Pages

Wednesday, January 23, 2013

ရန်ကုန်-သံတွဲကား တောင်ကုတ်တွင် ချောက်ထဲကျမှု ခရီးသည် ၁၄ ဦးသေဆုံးပြီး ၃၃ ဦးဒဏ်ရာရ

ရန်ကုန်မှ သံတွဲမြို့သို့ ထွက်ခွာလာသည့် အောင်သစ္စာ ခရီးသည်တင် ယာဉ်သည် ဇန်န၀ါရီလ ၂၃ ရက်နေ့ နံနက် ၃ နာရီ ၃၅ မိနစ် အချိန်က ရခိုင်ရိုးမပေါ် ဖြတ်သန်း မောင်းနှင်စဉ် နေပူတောင်အဆင်း၌ ချောက်ထဲသို့ ထိုးကျမှု ဖြစ်ပွားခဲ့ကြောင်း သံတွဲ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ ဥက္ကဌ ဦးထွန်းသန့်ကျော်က ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇန်န၀ါရီ ၂၃

ယနေ့မနက် ၁ နာရီခွဲခန့်က ရန်ကုန်မှ သံတွဲမောင်းနှင်လာသော ခရီးသည်ကားတစီ တောင်ကုတ်မြို့နယ်
အနီး တွင်ပေ ၁၂၀ ခန့်နက်သော ချောက်ထဲထိုးကျသွားခဲ့ရာ ခရီးသည် ၁၄ ဦးသေဆုံးပြီး ၃၃ ဦးဒဏ်ရာရရှိ
သွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲဇာနည်တွင် တရားဝင်သတင်းထုတ်ပြန်ထားသည်။
ရဲဇာနည်မှ သတင်းထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

၂၃-၁-၂၀၁၃ ရက်နေ့ ၀၁၃၀ အချိန် ရန်ကုန်မှသံတွဲသို့ သိန်းနိုင်မောင်းနှင်လာသည့် ခရီးသည်တင် ယာဉ်
အမှတ် ၉ခ/xxxx သည် တောင်ကုတ်မြို့နယ်၊ နေပူတောင်ကြော ၇ မိုင် ၄ ဖာလုံအရောက်လမ်းကွေ့၌ ဘရိတ်
ပေါက်ပြီး အမြင့်ပေ ၁၂၀ ခန့်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက် ခဲ့သည်။ ယာဉ်တိမ်းမှောက်သည့်နေရာသို့ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များမှ သွားရောက် ကယ်ဆယ်ခဲ့ကြောင်း သိရှိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါသူ ကျား ၇ ဦး၊ မ ၆ ဦး၊ ကလေး ၁ ဦး၊ စုစုပေါင်း ၁၄ ဦး  သေ

ဆုံးခဲ့ပြီး သံဃာ ၃ ပါး၊ ကျား ၂၆ ဦး၊ မ ၄ ဦး၊ စုစုပေါင်း၃၃ ဦးတို့တွင်ဒဏ်ရာများအသီးသီးရရှိကြပြီး တောင်
ကုတ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။ အခင်းဖြစ်နေရာရှိ ခရီးသည် များ၏ ပစ္စည်းများ ပျောက်
ဆုံးမှုမရှိစေရေးအတွက် ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။




The Irrawaddy (Burmese Version)

0 comments:

Post a Comment