Pages

Tuesday, February 12, 2013

၁၉၈ဝ ပြည့်လွန်နှစ် နောက်ပိုင်းက ဂါဝန်ပုံစံကို ဝတ်ဆင်ခဲ့သော ကေတီပယ်ရီ

၁၉၈ဝ ပြည့်လွန်နှစ် နောက်ပိုင်းက ဂါဝန်ပုံစံကို ဝတ်ဆင်ခဲ့သော ကေတီပယ်ရီ

လော့စ်အိန်ဂျလိစ် ဖေဖော်ဝါရီ ၁ဝ

ဖေဖော်ဝါရီ ၈ ရက်က လော့စ်အိန်ဂျလိစ် မြို့တွင် ကျင်းပသော ဂရမ်မီ ဆုပေးပွဲ အကြိုပါတီသို့ ကမ္ဘာကျော် အဆိုတော်နှင့် သရုပ်ဆောင် ကေတီပယ်ရီ တက်ရောက်ခဲ့ကြောင်း သိရသည်။ ကေတီ သည် အဆိုပါ အခမ်း အနားကို ၁၉၅ဝ ပြည့်လွန်နှစ်များ နောက်ပိုင်းက ဂါဝန် ပုံစံမျိုးကို

ဝတ်ဆင် လာခဲ့ပြီး ကြော့ရှင်းလှပ နေခဲ့ သည်။ Hot or Cold တေးသီချင်းဖြင့် လူကြိုက် အများဆုံး တေးသီချင်း စာရင်းတွင် နံပါတ်တစ် နေရာ၌ ရပ်တည် နေခဲ့သူ ကေတီ ဝတ်ဆင်လာသော ဂါဝန် လက်ပြတ်သည် နောက်ကျောဟိုက် ပုံစံဖြစ်ပြီး ဇစ်ကို တစ်ဝက်သာ ဆွဲထားသော စတိုင်ဖြစ်သည်။ ထို့ပြင် ကေ တီသည် ဟောလီးဝုဒ် မင်းသမီးများတွင် တွေ့ရခဲ သော သူမ၏ အမည်းရောင် ဆံပင်ကို လှိုင်းအနည်းငယ် ပြုလုပ်၍ ချထားသည့် ပုံစံကို ယူခဲ့သည်။ ကေတီ သည် သူမ ဝတ်ဆင်လာသော ဂါဝန်နှင့် လိုက်ဖက်သည့် hristian Loboutin တံဆိပ် ဒေါက်မြင့် ဖိနပ်ကို ဝတ်ဆင်ခဲ့ရာ သွယ် လျ ကြော့ရှင်းသော ခန္ဓာကိုယ် အလှကို ပိုမိုပေါ်လွင် စေခဲ့သည်။ ကေတီ၏ ကြော့ရှင်း လှပသော ဝတ်စား ဆင်ယင်မှုသည် ပွဲတက် ရောက်လာသူများစွာ အနက် ပိုမို ပေါ်လွင်စေကြောင်း ပရိ သတ်များက မှတ်ချက်ပြု ပြောကြား ခဲ့သည်ဟု သိရသည်။

http://bit.ly/YU6M8B
Aye Chan Mon Re-post Date : 2013 Feb 12
News from: မြ၀တီ

အေးချမ်းမွန်

လော့စ်အိန်ဂျလိစ် ဖေဖော်ဝါရီ ၁ဝ
ဖေဖော်ဝါရီ ၈ ရက်က လော့စ်အိန်ဂျလိစ် မြို့တွင် ကျင်းပသော ဂရမ်မီ ဆုပေးပွဲ အကြိုပါတီသို့ ကမ္ဘာကျော် အဆိုတော်နှင့် သရုပ်ဆောင် ကေတီပယ်ရီ တက်ရောက်ခဲ့ကြောင်း သိရသည်။ ကေတီ သည် အဆိုပါ အခမ်း အနားကို ၁၉၅ဝ ပြည့်လွန်နှစ်များ နောက်ပိုင်းက ဂါဝန် ပုံစံမျိုးကိုဝတ်ဆင် လာခဲ့ပြီး ကြော့ရှင်းလှပ နေခဲ့ သည်။

ပျားရည်နှင့်ပျားများအကြောင်း သိကောင်းစရာ


---------------------------------------------------------
ပျားရည်နှင့်ပျားများအကြောင်း သိကောင်းစရာ
---------------------------------------------------------
၁) ပျားတွေဟာ လူတွေအတွက်အစားအစာကို ထုတ်လုပ်ပေးနိုင်တဲ့ တစ်မျိုးတည်းသော အင်းဆက်တွေဖြစ်ပါတယ်... ပျားတစ်ကောင်ဟာ သူတို့ဘဝတစ်လျှောက်မှာ လက်ဘက်ရည်ဇွန်းတစ်ဇွန်းရဲ့ ၁၂ ပုံ တစ်ပုံစာလောက်သာရှိတဲ့ ပမာဏကိုပဲ ထုတ်လုပ်နိုင်ပါတယ်....
၂) သူတို့ကိုခြိမ်းခြောက်လာတယ်လို့ခံစားရတာနဲ့ ပျားတွေဟာ ရန်သူကို တုပ်ဖို့ကြိုးစားကြပါတယ်... တုပ်ပြီးတဲ့အခါမှာလည်း ပျားတွေဟာသေဆုံးသွားရပါတယ်....
၃) ပျားရည် တစ်ပေါင်ကို ထုတ်လုပ်နိုင်ဖို့အတွက် လုပ်သားပျား ၅၅၆ ကောင်ဟာ ပန်းပွင့်ပေါင်း ၂ သန်းကျော်ကနေ ဝတ်ရည်တွေကိုစုဆောင်းရပါတယ်... ပျားတစ်ပေါင်ထုတ်လုပ်နိုင်ဖို့ ပျားတစ်ကောင်ချင်းစီဟာ အကွာအဝေး မိုင်ပေါင်း ကိုးသောင်းလောက်အထိ လှည့်လည်ပျံသန်းရပါတယ်....
၎) ပျားရည်ကို ရှေးခေတ်အခါက အီဂျစ်တွေဟာ ငွေပေးချေမှုပုံစံတစ်မျိုးအဖြစ် အသုံးပြုခဲ့ကြပါတယ်...
၅) ပျားအုံတစ်ခုမှာ ပျားဘုရင်မဟာ အကြီးဆုံးပျားဖြစ်ပြီး တစ်နေ့ကို ဥပေါင်း ၂၀၀၀ အထိ ဥနိုင်ပါတယ်....
၆) ပျားရည်ဟာ အစာကြေလွယ်ပါတယ်... ဘာကြောင့်လဲဆိုတော့ ပျားတွေက အစာချေပြီး ထုတ်လုပ်ထားတာဖြစ်လို့ပါပဲ....
၇) ပျားရည်ဟာ ကုသမှုစွမ်းရည်အကောင်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်ပါတယ်... ဒဏ်ရာတွေကို လျင်မြန်ထိရောက်စွာ ကုသပေးနိုင်ပါတယ်....
၈) ပျားရည်ဟာ ဘယ်တော့မှ ပုပ်သိုးပျက်စီးခြင်းမရှိပါဘူး... အီဂျစ်က ပိရမစ်တွေကို တူးဖော်တဲ့အခါမှာ ဘူမိဗေဒပညာရှင်တွေဟာ အဲ့ဒီခေတ်အခါက ပျားရည်တွေကို အသုံးပြုနိုင်တဲ့အခြေအနေရှိတဲ့ အကောင်းအတိုင်းတွေ့ရှိခဲ့ပါတယ်...
၉) ပျားမျိုးစိတ်ပေါင်း နှစ်သောင်းလောက်ရှိပေမဲ့ အဲ့ဒီထဲက မျိုးစိတ် လေးခုကသာ ပျားရည်ကိုထုတ်လုပ်နိုင်ကြပါတယ်....
၁၀) ပျားရည်ကို သဘာဝအားဆေးလို့လည်း ခေါ်ကြပါတယ်... ဘာကြောင့်လဲဆိုတော့ သူ့မှာ ကာဘိုဟိုက်ဒရိတ်၊ ဂလူးကို့စ်၊ ဖရုတို့စ်နဲ့ အန်တီအောက်စီဒန့်တွေ ကြွယ်ဝစွာပါဝင်လို့ပါပဲ....
------------------------------------------
Ref: General knowledge
Aye Chan Mon Re-post Date : 2013 Feb 12
News from: နှိုင်းရင့်နွေ

အေးချမ်းမွန်


၁) ပျားတွေဟာ လူတွေအတွက်အစားအစာကို ထုတ်လုပ်ပေးနိုင်တဲ့ တစ်မျိုးတည်းသော အင်းဆက်တွေဖစ်
ပါတယ်... ပျားတစ်ကောင်ဟာ သူတို့ဘဝတစ်လျှောက်မှာ လက်ဘက်ရည်ဇွန်းတစ်ဇွန်းရဲ့ ၁၂ ပုံ တစ်ပုံစာ
လာက်သာရှိတဲ့ ပမာဏကိုပဲ ထုတ်လုပ်နိုင်ပါတယ်....

စစ်တွေမြို့အောင်မင်္ဂလာမှ ဦးအောင်ဝင်းအားပြန်လည်လွှတ်ပေးပြီ

စစ်တွေမြို့အောင်မင်္ဂလာမှ ဦးအောင်ဝင်းအားပြန်လည်လွှတ်ပေး 
Tuesday, February 12, 2013 

စစ်တွေ ။ ။ ယနေ့နံနက်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံရသော စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက် တွင်နေထိုင် သော ရိုဟင်ဂျာ လူမျိုးများအတွက် အမှန်တရားကို အကြောက်တရား ကင်းမဲ့စွာ ရဲရဲဝင့် ၀င့်နှင့်နိုင်ငံ တကာ သတင်းဌာန များနှင့်နိုင်ငံခြားမှ လာရောက်သော အဖွဲ့များအားေ ပြာဆိုလေ့ ရှိသော လူ့ အ ခွင့်အရေး လှုပ်ရှားသူ ဦးအောင်ဝင်းအား ညနေ၆နာရီ ခန့်တွင်ပြန်လည် လွှတ်ပေး လိုက်ကြောင်း သတင်းရရှိ ပါသည်။

စစ်တွေမြို့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကွင်း တားနား ရောက်ရှိနေပြီး၊ ယခု ကဲ့သို့ အချိန်ပိုင်း ထိန်းသိမ်း ထားခြင်းမှာ မစ္စတာကွင်းတား နားနှင့်တွေ့ခွင့် မရရန် တမင်ပြု လုပ်ခြင်းဖြစ်သည်။

Tuesday, February 12, 2013
ယနေ့နံနက်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံရသော စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက် တွင်နေထိုင် သော ရို
ဟင်ဂျာ လူမျိုးများအတွက် အမှန်တရားကို အကြောက်တရား ကင်းမဲ့စွာ ရဲရဲဝင့် ၀င့်နှင့်နိုင်ငံ တကာ သတင်း
ဌာန များနှင့်နိုင်ငံခြားမှ လာရောက်သော အဖွဲ့များအားေ ပြာဆိုလေ့ ရှိသော လူ့ အ ခွင့်အရေး လှုပ်ရှားသူ ဦးအောင်ဝင်းအား ညနေ၆နာရီ ခန့်တွင်ပြန်လည် လွှတ်ပေး လိုက်ကြောင်း သတင်းရရှိ ပါသည်။

မြန်မာနိုင်ငံ ဆရာဝန်အသင်းရုံး တစ်ဝန်းလုံးကို အထပ် ၄၅ ထပ်အမြင့်ရှိ အဆောက်အအုံ ဆောက်လုပ်ပြီး စီးပွားဖြစ်လုပ်ကိုင်ရန် ပုဂ္ဂလိကသို့ လွှဲပြောင်းမည့်အစီအစဉ်အား ဆရာဝန်အများစုမှ လက်မခံ


Tuesday, 12 February 2013
ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်းရုံး တစ်ဝန်းလုံးအား စီးပွားဖြစ်လုပ်ကိုင်ရန်အတွက် ပုဂ္ဂလိကသို့ လွှဲပြောင်းရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်း၏ အသင်းဝင်ဆရာ ၀န်များက ပြောကြားခဲ့သည်။
ကနဦးကြား သိရသည့် သတင်းများအရ မြန်မာနိုင်ငံဆရာဝန်အသင်းရုံး နေရာအား ၄၅ ထပ်အမြင့်ရှိ အထပ်မြင့် အဆောက်အအုံတစ်လုံးနှင့် ၃၅ ထပ်အမြင့်ရှိ အထပ်မြင့် အဆောက်အအုံတစ်လုံးတို့ကို ဆောက်လုပ်ရန်အတွက် ပုဂ္ဂလိကသို့ လွှဲပြောင်းမည်ဟု သိရသည်။

လစ်ဘာတီရုပ်တုအကြောင်းသိကောင်းစရာ

------------------------------------------------------
လေဘာတီရုပ်တုအကြောင်းသိကောင်းစရာ
------------------------------------------------------
၁) လေဘာတီရုပ်တုကို အမျိုးသားအမွေအနှစ်အဖြစ် 1924 ခုနှစ်မှာ သတ်မှတ်ခဲ့ပြီး ကမ္ဘာ့အမွေအနှစ်အဖြစ် 1984 ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်...
၂) ဒီရုပ်တုကို Alsace က FREDéRIC AUGUSTE BARTHOLDILDI က ဒီဇိုင်းထုတ်ခဲ့တာဖြစ်ပြီး အမေရိကန်တော်လှန်ရေးအတွင်းမှာ ပြင်သစ်နဲ့ အမေရိကန်နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု အမှတ်တရအဖြစ် ပေးအပ်ခဲ့တာဖြစ်ပါတယ်....
၃) မြေပြင်ကနေပြီး ရုပ်တုရဲ့ မီးတောင်ထိပ်ဖျားအထိ ရုပ်တုရဲ့အမြင့်ဟာ ၃၀၅ ပေနဲ့ ၁ လက်မဖြစ်ပါတယ်... ဒီအမြင့်ဟာ ခန့်မှန်းအားဖြင့် ၂၂ ထပ်အဆောက်အဦရဲ့ အမြင့်နဲ့ညီပါတယ်...
၎) ဒီကနေ့ ရုပ်တုကကိုင်ဆောင်ထားတဲ့ မီးတိုင်ဟာ နဂိုမူလမီးတိုင်မဟုတ်ပါဘူး... မူလမီးတိုင်ကို ၁၉၈၄ ခုနှစ်မှာဖယ်ရှားခဲ့ပြီး အဲ့အချိန်ကစပြီး ခန်းမဆောင်ထဲမှာ ခင်းကျင်းပြသထားခဲ့ပါတယ်... အစားထိုးတဲ့ မီးတိုင်ကိုတော့ ၁၉၈၆ ခုနှစ်မှာတပ်ဆင်ခဲ့ပြီး မီးတိုင်ရဲ့ကြေးနဲ့လုပ်ထားတဲ့မီးတောက်ကို ရွှေသုတ်ထားတာဖြစ်ပါတယ်... ဒါကြောင့် နေ့ခင်းဘက်နေရောင်အောက်မှာ အလင်းပြန်နှုန်းကောင်းမွန်တာဖြစ်ပါတယ်.... ညဘက်မှာတော့ အခြေမှာထွန်းထားတဲ့ မီး ၁၆ လုံးက အလင်းပေးထားပါတယ်...
------------------------------------------------------
Ref: General knowledge
Aye Chan Mon Re-post Date : 2013 Feb 12
News from: နှိုင်းရင့်နွေ

အေးချမ်းမွန်


၁)လစ်ဘာတီရုပ်တုကို အမျိုးသားအမွေအနှစ်အဖြစ် 1924 ခုနှစ်မှာ သတ်မှတ်ခဲ့ပြီး ကမ္ဘာ့အမွေအနှစ်အဖြစ် 1984 ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်...
၂) ဒီရုပ်တုကို Alsace က FREDéRIC AUGUSTE BARTHOLDILDI က ဒီဇိုင်းထုတ်ခဲ့တာဖြစ်ပြီး

စာရေးဆရာကြီး ဒဂုန်တာရာရဲ့ နှုတ်ဆက်ပွဲကို ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာကျင်းပ

စာရေးဆရာကြီး ဒဂုန်တာရာရဲ့ နှုတ်ဆက်ပွဲသို့ရောက်လာစဉ်
ဓာတ်ပုံ - အေးချမ်းမြေ့ / ဧရာဝတီ
ဓာတ်ပုံ (အေးချမ်းမြေ့/ ဧရာဝတီ)
စာရေးဆရာကြီး ဒဂုန်တာရာရဲ့ နှုတ်ဆက်ပွဲကို ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ သန်လျင် ထန်းပင်ကုန်း
ရပ်ကွက် ၇ လမ်းမှာ ကျင်းပခဲ့ပါတယ်။ အခုလို ကျင်းပတာ ၁၀ နှစ်ကျော်ခဲ့ပြီဖြစ်တယ်လို့ စာရေးဆရာ ထက်မြတ်က ပြောပါတယ်။ အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ ဆရာကြီးဟာ သူရတဲ့ ဆရာဝန်တင်ရွှေ တသက်တာ စာပေဆုကို သွားမယူဘဲ နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ သူ့နှုတ်ဆက်ပွဲကို အရောက်လာခဲ့ပေမယ့် အသက်အရွယ်
အရ စကားမပြောနိုင်တော့ လောက်အောင် မောပန်းနေပါတယ်။

ကွန်ပျူတာ အညောင်းထိုင် သမားများနှင့် လည်ဆစ် ရိုးရောဂါ

ကွန်ပျူတာ အညောင်းထိုင် သမားများနှင့် လည်ဆစ် ရိုးရောဂါ

ကွန်ပျူတာ အညောင်းထိုင် သမားများနှင့် လည်ဆစ် ရိုးရောဂါ လူတို့သည် ကွန်ပျူတာရှေ့ တွင် နေ့စဉ် ရက်ဆက် အချိန်ကြာမြင့် စွာ အလုပ် လုပ်ခြင်းကြောင့် ရက်ရှည် လများကြာလာသည့် အခါတွင် ဇက်ရိုး အဆစ်၊ လည်ဆစ် ရိုး၊ ကျောရိုးဆစ် နာကျင်ကိုက်ခဲ မှုရောဂါဝေဒနာ စွဲကပ် ဖြစ်ပွားလာ တတ်သည်ဟု ဆိုသည်။ ယင်း ရောဂါဝေဒနာဖြစ်ပွား သူများမှာများသော အားဖြင့် အသက်၂၅နှစ် ဝန်းကျင်ရှိ လူ ငယ်လူရွယ်များဖြစ်ကြသည်ဟုသိရ၏။

ယင်းရောဂါကို စောစောစီးစီး အချိန်မီ ဆေးဝါး ကုသမှုမခံ ယူပါက နှစ်ကြာလာသည့် အခါတွင်မူ ရောဂါ ပိုမိုပြင်းထန်လာနိုင်သည်။ ဒါ့အပြင် သွေးလည်ပတ် မှုကောင်းမွန်ခြင်း မရှိ တော့ဘဲသွေးကြော ပိတ်၊သွေးကြော ကျဉ်း ရောဂါ ဖြစ်ပွားတတ်သည်ဟုဆိုသည်။ စင်ကာပူနိုင်ငံတွင် အဆိုပါ ရောဂါ ဖြစ်ပွားမှု များ သိသာစွာများပြားလာ ခဲ့သည်ဟု သိရ၏။ ယနေ့ စင်ကာပူ နိုင်ငံတွင် ကျောရိုးဆစ်နှင့် လည်ဆစ်ရိုး နာကျင်ကိုက်ခဲသူများ လစဉ် ဦးရေ ၃၀ဝ၀မှ ၄၀ဝ၀ ခန့်ရှိသည်ဟုဆို သည်။ သို့ဖြစ်လေရာ ကွန်ပျူတာနှင့် အလုပ်လုပ်သူများသည် အလုပ်လုပ်ပြီး ၁ နာရီကြာလာသည့်အခါတိုင်း ၁၀ မိနစ်ခန့်အနားယူ လမ်းလျှောက်ပေး ရပါသည်။ နေ့စဉ်လေ့ကျင့်ခန်း လုပ် ပေးရန် မမေ့သင့်ကြောင်း ကျန်းမာ ရေးသုတေသီများက သတိပေးနှိုး ဆော်ထားပါသည်။

ကေတီအောင်သိန်း (ရန်ကုန်တက္ကသိုလ်)
Aye Chan Mon Re-post Date : 2013 Feb 12


အေးချမ်းမွန်

ကွန်ပျူတာ အညောင်းထိုင် သမားများနှင့် လည်ဆစ် ရိုးရောဂါ လူတို့သည် ကွန်ပျူတာရှေ့ တွင် နေ့စဉ် ရက်ဆက် အချိန်ကြာမြင့် စွာ အလုပ် လုပ်ခြင်းကြောင့် ရက်ရှည် လများကြာလာသည့် အခါတွင် ဇက်ရိုး အဆစ်၊ လည်ဆစ် ရိုး၊ ကျောရိုးဆစ် နာကျင်ကိုက်ခဲ မှုရောဂါဝေဒနာ စွဲကပ် ဖြစ်ပွားလာ တတ်သည်ဟု ဆိုသည်။ ယင်း ရောဂါဝေဒနာဖြစ်ပွား သူများမှာများသော အားဖြင့် အသက်၂၅နှစ် ဝန်းကျင်ရှိ လူ ငယ်လူရွယ်များဖြစ်ကြသည်ဟုသိရ၏။

လက်နက်ကိုင်ရမှာကြောက်၍ သာသနာ့ဘောင်ဝင်ရောက်သူများလာ

လက်နက်ကိုင်ရမှာကြောက်၍ သာသနာ့ဘောင်ဝင်ရောက်သူများလာ

နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ )

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ ကျေးရွာအချို့၌ တောတွင်းရှမ်း
လက်နက်ကိုင် တပ်ဖွဲ့များမှ တပ်သား စုဆောင်းမှုများကြောင့် ဒေသခံ
အချို့မှာ သာသနာ့ဘောင်ဝင်ခြင်းနှင့် အိမ်ထောင်ပြုမှုများ စောစီးစွာပြုလုပ် လာကြသည်ဟု ဒေသခံတို့က ဆိုသည်။

“အရင်ကဆို အိမ်ထောင်စုတစ်စုမှာ ယောက်ျားလေးနှစ်ယောက်ရှိရင် တစ်ယောက်ပဲ တောင်းသွားတာ၊ အခုက ဆယ်ကျော်သက်ဆိုရင် ဘယ်နှစ်
ယောက်ဖြစ်ဖြစ်ခေါ်တယ်၊ မိန်းကလေးဆိုရင် ပညာတတ်တဲ့ မိန်းကလေး
ကို အတင်းအကျပ်ခေါ်တတ်တယ်” ဟု လားရှိုးမြို့နယ်အတွင်းရှိ ဒေသခံတစ်ဦးက ပြောသည်။

တောတွင်းရှမ်းလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ၂၀၁၂ခုနှစ်အတွင်းမှစ၍ တပ်သားစု ဆောင်ခြင်းကို ပြုလုပ် လာခြင်းကြောင့် ဒေသခံရွာသူရွာသားများမှာ အခြားမြို့များသို့ ပြောင်းရွှေ့နေထိုင်ခြင်းမျိုးလည်း ရှိသည်ဟု ၄င်းက ဆက်လက်ပြောသည်။

“အိမ်ထောင်သည်ဆိုရင် တပ်သားအဖြစ် မခေါ်ဘူး၊ ကိုရင်တို့ ဘုန်းကြီးတို့ဆိုရင် မခေါ်ဘူးလေ၊ ဒါကြောင့် လူငယ်တော်တော်များများက အိမ်ထောင်ပြုလိုက်ကြတယ်၊ အိမ်ထောင်မပြုချင်တဲ့ လူငယ်တွေက တစ်ခြား ရွာတွေမှာ ကိုရင်ဝတ်ကြတယ်၊ အခု ဘယ်ရွာမဆို လူငယ်တွေ မရှိတော့ဘူး” ဟု လားရှိုးမြို့နှင့် သီပေါမြို့ အကြားရှိ ရှမ်းရွာမှ ခေးစောဝ်ဖ က ပြောသည်။

အဆိုပါမြို့နှစ်မြို့အကြားရှိ ကျေးရွာများ၌ အစိုးရအဖွဲ့အစည်းအချို့ရှိသော်လည်း ဒေသခံများ အနေဖြင့် အခြားမြို့/ ရွာများသို့ ပြောင်းရွှေ့နေထိုင်ခြင်းမှာ ၄င်းတို့၏ဘ၀လုံခြုံမှုအတွက် အာမခံချက်ရှိသည်ဟု ပိုမိုယူဆသည့်အတွက် ယခုကဲ့သို့ ပြုလုပ်လာခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

ရွာသူရွာသားများအား တပ်သားစုဆောင်းရန်စေခိုင်းခံရခြင်းကို ဒေသခံ
ကျေးရွာအကြီး အကဲများနှင့် လိုက်နာခြင်း မရှိပါကအကြီးအကဲထံသို့
သေနတ်ကျည်ဆံအား စာအိတ်ဖြင့် ပို့ကာ သတိပေးတတ်သောကြောင့် အချို့ကျေးရွာအကြီးအကဲများမှာတပ်သားများစုဆောင်း ပေးရလေ့ရှိကြောင်း
ကိုလည်း ဒေသခံတို့က ဆိုသည်။

အဆိုပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဖက်ဆိုင်ရာအဖွဲ့အစည်းများ အား မေးမြန်းရာ၌ လက်ရှိတွင် တိုက်ပွဲများဖြစ်ပေါ်ခြင်း မရှိသကဲ့သို့ တပ်သားစုဆောင်ခြင်း မျိုးလည်း မရှိကြောင်း တာဝန်ရှိသူတစ်ဦးက ဖြေဆိုခဲ့သည်။

“တိုက်ပွဲတွေမဖြစ်တာ တော်တော်ကြာပါပြီ၊ ရှေ့တန်းသွားနေတာတွေတော့ ရှိတာပေါ့၊ နယ်မြေအနေအထားကတော့ ငြိမ်နေတယ်လို့ပြောရမှာပါပဲ၊ အဲ့လိုတပ်သားစုဆောင်းတာ တွေရှိတယ်ဆိုတာတော့ ကျွန်တော်တို့ဘက်က မကြားပါဘူး”ဟုရှမ်းပြည်နယ်မြောက်ပိုင်းရှိစစ်ဖက်ဆိုင်ရာအဖွဲ့အစည်းတစ်ခု
မှ အမည်မဖေါ်လိုသူ အကြီးတန်းအရာရှိတစ်ဦး က ပြောသည်။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ အစိုးရတပ်သားများနှင့် ရှမ်း/မြောက်ဒေသ
အတွင်းရှိ တောတွင်းလက်နက်ကိုင် တပ်များအကြားတိုက်ပွဲများ မရှိသ
လောက်ငြိမ်သက်ခဲ့သော်လည်း လက်နက်ကိုင်တပ်များမှတပ်သား
စုဆောင်းမှုကို ယနေ့တိုင်ပြုလုပ်နေဆဲရှိသည်ဟု ဒေသခံတို့က ဆိုသည်။
Aye Chan Mon Re-post Date : 2013 Feb 12
News from: Shwe Myitmakha Media Group 

အေးချမ်းမွန်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ ကျေးရွာအချို့၌ တောတွင်းရှမ်း
လက်နက်ကိုင် တပ်ဖွဲ့များမှ တပ်သား စုဆောင်းမှုများကြောင့် ဒေသခံ
အချို့မှာ သာသနာ့ဘောင်ဝင်ခြင်းနှင့် အိမ်ထောင်ပြုမှုများ စောစီးစွာပြုလုပ် လာကြသည်ဟု ဒေသခံတို့က ဆိုသည်။

မှတ်တမ်းဝင် ကမ္ဘာ့ထိပ်တန်းအချက်အလက်များ

* အကြီးဆုံးရထားလမ်းတံတား - Long Bridge Lovisiana. အမေရိကန် (၇ ကီလိုမီတာ)
* အရှည်ဆုံးငှက် - ငှက်ကုလားအုတ်
* အသေးဆုံးငှက် - Humming Bird
* အမြင့်ဆုံးအဆောက်အဦ - ယူအေအီးနိုင်ငံ၊ ဒူဘိုင်းရှိ ၈၂၉.၈ မီတာ (၂၇၂၂ ပေ) မြင့်သည့် Burj Khalifa
* အရှည်ဆုံးရေပေးတူးမြောင်း - Kalakumsky တူးမြောင်း (၁၂၀၀ ကီလိုမီတာ)
* အမြင့်ဆုံးမြို့ကြီး - Vanchuan, တရုတ်နိုင်ငံ (၅၁၀၀ မီတာ)
* လူနေထိုင်မှုစရိတ်အကြီးဆုံးမြို့
- တိုကျို

ချင်းအမျိုးသားနေ့ ရန်ကုန်တွင်ကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ-၁၂

ယခင်အစိုးရလက်ထက်အဆက်ဆက်တွင် လွတ်လပ်စွာကျင်းပခွင့် မရရှိခဲ့သည့် ချင်းအမျိုးသားနေ့ကို အရှို
ချင်းတိုင်းရင်းသားများက ဖေဖော်ဝါရီလ ၁၂ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ ဖေဖော်ဝါရီလ၂၀ ရက်
တွင် ကျရောက်မည့် ၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့အကြိုအဖြစ် ကျင်းပခဲ့ခြင်းဖြစ်ကာ လွတ်လပ်ပြီး ချိန်
မှစ၍ ချင်းဝိသေသတိုင်းမှ ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သော ဇန်န၀ါရီလ ၃ ရက်နေ့ကိုသာ ချင်းပြည်နယ်နေ့
အဖြစ် တရားဝင် သတ်မှတ်ကျင်းပခွင့်ရရှိခဲ့သည်။

ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ထမံသီ စံပြကျေးရွာအုပ်စု ယက်ဖရွာ တွင် လူ ၃၂ ဦး အစာအဆိပ်သင့် ၂ ဦးသေဆုံး

ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ထမံသီ စံပြကျေးရွာအုပ်စု ယက်ဖရွာရှိ လပြည့် နဂါးသစ်ပါးလွာ စက်ရုံ တွင် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ က ၀န်ထမ်းများအစာ အဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးသွားကြောင်း သိရသည်။

အင်တာနက် ကဖေးဆိုင် ဖွင့်ချင်သူ နည်းပါးလာပေမယ့် နိုင်ငံတကာ အဆင့်သို့ ရောက်လာဖွယ်ရှိ


အင်တာနက် ကဖေးဆိုင် ဖွင့်ချင်သူ နည်းပါးလာပေမယ့် နိုင်ငံတကာ အဆင့်သို့ ရောက်လာဖွယ်ရှိ

အင်တာနက် ကဖေးဆိုတာ မှိုလို ပေါက်ခဲ့တဲ့ခေတ်ဟာ တဖြည်းဖြည်း မှေးမှိန်လာနေသည်လို့ သတင်းများက ဆိုပါတယ်။ ဝက်ဆိုဒ်တွေကို ပိတ်ပင်ထားမှုများ မရှိတော့သည့် အတွက်ကြောင့် အင်တာနက် အသုံးပြုသူ ပိုမို များပြားလာသည်က တစ်ကြောင်း၊ အင်တာနက် မြန်နှုန်း မြင့်မားလာသည်က တစ်ကြောင်း တို့ကြောင့် အင်တာနက် ကဖေးဆိုင်များ အရင်ကထက် ပိုမို စီးပွားဖြစ်မည်ဟု ထင်ရသော်လည်း ဆိုင်များ ပိတ်ပင်သည့် နှုန်းက ပိုမို များပြားလာသည်ဟု သိရပါတယ်။

“မိုဘိုင်းလ် ဖုန်းတွေကလည်း အရင်ကထက်စာရင် ဈေး အရမ်းပေါလာတယ်။ ပြီးတော့ 3G ကော်နက်ရှင်ကလည်း ရန်ကုန်မြို့တွင်းမှာဆို အရမ်း ကောင်းမွန်နေတယ်လေ။ ဒါကြောင့် ကျွန်တော်တို့ သူငယ်ချင်းတွေ ရှိစု မဲ့စုနှင့် ပေါင်းဖွင့်ထားသည့် အင်တာနက်ဆိုင်လေးကို ရှေ့လကတင် ပိတ်လိုက်ရသည်”ဟု ရန်ကုန်မြို့တွင်းမှ အင်တာနက်ဆိုင် ပိုင်ရှင် လူငယ်တစ်ဦးမှ ဆိုပါတယ်။

မနှစ်က နှစ်လယ်လောက်ကထိ အင်တာနက်ဆိုင်များမှာ Gmail အသုံးပြုသူ၊ Chatting ထိုင်သူ၊ ဝက်ဆိုဒ် သတင်းဖတ်သူများနှင့် ပြည့်နှက်နေသော်လည်း ယခုအခါမှာတော့ ထိုသူများမှာ စမတ်ဖုန်း ကိုယ်စီနှင့် အသုံးပြုနေကြသည့်အတွက်ကြောင့် အင်တာနက်ဆိုင်များမှာ လူတွေ ခြောက်ခန်းသွားကြောင်း သိရပါတယ်။ မိုဘိုင်းလ်နှင့် သုံးရတာ အင်တာနက်ဆိုင်မှာ သုံးရတာထက် ဈေးပိုကြီးပေမယ့် အများစုမှာ အဆင်ပြေ လွယ်ကူမှုကြောင့် ၎င်းတို့၏ စမတ်ဖုန်း၊ တက်ဗလက်များတွင်သာ အသုံးပြုမှု ပိုများလာကြောင်း၊ တစ်ဖက်ကလည်း အင်တာနက်ပေါ်မှ အချက်အလက်များကို မိမိတို့ ပိုင်ဆိုင်တဲ့ နည်းပညာပစ္စည်းများပေါ်မှာ တခါတည်း သိမ်းဆည်းထားနိုင်ခြင်းတို့ကြောင့် ဖြစ်သည်ဟုလည်း ဆိုပါတယ်။

ငွေကြေး တတ်နိုင်တဲ့ အင်တာနက် ပိုင်ရှင်များ၏ အဆိုအရတော့ “ဒါ အစပဲ ရှိသေးတယ်။ နောက်ပိုင်းဆို အင်တာနက်ဆိုင်တွေမှာ အီမေးလ်၊ ချက်တင်ပဲ လာပြီး သုံးတဲ့သူ ဆိုတာ မရှိသလောက် ဖြစ်သွားမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ကတော့ မကြောက်ပါဘူး။ ဆက်လက် ဖွင့်ထားဦမှာပါ။ ဘာကြောင့်လဲဆိုတော့ တိုးတက်ပြီး နိုင်ငံများမှာလည်း ထိုနည်းလည်းကောင်းပဲ၊ အဲဒီ နည်းလမ်းကို ငွေကြေး အကုန်အကျခံပြီး ကျွန်တော်တို့ လိုက်ရုံပါပဲ”ဟု ဆိုပြန်ပါတယ်။၎င်း၏ ဆိုလိုရင်းတော့ နိုင်ငံကြီး များမှာ အင်တာနက် ကဖေးဆိုင်များဟာ ဂိမ်းကစား သူများနှင့် ပြည့်နှက်နေကြလို့ပဲ ဖြစ်ကြောင်း သိရပါတယ်။ အဆင့်မြင့်မြင့် ဂိမ်းကစားဖို့ရာ တန်ဖိုးကြီး ကွန်ပျူတာ ပိုင်ဆိုင်နိုင်ဖို့ လိုအပ်ပါတယ်။ ဂရပ်ဖစ်ကတ် မြင့်မြင့်၊ ပရိုဆက်စာ မြင့်မြင့်နဲ့ ကွန်ပျူတာ ဆင်နိုင်ဖို့အတွက် ကျပ်ငွေ ၈ သိန်းအထက် လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါမှသာ ယနေ့လို ဂရပ်ဖစ် အပျံစားနှင့် ထွက်ရှိလာတဲ့ ဂိမ်းများကို ချောမွေ့ မြန်ဆန်စွာ ကစားနိုင်မှာ ဖြစ်ပါတယ်။ ထို့အပြင် ဒီဘက်ခေတ် ဂိမ်းများဟာ ကမ္ဘာတစ်ဝှမ်းမှ ဂိမ်းဝါသနာအိုးများနှင့် အင်တာနက်ကော်နက်ရှင်ပေါ်မှ တစ်ဆင့် ယှဉ်ပြိုင် ကစားလို့ ရခြင်းလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ထို့ကြောင့် အင်တာနက်ကဖေးဆိုင်များ နည်းပါးလာပေမယ့် ငွေကြေး တတ်နိုင်သူများကတော့ အရင်းအနှီး ပိုစိုက်ထုတ်ပြီး ကွန်ပျူတာ အကောင်းစားများနှင့် နိုင်ငံတကာ အဆင့်မီစေရန် အင်တာနက်ကော်နက်ရှင် လိုင်းပေါင်းများစွာ ချိတ်ဆက်ပြီး ခေတ်သစ် အင်တာနက် ကဖေးဆိုင်သို့ ချီတက်နေကြကြောင်း သတင်းပါးလိုက်ရပါတယ်။

Myanmar ICT
Aye Chan Mon Re-post Date : 2013 Feb 12
News from: မြ၀တီ

အေးချမ်းမွန်

အင်တာနက် ကဖေးဆိုတာ မှိုလို ပေါက်ခဲ့တဲ့ခေတ်ဟာ တဖြည်းဖြည်း မှေးမှိန်လာနေသည်လို့ သတင်းများက ဆိုပါတယ်။ ဝက်ဆိုဒ်တွေကို ပိတ်ပင်ထားမှုများ မရှိတော့သည့် အတွက်ကြောင့် အင်တာနက် အသုံးပြုသူ ပိုမို များပြားလာသည်က တစ်ကြောင်း၊ အင်တာနက် မြန်နှုန်း မြင့်မားလာသည်က တစ်ကြောင်း တို့ကြောင့် အင်တာနက် ကဖေးဆိုင်များ အရင်ကထက် ပိုမို စီးပွားဖြစ်မည်ဟု ထင်ရသော်လည်း ဆိုင်များ ပိတ်ပင်သည့် နှုန်းက ပိုမို များပြားလာသည်ဟု သိရပါတယ်။

“မိုဘိုင်းလ် ဖုန်းတွေကလည်း အရင်ကထက်စာရင် ဈေး အရမ်းပေါလာတယ်။ ပြီးတော့ 3G ကော်နက်ရှင်ကလည်း ရန်ကုန်မြို့တွင်းမှာဆို အရမ်း ကောင်းမွန်နေတယ်လေ။ ဒါကြောင့် ကျွန်တော်တို့ သူငယ်ချင်းတွေ ရှိစု မဲ့စုနှင့် ပေါင်းဖွင့်ထားသည့် အင်တာနက်ဆိုင်လေးကို ရှေ့လကတင် ပိတ်လိုက်ရသည်”ဟု ရန်ကုန်မြို့တွင်းမှ အင်တာနက်ဆိုင် ပိုင်ရှင် လူငယ်တစ်ဦးမှ ဆိုပါတယ်။

မနှစ်က နှစ်လယ်လောက်ကထိ အင်တာနက်ဆိုင်များမှာ Gmail အသုံးပြုသူ၊ Chatting ထိုင်သူ၊ ဝက်ဆိုဒ် သတင်းဖတ်သူများနှင့် ပြည့်နှက်နေသော်လည်း ယခုအခါမှာတော့ ထိုသူများမှာ စမတ်ဖုန်း ကိုယ်စီနှင့် အသုံးပြုနေကြသည့်အတွက်ကြောင့် အင်တာနက်ဆိုင်များမှာ လူတွေ ခြောက်ခန်းသွားကြောင်း သိရပါတယ်။ 
 
မိုဘိုင်းလ်နှင့် သုံးရတာ အင်တာနက်ဆိုင်မှာ သုံးရတာထက် ဈေးပိုကြီးပေမယ့် အများစုမှာ အဆင်ပြေ လွယ်ကူမှုကြောင့် ၎င်းတို့၏ စမတ်ဖုန်း၊ တက်ဗလက်များတွင်သာ အသုံးပြုမှု ပိုများလာကြောင်း၊ တစ်ဖက်ကလည်း အင်တာနက်ပေါ်မှ အချက်အလက်များကို မိမိတို့ ပိုင်ဆိုင်တဲ့ နည်းပညာပစ္စည်းများပေါ်မှာ တခါတည်း သိမ်းဆည်းထားနိုင်ခြင်းတို့ကြောင့် ဖြစ်သည်ဟုလည်း ဆိုပါတယ်။

ငွေကြေး တတ်နိုင်တဲ့ အင်တာနက် ပိုင်ရှင်များ၏ အဆိုအရတော့ “ဒါ အစပဲ ရှိသေးတယ်။ နောက်ပိုင်းဆို အင်တာနက်ဆိုင်တွေမှာ အီမေးလ်၊ ချက်တင်ပဲ လာပြီး သုံးတဲ့သူ ဆိုတာ မရှိသလောက် ဖြစ်သွားမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ကတော့ မကြောက်ပါဘူး။ ဆက်လက် ဖွင့်ထားဦမှာပါ။ ဘာကြောင့်လဲဆိုတော့ တိုးတက်ပြီး နိုင်ငံများမှာလည်း ထိုနည်းလည်းကောင်းပဲ၊ အဲဒီ နည်းလမ်းကို ငွေကြေး အကုန်အကျခံပြီး ကျွန်တော်တို့ လိုက်ရုံပါပဲ”ဟု ဆိုပြန်ပါတယ်။
 
၎င်း၏ ဆိ