Pages

Wednesday, January 23, 2013

အပါးဆုံး ရေစိုခံ Sony Xperia Z Tablet လာပြီ


2013 CES ပွဲမှာ လူတွေရဲ့ စိတ်ကို အဓိက ဖမ်းစားနိုင်ခဲ့တဲ့ SonyMobile ရဲ့ ပြန်လည်မွေးဖွားခြင်း တစ်ခုြ
ဖစ်တဲ့ Xperia Z နဲ့ ZL ဖုံးတွေကို ချပြခဲ့ပြီးတဲ့နောက်မှာ...
ဆုတံဆိပ်ပေါင်းများစွာ ရယူခဲ့တဲ့ အကောင်းစား Xperia Z နဲ့ ZL ဖုံးတွေဟာ ပြိုင်ဘက်တွေကို ကောင်းကောင်း ချိန်းခြောက်နိုင်ခဲ့တဲ့ နောက်မှာ... အခု Sony Mobile ကနေပြီး Tablet လောကကို ချိန်းခြောက်နိုင်ဖို့ Xperia Z ဖုံးတွေရဲ့ အရည်အသွေးနဲ့ ဒီဇိုင်းကို ရယူထားတဲ့ Xperia Z Table ကို မနေ့က ဂျပန်မှာ တရားဝင်ကြေငြာခဲ့ပြီ ဖြစ်ပါတယ်။ ၁၀ လက်မ Tablet တွေထဲမှာ အပါးလွာဆုံး နံပါတ်တစ်ကိုလည်း ရယူလိုက်ပါတယ်။ WaterProof စနစ်အပြည့်အ၀ ပါဝင်တဲ့ Tablet လည်း ဖြစ်ပါတယ်။

Xperia Table တွေကို ယခင်နှစ်များကလည်း ထုတ်လုပ်ခဲ့ဖူးပါတယ်။ Xperia S လို့နာမည်ပေးခဲ့ပေမဲ့ ပြိုင်ဘက်တွေနဲ့ ယှဉ်ရင် ဘယ်လိုမှ အထင်ကြီးစရာ မရှိခဲ့သလို နာမည်လဲ မရခဲ့ပါဘူး..

အခု ၂၀၁၃ခုနှစ်မှာတော့ Xperia Z Tablet ကတော့ အထင်ကြီးလေးစားဖွယ် ကောင်းနေပါတယ်။ Sony တွေရဲ့ ပြန်လည် မွေးဖွားခြင်းတေ ဖြစ်လာတော့လေမလား.. စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဘာတွေ ပါဝင်လည်း ကြည့်ကြည့်မယ် ဆိုရင်

အထူက 6.9mm ပဲရှိတဲ့အတွက် 7.22mm ရှိတဲ့ iPad Mini ထပ် ပိုပါးလွှာပါတယ်။ အလေးချိန်က 495g ပဲရှိတဲ့အတွက် 662g iPad နဲ့ 603g Nexus 10 တို့ထပ် ပိုပေါ့နေပါတယ်။

Display Type ကတော့ WUXGA Reality Display အမျိုးအစား 10.1 inches နဲ့ Resolution က1920 × 1200 ရှိပါတယ်။

CPU ကတော့ 1.5GHz Quad-Core ဖြစ်ပြီး Battery capacity က 6000mAh ရှိနေပါတယ်။ Google Android 4.1 OS ကိုသုံးထားမှာ ဖြစ်ပြီး Memory RAM 2GB နဲ့ ROM 32GB ပါဝင်မှာ ဖြစ်ပါတယ်။

Front Camera CMOS 8.1mega pixel နဲ့ဖြစ်ပြီး Back Camera CMOS 2.2mega pixel ဖြစ်ပါတယ်။ Camera ပိုင်းမှာ Tablet တစ်လုံးအတွက် ပိုမို ရိုက်ကူးလို့ကောင်းအောင် နည်းပညာမြင့်မြင့်တွေ Spec ကောင်းကောင်းတွေ သုံးထားပါတယ်။

Xperia Z Phone ရဲ့ အဓိက အားသာချက်ဖြစ်တဲ့ Waterproof Grade IPX5 / 7 ကို Tablet မှာလည်း ထည့်သွင်း ပေးထားတဲ့အတွက် ရေကန်ထဲမှာ ရေကူးရင်းနဲ့တောင် Xperia Z Tablet ကို သုံးလို့ရနေဦးမှာ ဖြစ်ပါတယ်။

IEEE802.11a/b/g/n, LTE, Bluetooth4.0, 3G, 3G850, GSM တွေကိုလည်း Support ပေးထားဦးမှာ ဖြစ်ပါတယ်။ (GSM ပါဖို့ကတော့ သိပ်အသေချာကြီး မပြောထားသေးပါဘူး။)

Xperia Z Tablet ကို အခုလောလောဆယ် ဂျပန်နိုင်ငံမှာ စတင် မိတ်ဆက်ခဲ့တာဖြစ်ပြီး NTTDoCoMo Site နဲ့ Sony Mobiel Japan Site တွေမှာ ဖော်ပြထားပါတယ်။အနောက် နိုင်ငံနဲ့ အခြားနိုင်ငံတွေမှာလည်း ယခုရက်ပိုင်းအတွင်းမှာ ကြေငြာသွားမယ်လို့ ယူဆရပါတယ်။ ဂျပန်နိုင်ငံမှာတော့ March လ 2013 မှာ ၀ယ်ယူလို့ ရမယ်လို့ ကြေငြာထားပါတယ်။

နံပါတ် (၁) ဆိုတာကိုမှ သုံးချင်တယ်ဆိုရင်တော့ Tablet တွေထဲမှာ အပါးဆုံး ၁ ဖြစ်တဲ့ Spec တွေလည်း
 ကောင်းတဲ့ Design ပိုင်းမှာလည်း ခံစားချက် အသစ်ဖြစ်နိုင်တဲ့၊ ရေထဲမှာ ၃မိနစ်လောက် သုံးလို့ရမဲ့ ရေစိမ်ခံ Xperia Z Tablet ကို စောင့်ဖို့ လိုမယ်လို့ ထင်ပါတယ်။

 TechSpace Journal

0 comments:

Post a Comment