟုတ်ကိုလည်း ငြင်းခုန်ကြ ဆဲဖြစ်သည်။ သို့သော် Facebook အသုံးပြုသူတိုင်းလိုလိုက Facebook သည်စွဲလန်းစေသည်ဆိုသည့် အချက် ကို လက်ခံထားကြသည်။
ယခုသုတေသနတွင် Facebook ပေါ်သို့ စာတင်ခြင်းသည် အထီးကျန် ခံစားရခြင်းကို သက်သာစေခြင်းရှိမရှိ အဓိကလေ့လာခဲ့ကြသည်။ ဂျာမဏီ နိုင်ငံ ဘာလင်တက္ကသိုလ်နှင့် အရီဇိုး နားတက္ကသိုလ်မှ သုတေသီများက ကောလိပ်ကျောင်းသားများ၏ ပျော်ရွှင်မှုနှင့် အထီးကျန်ဆန်မှုအတိုင်း အတာပမာဏကို စူးစမ်းခဲ့ကြသည်။ သုတေသီများ အတုဖန်တီးထားသော Facebook အသုံးပြုသူ User ကိုလည်း ကောလိပ်ကျောင်းသားများ က မိတ်ဆွေအဖြစ် စာရင်းထည့်သွင်း ခဲ့ကြသည်။
ကောလိပ်ကျောင်းသားအချို့ အား Facebook တွင် ပုံမှန်ထက်စာ သားများပိုတင်စေပြီး ကျန်ကျောင်း သားများ၏ Facebook အသုံးပြုမှုကို ၀င်ရောက်စွက်ဖက်ခြင်းမရှိဘဲ စောင့် ကြည့်ခဲ့သည်။
တစ်ပတ်အကြာတွင် ပထမ ကျောင်းသားအုပ်စုသည် ညွှန်ကြား ထားသည့်အတိုင်း Facebook တွင် စာသားများပုံမှန်ထက်ပိုရေးသားခဲ့ကြ သည်။ နေ့စဉ်တစ်နေ့တာအဆုံးသတ် ချိန်၌ ကျောင်းသားတစ်ဦးချင်းစီ၏ စိတ်ဓါတ်ကျဆင်းမှု၊ ပျော်ရွှင်မှုနှင့် အထီးကျန်ဆန်မှုတို့ကို မေးခွန်းများ မေး၍ လေ့လာခဲ့ကြသည်။
Facebook တွင်စာသားများ ပိုမိုရေးသားခဲ့သူများသည် Facebook စာမျက်နှာတွင် စာရေးသားလေ့မရှိ သူများထက် အထီးကျန်ဆန်မှုပိုမို နည်းပါးသည်ကို တွေ့ရသည်။ သို့သော်ကျောင်းသားများ၏ စိတ် ဓါတ်ကျဆင်းမှု (သို့) ပျော်ရွှင်မှုစ သည့်ခံစားချက်များသည် ကျောင်း သင်ခန်းစာများကျက်မှတ်ချိန်ကို များ စွာသက်ရောက်မှုမရှိပေ။ ရေးသား ထားသည့် status update ကို မည်သူမျှ နှစ်သက်ကြောင်း “Like” ခလုတ်နှိပ်ခြင်းမရှိသော်လည်း အထီး ကျန်ဆန်မှုလျော့ကျစေသည်ကို ကြည့် ခြင်းအားဖြင့် ထင်ပေါ်ကျော်ကြားမှု နှင့် အထီးကျန်ဝေဒနာသက်သာမှုတို့ ဆက်စပ်မှုမရှိသည်ကိုတွေ့ရသည်။
လူမှုရေးထိတွေ့ဆက်ဆံမှု များအကြောင်း စဉ်းစားတွေးတောရုံ ဖြင့် အထီးကျန်ဝေဒနာ လျော့ပါးစေ သည့် သက်ရောက်မှုကို သုတေသီ များက “အဆာပြေလူမှုရေးအာနိသင် (Social snacking)” ဟု အမည်ပေး ထားသည်။
““သရေစာမုန့်တစ်ခု စားလိုက် ခြင်းအားဖြင့် နောက်တစ်ကြိမ် အနပ် ကြီးမစားမီ ခဏတာဗိုက်ဆာသက် သာသွားသလိုပါပဲ။ လူမှုရေးသရေစာ ကလည်း လက်တွေ့ဘ၀လူမှုရေး ထိတွေ့ဆက်ဆံမှုကင်းမဲ့နေတဲ့အချိန် ကို အတိုင်းအတာတစ်ခုအထိ ခံနိုင် ရည်ရှိစေပါတယ်”” ဟု သုတေသနစာ တမ်းတွင် ဖော်ပြထားသည်။
လေ့လာမှုကို လူမှုရေး စိတ်ကျန်း မာပညာနှင့် ကိုယ်ရည်ကိုယ်သွေး သိပ္ပံပညာဂျာနယ် (Journal Social Psychological and Personality Science) တွင် ဖော်ပြထားသည်။
=========================================
ဇော်ကို
Source: MDI
Reference &Credit to Health Updates Journal
Post by minzarnitgi Admin Team[NOM]](https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-ash4/s480x480/312461_528350493853102_1126781669_n.jpg)


















![ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် သတင်းကောင်း တပုဒ်ပါ။
ယမန်နှစ် ဧပြီလ ၂၀ ရက်နေ့က ဘန်ကောက်မြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ယာယီနိုင်ငံကူးလက်မှတ် အသစ် ခရမ်းရောင်နှင့် မည်သူ မည်ဝါ ဖြစ်ကြောင်း သက်သေအထောက်အထား အစိမ်းနုရောင် လက်မှတ် (ဓာတ်ပုံ - Bangkok Post)
ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာ အလုပ်သမားတွေရဲ့ ၁၅ နှစ်အောက် သားသမီးစတဲ့သူတွေ ကို မြန်မာ အစိုးရက ယာယီနိုင်ငံကူး ( မှီခို) လက်မှတ် ထုတ်ပေးမှာ ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။
မြန်မာအလုပ်သမားတွေအနေနဲ့ မိမိတို့ရဲ့ သားသမီးတွေဖြစ်ကြောင်း သက်သေခံ အထောက်အထားတွေနဲ့ အတူ နီး စပ်ရာ ထိုင်းနိုင်ငံ အလုပ်သမား ဌာနများမှာ အထူးအခွင့်အရေးတရပ်အနေနဲ့ ရက်ပေါင်း ၁၂၀ အတွင်း အမြန်ဆုံး မှတ် ပုံတင်ကြရမှာဖြစ်ပါတယ်။
ဒီလို မှတ်ပုံတင်ကြရာမှာ မြန်မာအလုပ်သမားတွေအနေနဲ့ မိမိတို့ရဲ့ ယာယီနိုင်ငံကူးလက်မှတ်နဲ့အတူ ၁၅ နှစ်အောက် သား သမီးတွေကို သက်သေခံ လက်မှတ် ထုတ်ပေးတာ၊ ထိုင်းအာဏာပိုင်တွေ က နေထိုင်ခွင့် ဗီဇာနဲ့ အလုပ်လုပ်ခွင့် လက်မှတ် ထုတ်ပေးတာတွေကိုလည်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးစခန်း ၁၀ ခုမှ ယခု ဇန်န၀ါရီလ ၁၅ ရက် နေ့ကနေ လာမည့် မေလ ၁၅ ရက်နေ့ အတွင်း
အောက်ပါ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စခန်းတွေမှာ လုပ်ဆောင် ပေးသွားမှာပါ။
စမွတ် စခုံ၊ စမွတ် ပရာခန်၊ ချင်းမိုင်၊ ဆုရာထာနီ၊ ပထုန်ထာနီ၊ ကာချနဘူရီ၊ ရနောင်း၊ ခွန်ခဲန်၊ ဆောင်ခလ၊ နခုန်ရာစီမာ ဆိုတဲ့ စခန်းတွေမှာ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။
မြန်မာအစိုးရအနေနဲ့ ထိုင်းအစိုးရနဲ့ ညှိနှိုင်းပြီး အခုလို မှီခို နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး စခန်းတွေမှာဘဲ ထုတ်ယူလုပ်ကိုင်လို့ရပြီးဆိုတာကို ဇန်န၀ါရီလ ၁၅ ရက်နေ့ ကထုတ်ပြန်ခဲ့တာပါ။
၂ နိုင်ငံ ဆွေးနွေးမှုတွေနဲ့ လုံခြုံမှုရှိစေရေး၊ စာရိတ်သက်သာစေရေးတို့အတွက် ထိုင်းနိုင်ငံတွင်း နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ဌာန ၁၀ နေရာမှာ တရားမ၀င်ရောက်နေတဲ့ မြန်မာတွေလည်း အခုလို ယာယီနိုင်ငံကူးလက်မှတ်များ လုပ်နိုင်ပြီ လို့ဆိုပါ တယ်။
လိုအပ်တဲ့အချက်အလက်တွေကတော့ ထိုင်းနိုင်ငံမှာ ရှိတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေဟာ သက်ဆိုင်ရာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနတွေမှာ ၁ လအတွင်း စာရင်းပေးသွင်းရပါမယ်။
ပုံစံ ၃၈ ဆိုတာတော့ မထွက်ပါဘူးတဲ့။ မြန်မာ ယာယီနိုင်ငံကူးလက်မှတ်အတွက် ကုန်ကျစာရိတ်ကတော့ ထိုင်း ဘတ်ငွေ ၅၅၀ ဖြစ်ပြီး ထိုင်းနို်င်ငံတွင်း နေထိုင် ခွင့် ၂ နှစ်တာဗီဇာအတွက် ၅၅၀ ဘတ်၊ သွေးစစ်ခ အနေနဲ့ ဘတ်ငွေ ၆၀၀ သို့မဟုတ် ဘတ် ၁၉၀၀ ကုန်ကျမည့် သွေး စစ်ဆေးမှု မှတ်တမ်း တခုခု ကို လုပ်ဆောင်ရပါမယ်။
ဒီအပြင် အလုပ်လုပ်ခွင့် ပါမစ် (Work Permit) အတွက် ကုန်ကျငွေက တနှစ်စာဆိုရင် ဘတ် ၁၉၀၀ ဖြစ် ပြီး ၂ နှစ်စာ ဆိုရင် ဘတ်ငွေ ၃၉၀၀ ဖြစ်ပါကြောင်းနဲ့ အထွေထွေ အကျိုးဆောင်ခအနေနဲ့ မျှတတဲ့ စာရိတ်ကုန်ကျခံရမှာဖြစ်တယ် လို့ သိရပါတယ်။ ဒါဟာ ယခု လုပ်ဆောင်ပေးနေတဲ့ စနစ်သစ်ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် အရင်ကလိုဘဲ မြန်မာပြည်သားမှန်ကန်ကြောင်းစစ်ဆေးခံရမည် လည်းဖြစ်ပါ တယ်။ နေပြည်
တော်ကို ပို့ပြီး အချက်အလက် တင်ပြစစ်ဆေးခြင်းမဟုတ်တော့ဘဲ ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံဗီဇာ ထုတ်ပေးရေး ဌာနတွေက အချိန် ၁ လအတွင်း အပြီး အမြန် စစ်ဆေး ပေးသွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံဘက်ကတော့ အလုပ်သမား အသုံးပြုခွင့်လို့ခေါ်တဲ့ ( ကော်တ) ပုံစံကိုတော့ ထိုင်း အလုပ်ရှင် ကိုယ်တိုင်က သွားရောက်စာရင်းသွင်းရမှာဖြစ်ပါတယ်။
အကယ်၍ သူဌေး မရှိခဲ့ဘူးဆိုရင်တော့ သူဌေး အစားထိုး လက်ခံ လျှောက်ထားနိုင်ပြီး ဘတ် ၈၀၀ ကုန်ကျ စရိတ်ထက် မကျော်တဲ့ ထိုင်းအလုပ်ရှင် သူဌေးအကျိုးဆောင်ခကိုတော့ အလုပ်သမားတွေဘက်က ကုန်ကျခံရမှာဖြစ်ပါတယ်။
အလုပ် လုပ်ခွင့် ပါမစ် (Work Permit ) ကိုလည်း ယာယီ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ဌာနမှာဘဲ အပြီးသတ် အတည်ပြုပေးမှာဖြစ်ပြီး လုပ်ငန်းရှင် ပြောင်းရွှေ့ခွင့်လည်း ရှိတယ်လို့ သိရပါတယ်။
အခု ယာယီ နိုင်ငံကူးလက်မှတ်နဲ့ မှီခို ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်တွေကို ထိုင်း-မြန်မာ ၂ နိုင်ငံ နောက်ဆုံး ထပ်မံ သဘောတူညီချက်တွေအရ ရက်ပေါင်း ၉၀ အတွင်း အပြီး လုပ်ရမှာ ဖြစ်ကြောင်း သိရပါတယ်။
===================================
Reference & Post by The irrawady (Burmese Version)
Post by minzarnitgi Admin Team[NOM]](https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-ash3/s480x480/552955_528226280532190_802278102_n.jpg)




