Pages

Wednesday, January 23, 2013

၂၀၁၃ မော်ဒယ် Nissan GT-R



Nissan GT-R ရဲ့မူရင်း ဒီဇိုင်းကတော့ Skyline ဖြစ်ပါတယ်။ Skyline ကိုအခြေခံပြီးတော့ သူ့ထက်အဆင့်မြင့်တဲ့ ကားထုတ်လုပ်ဖို့ ရည်ရွာယ်တဲ့ ဂျပန်ကုမ္မဏီ Nissan ဟာ ၂၀၀၇ ခုနှစ်မှာ GT-R အမည်နဲ့ Brand တစ်ခု မိတ်ဆက်ခဲ့ပါ တယ်။၂၀၀၇ ကနေ ၂၀၁၀ ခုနှစ်အထိကို ပထမ မျိုးဆက် မော်ဒယ်ထုတ်လုပ်ပြီး ၂၀၁၀ ကနေ ၂၀၁၂ အထိ Specification ပိုမိုအဆင့်မြင့်ထုတ်လုပ်စေပါတယ်။ ၂၀၁၂ နောက်ပိုင်းထွက် GT-R ကတော့ ကမ္ဘာ့ ပြိုင်ကားလောကမှာ လူကြိုက်များ Sport car ဖြစ်လာ ပါတယ်။

ယခင်၂၀၀၇ မော်ဒယ်တုန်းကအမြင့်ဆုံးSpeed တစ်နာရီ၁၉၀မိုင်ပဲရှိပါတယ်။၂၀၁၂ နောက်ပိုင်းထုတ်
ရာက်မှသာ တစ်နာရီ မိုင် ၂၀၀ ပြေးတဲ့ GT-R များ ပေါ်ထွက် လာခြင်း ဖြစ်ပါတယ်။ အသုံးပြုတဲ့ အင်ဂျင်
ကတော့ Nissan ကမူပိုင်ယူထုတ်လုပ်လျက်ရှိတဲ့ ၃.၈ လီတာ DHOC အင်ဂျင် ဖြစ်ပါတယ်။ ဆလင်ဒါ ၆လုံး V အင်ဂျင်ကို တာဘိုချာဂျာ နှစ်လုံးနဲ့ အားဖြည့်ထားတဲ့ စနစ် ဖြစ်ပါတယ်။ 
 
ဒါကြောင့် အင်ဂျင်အား ကောင်းပြီး လေးဘီးမောင်းစနစ်သုံး ကားဖြစ်ပါတယ်။ အင်ဂျင်ကို အရှေ့မှာ ထားပါ
တယ်။ တံခါး ၂ ပေါက် Sport car နဲ့ လေးယောက်စီး Seater ဆိုပြီး နှစ်မျိုးထုတ်ထားပါတယ်။ ဂီယာ ၆ချက်
ထိုး အော်တို၊ လက်ထိုး နှစ်မျိုးလုံး ထည့်သွင်းပေးထားပါတယ်။ အမြင့်ဆုံး Speed မိုင် ၂၀၀ အထိရောက်
အာင် ထောက် ပံ့ပေးတဲ့ ခြောက်လုံးတပ် အင်ဂျင်ရဲ့ မြင်းကောင်ရေအားဟာ ၅၄၅ hp ရှိပါတယ်။

ကာဘွန်ဘော်ဒီသားသုံး ကားကို အလူမီနီယမ်တံခါးပေါက် များ တပ်ဆင်ပေးထား ပါတယ်။ ပေါ့ ပါးပြီး မြန်
မန်ပြေးအောင် Diffuser ကောင်းကောင်းနဲ့ လေမှ အားကိုလည်း အသုံးပြုအုံးမှာ ဖြစ်ပါတယ်။ မှန်ကို ခရမ်း
လွန်ရောင်ခြည်ကာကွယ်တဲ့စနစ် ထည့်သွင်းထား ပါတယ်။ ဒါကတော့ အသုံးပြုတဲ့ ဖန်အမျိုးအစားကောင်း မွန်မှုကြောင့် ဖြစ်ပါတယ်။

အရှည် ၁၈၃.၉ လက်မ၊ အကျယ် ၇၄.၉ လက်မ၊ အမြင့် ၅၃.၉ လက်မ အတိုင်းအတာရှိတဲ့ GT-R ရဲ့အရွယ်
အစားဟာ အခြား ပြိုင်ကားများလောက်တော့ မသေးပါဘူး။ အလေးချိန် ၁၇၄၀ ကီလိုဂရမ် ရှိပြီး လေးဘီး
မာင်း စနစ်ဖြစ်တဲ့အတွက် အခြားပြိုင်ကားများ ထက် လေးနေခြင်း ဖြစ်ပါတယ်။ ကားဘော်ဒီ ဒီဇိုင်းက Sky
line ကိုအခြေခံတယ်ဆိုပေမယ့် သူ့ထက် အများကြီး ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ ဂျပန် Animation ရုပ်ရှင်မှ စက်ရုပ်တစ်ကောင်ရဲ့ ဘော်ဒီ ကိုအခြေခံပြီး တည်ဆောက်ထားတဲ့ Kit လို့ဆိုပါတယ်။

အော်တို မီးအဖွင့်အပိတ်၊ LED နေ့ညထွန်းမီးသီး၊ ဘော်ဒီရှေ့ Spoilerပါဝင်ပါကားမှန်၊ ပေါလစ်ရှ်ဖုံး ငါးလက်
မရှည် အိတ်ဇောပိုက် လေးခု၊ နောက်ဘက်ကင်မရာ၊LCD တီဗီ၊ Navigation systermစသည်ဖြင့်နည်းပညာ
အဆင့်မြင့် ပစ္စည်းအားလုံး ပါဝင်မှာ ဖြစ်ပါတယ်။

ကမ္ဘာ့လူကြိုက်များ ကားစာရင်းဝင်ခဲ့ပြီး Sport type မှာလည်း ဒီထက်စွမ်းဆောင်ရည်မြင့်ကားတွေထုတ်လုပ်
ထားပါသေးတယ်။ ၂၀၁၂ နောက်ပိုင်းထွက်မော်ဒယ် GT-R ကားများရဲ့ဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၉၆၀၀၀၀ နဲ့အထက်မှာ ရှိပြီး Black Edition ဆိုရင် ဒေါ်လာ ၁သိန်း ၃ သောင်းနဲ့အထက်မှာရှိမှာ ဖြစ်ပါတယ်။

Ref:Nissan
အောင်ခမ်း (TSJ team)

0 comments:

Post a Comment