Pages

Tuesday, February 12, 2013

၁၉၈ဝ ပြည့်လွန်နှစ် နောက်ပိုင်းက ဂါဝန်ပုံစံကို ဝတ်ဆင်ခဲ့သော ကေတီပယ်ရီ

၁၉၈ဝ ပြည့်လွန်နှစ် နောက်ပိုင်းက ဂါဝန်ပုံစံကို ဝတ်ဆင်ခဲ့သော ကေတီပယ်ရီ

လော့စ်အိန်ဂျလိစ် ဖေဖော်ဝါရီ ၁ဝ

ဖေဖော်ဝါရီ ၈ ရက်က လော့စ်အိန်ဂျလိစ် မြို့တွင် ကျင်းပသော ဂရမ်မီ ဆုပေးပွဲ အကြိုပါတီသို့ ကမ္ဘာကျော် အဆိုတော်နှင့် သရုပ်ဆောင် ကေတီပယ်ရီ တက်ရောက်ခဲ့ကြောင်း သိရသည်။ ကေတီ သည် အဆိုပါ အခမ်း အနားကို ၁၉၅ဝ ပြည့်လွန်နှစ်များ နောက်ပိုင်းက ဂါဝန် ပုံစံမျိုးကို

ဝတ်ဆင် လာခဲ့ပြီး ကြော့ရှင်းလှပ နေခဲ့ သည်။ Hot or Cold တေးသီချင်းဖြင့် လူကြိုက် အများဆုံး တေးသီချင်း စာရင်းတွင် နံပါတ်တစ် နေရာ၌ ရပ်တည် နေခဲ့သူ ကေတီ ဝတ်ဆင်လာသော ဂါဝန် လက်ပြတ်သည် နောက်ကျောဟိုက် ပုံစံဖြစ်ပြီး ဇစ်ကို တစ်ဝက်သာ ဆွဲထားသော စတိုင်ဖြစ်သည်။ ထို့ပြင် ကေ တီသည် ဟောလီးဝုဒ် မင်းသမီးများတွင် တွေ့ရခဲ သော သူမ၏ အမည်းရောင် ဆံပင်ကို လှိုင်းအနည်းငယ် ပြုလုပ်၍ ချထားသည့် ပုံစံကို ယူခဲ့သည်။ ကေတီ သည် သူမ ဝတ်ဆင်လာသော ဂါဝန်နှင့် လိုက်ဖက်သည့် hristian Loboutin တံဆိပ် ဒေါက်မြင့် ဖိနပ်ကို ဝတ်ဆင်ခဲ့ရာ သွယ် လျ ကြော့ရှင်းသော ခန္ဓာကိုယ် အလှကို ပိုမိုပေါ်လွင် စေခဲ့သည်။ ကေတီ၏ ကြော့ရှင်း လှပသော ဝတ်စား ဆင်ယင်မှုသည် ပွဲတက် ရောက်လာသူများစွာ အနက် ပိုမို ပေါ်လွင်စေကြောင်း ပရိ သတ်များက မှတ်ချက်ပြု ပြောကြား ခဲ့သည်ဟု သိရသည်။

http://bit.ly/YU6M8B
Aye Chan Mon Re-post Date : 2013 Feb 12
News from: မြ၀တီ

အေးချမ်းမွန်

လော့စ်အိန်ဂျလိစ် ဖေဖော်ဝါရီ ၁ဝ
ဖေဖော်ဝါရီ ၈ ရက်က လော့စ်အိန်ဂျလိစ် မြို့တွင် ကျင်းပသော ဂရမ်မီ ဆုပေးပွဲ အကြိုပါတီသို့ ကမ္ဘာကျော် အဆိုတော်နှင့် သရုပ်ဆောင် ကေတီပယ်ရီ တက်ရောက်ခဲ့ကြောင်း သိရသည်။ ကေတီ သည် အဆိုပါ အခမ်း အနားကို ၁၉၅ဝ ပြည့်လွန်နှစ်များ နောက်ပိုင်းက ဂါဝန် ပုံစံမျိုးကိုဝတ်ဆင် လာခဲ့ပြီး ကြော့ရှင်းလှပ နေခဲ့ သည်။ Hot or Cold တေးသီချင်းဖြင့် လူကြိုက် အများဆုံး တေးသီချင်း စာရင်းတွင် နံပါတ်တစ် နေရာ၌ ရပ်တည် နေခဲ့သူ ကေတီ ဝတ်ဆင်လာသော ဂါဝန် လက်ပြတ်သည် နောက်ကျောဟိုက် ပုံစံဖြစ်ပြီး ဇစ်ကို တစ်ဝက်သာ ဆွဲထားသော စတိုင်ဖြစ်သည်။ 
 
ထို့ပြင် ကေ တီသည် ဟောလီးဝုဒ် မင်းသမီးများတွင် တွေ့ရခဲ သော သူမ၏ အမည်းရောင် ဆံပင်ကို လှိုင်းအနည်းငယ် ပြုလုပ်၍ ချထားသည့် ပုံစံကို ယူခဲ့သည်။ ကေတီ သည် သူမ ဝတ်ဆင်လာသော ဂါဝန်နှင့် လိုက်ဖက်သည့် hristian Loboutin တံဆိပ် ဒေါက်မြင့် ဖိနပ်ကို ဝတ်ဆင်ခဲ့ရာ သွယ် လျ ကြော့ရှင်းသော ခန္ဓာကိုယ် အလှကို ပိုမိုပေါ်လွင် စေခဲ့သည်။
 
 ကေတီ၏ ကြော့ရှင်း လှပသော ဝတ်စား ဆင်ယင်မှုသည် ပွဲတက် ရောက်လာသူများစွာ အနက် ပိုမို ပေါ်လွင်စေကြောင်း ပရိ သတ်များက မှတ်ချက်ပြု ပြောကြား ခဲ့သည်ဟု သိရသည်။

  မြ၀တီ

0 comments:

Post a Comment