Pages

Tuesday, February 12, 2013

ယနေ့ ပြည်ထောင်စုနေ့မှာ ရိုဟင်ဂျာတိုင်းရင်းသား ဦးအောင်ဝင်း အဖမ်းခံရ

ပြည်ထောင်စုနေ့မှာ ရိုဟင်ဂျာတိုင်းရင်းသား ဦးအောင်ဝင်း အဖမ်းခံရ
======================================

စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်တဲ့ ရိုဟင်ဂျာလူမျိုး အငြိမ်းစား ကျောင်းဆရာ အန်ကယ် ဦအောင်ဝင်းအား ယနေ့ ပြည်ထောင်စုနေ့ နံနက် (၁၀)နာရီခန့်က တပ်ရင်းအမှတ် (၁၂) တာဝန်ကျ ၀န်ထမ်းများမှ လာရောက်ခေါ်ဆောင်သွားခဲ့ပါတယ်။

မည်သည့်အကြောင်းပြချက်ဖြင့် ခေါ်ဆောင်သွားသည်ကို မသိရသေးဘဲ သက်ဆိုင်ရာအား ဆက်သွယ်မေးမြန်းရာ အထက်မှ အမိန့်ရရခြင်း ပြန်လွှတ်ပေးမည်ဟု ပြောကြားကြောင်း ဦးအောင်ဝင်းရဲ့ မိသားစုနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရပါတယ်။

အန်ကယ် ဦးအောင်ဝင်းအား ဖမ်းဆီးသွားခြင်းနဲ့ပတ်သက်၍ စစ်တွေမြို့နယ် ရဲစခန်းသို့ ဆက်သွယ်ရာ စခန်းမှူးနှင့် မြို့နယ်မှူးများ မစ္စတာကင်တားနားရောက်ရှိရာ လုံခြုံရေးလမ်းကြောင်းသို့ လိုက်ပါနေရ၍ မရှိကြောင်းနှင့် မေးမြန်းချက်အား ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပါ။

လေ့လာသူတချို့ကတော့ ဦးအောင်ဝင်းဟာ ရိုဟင်ဂျာလူမျိုးများရဲ့ကိုယ်စား နိုင်ငံတကာ မီဒီယာတွေမှတဆင့် အမှန်တရားတွေအား အစိုးရနှင့်အံတု၍ ထုတ်ဖော်ပြောကြားနိုင်သူဖြစ်၍ မစ္စတာကင်တားနား လာရောက်စဉ် အခြေအနေမှန်များအား တွေ့ဆုံ ပြောဆိုနိုင်ခြင်းမရှိအောင် အချိန်ကိုက် ဖမ်းဆီးထားလိုက်ခြင်းသာ ဖြစ်ပါကြောင်း သုံးသပ် ပြောဆိုကြပါတယ်။

ယင်းကဲ့သို့သော လုပ်ရပ်ဖြစ်စဉ်များသည် ယခင် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သော ဒုတိယဗိုလ်ချုပ်ကြီး ဦးသိန်းစိန် (ယခု သမ္မတ ဦးသိန်းစိန်) ပါဝင်သည့် စစ်အစိုးရလက်ထက်ကလည်း မကြာခဏ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

အန်ကယ် ဦးအောင်ဝင်းဟာ အသက် (၆၀)နီးပါးရှိနေပြီး လတ်တလောတွင် အောင်မင်္ဂလာရပ်ကွက်မှ အခြားရပ်ကွက်တစ်ခုသို့ ပြောင်းရွှေ့ပြီး မူလတန်းစာသင်ကျောင်းငယ်တစ်ခုတွင် ပညာသင်ကြားပေးနေသူ ဖြစ်ပါတယ်။

News Credit to - Kay Te Zat O

  Kay Te Zat O

0 comments:

Post a Comment