Pages

Tuesday, February 12, 2013

ချက်ကြိုးသွေး ကုထုံးနည်း ပေါ်ထွက်လာပြီ

ချက်ကြိုးသွေးကုထုံး

အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့က ချက်ကြိုးသွေးမှ ထုတ်ယူသောပစ္စည်း 'HEMACORD' ကို အတည်ပြု ပေးလိုက်ခဲ့ပြီဖြစ်သည်။ ချက်ကြိုးသွေး ကုထုံးနည်း သစ်တစ်ရပ် ပေါ်ထွက်လာခြင်း ဖြစ်သည်။ 

သွေးကလာပ်စည်းများကို ရိုးတွင်းချဉ်ဆီမှ တည်ဆောက် ထုတ်လုပ်ပေးသည်။ အရွယ်မရောက်သေးမီ ကာလ၌ ခန္ဓာကိုယ် အရိုးအားလုံး၏ ရိုးတွင်းချဉ်ဆီမှ သွေးကလာပ်စည်းများ ထုတ်လုပ်ပေးနိုင်သည်။ အရွယ်ရောက်ပြီးချိန်တွင် အရိုးပြားများ (ဥပမာ-နံရိုး၊ တင်ဆုံရိုး၊ ရင်ညွန့်ရိုး၊ လက်ပြင်ရိုး)မှသာ သွေးကလာပ် စည်းများကို ထုတ်လုပ်ပေးတော့သည်။ 

ရိုးတွင်းချဉ်ဆီတွင် သွေးကလာပ်စည်းများကို ထုတ်လုပ်ပေးမည့် ပင်မက လာပ်စည်းများ Haemopoietic Stem cells ရှိကြသည်။ ချက်ကြိုးသွေးမှ ထုတ်ယူသော ပစ္စည်းဖြင့် ရိုးတွင်းချဉ်ဆီ၏ သွေးကလာပ်စည်းများ ထုတ်လုပ် ပေးမည့် ကလာပ်စည်းများကို အစားထိုး ကုသနိုင်မည် ဖြစ်သည်။ 

သွေးကင်ဆာရောဂါ၊ မွေးရာပါ ဇီဝဓာတုဖြစ်စဉ်နှင့် ဆက်နွှယ်သော ရောဂါ များနှင့် ခုခံစွမ်းအား ယိုယွင်းမှုတို့ကို ချက်ကြိုးသွေး အစားထိုး ကုထုံးဖြင့် ကုသပေးနိုင်မည် ဖြစ်သည်။ 

ဤကုထုံးကြောင့် လူများစွာ၏ အသက်ကို ကယ်တင်ပေးနိုင်မည်ဟု အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ ညွှန်ကြားရေးမှူး Karen Midthum က ပြောကြားခဲ့သည်။ 'Hemacord' သည် လူနာအတွင်း ရောက်ရှိ သွားသောအခါ ရိုးတွင်းချဉ်ဆီသို့ ရွေ့လျားဝင်ရောက်ပြီး ကလာပ်စည်းများ ပွားများကာ ကြီးထွား ဖွံ့ဖြိုးလာကြမည် ဖြစ်သည်။ သွေး၌ လိုအပ်သော သွေးကလာပ်စည်းများကို ဖြည့်တင်းပေးပြီး ခုခံစွမ်းအားကိုလည်း ကောင်းမွန် စေမည် ဖြစ်သည်။

Ref; gen-news-highlights

အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့က ချက်ကြိုးသွေးမှ ထုတ်ယူသောပစ္စည်း 'HEMACORD' ကို အတည်ပြု ပေးလိုက်ခဲ့ပြီဖြစ်သည်။ ချက်ကြိုးသွေး ကုထုံးနည်း သစ်တစ်ရပ် ပေါ်ထွက်လာခြင်း ဖြစ်သည်။
သွေးကလာပ်စည်းများကို ရိုးတွင်းချဉ်ဆီမှ တည်ဆောက် ထုတ်လုပ်ပေးသည်။ အရွယ်မရောက်သေးမီ ကာလ၌ ခန္ဓာကိုယ် အရိုးအားလုံး၏ ရိုးတွင်းချဉ်ဆီမှ သွေးကလာပ်စည်းများ ထုတ်လုပ်ပေးနိုင်သည်။ အရွယ်ရောက်ပြီးချိန်တွင် အရိုးပြားများ (ဥပမာ-နံရိုး၊ တင်ဆုံရိုး၊ ရင်ညွန့်ရိုး၊ လက်ပြင်ရိုး)မှသာ သွေးကလာပ် စည်းများကို ထုတ်လုပ်ပေးတော့သည်။

ရိုးတွင်းချဉ်ဆီတွင် သွေးကလာပ်စည်းများကို ထုတ်လုပ်ပေးမည့် ပင်မက လာပ်စည်းများ Haemopoietic Stem cells ရှိကြသည်။ ချက်ကြိုးသွေးမှ ထုတ်ယူသော ပစ္စည်းဖြင့် ရိုးတွင်းချဉ်ဆီ၏ သွေးကလာပ်စည်းများ ထုတ်လုပ် ပေးမည့် ကလာပ်စည်းများကို အစားထိုး ကုသနိုင်မည် ဖြစ်သည်။

သွေးကင်ဆာရောဂါ၊ မွေးရာပါ ဇီဝဓာတုဖြစ်စဉ်နှင့် ဆက်နွှယ်သော ရောဂါ များနှင့် ခုခံစွမ်းအား ယိုယွင်းမှုတို့ကို ချက်ကြိုးသွေး အစားထိုး ကုထုံးဖြင့် ကုသပေးနိုင်မည် ဖြစ်သည်။

ဤကုထုံးကြောင့် လူများစွာ၏ အသက်ကို ကယ်တင်ပေးနိုင်မည်ဟု အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ ညွှန်ကြားရေးမှူး Karen Midthum က ပြောကြားခဲ့သည်။ 'Hemacord' သည် လူနာအတွင်း ရောက်ရှိ သွားသောအခါ ရိုးတွင်းချဉ်ဆီသို့ ရွေ့လျားဝင်ရောက်ပြီး ကလာပ်စည်းများ ပွားများကာ ကြီးထွား ဖွံ့ဖြိုးလာကြမည် ဖြစ်သည်။

သွး၌ လိုအပ်သော သွေးကလာပ်စည်းများကို ဖြည့်တင်းပေးပြီး ခုခံစွမ်းအားကိုလည်း ကောင်းမွန် စေမည် ဖြစ်သည်။

Ref; gen-news-highlights

0 comments:

Post a Comment