Pages

Tuesday, February 12, 2013

မြောက်ကိုရီးယားနိုင်ငံက တတိယအကြိမ်မြောက် နယူးကလီးယားစမ်းသပ်

Tuesday, February 12, 2013
မြောက်ကိုရီးယားနိုင်ငံက တတိယအကြိမ်မြောက် နယူးကလီးယားစမ်းသပ် ဖောက်ခွဲမှုကို သည်နေ့ ဖေဖော်ဝါရီ ၁၂ မှာ အောင်မြင်စွာ ပြုလုပ်ခဲ့တယ်လို့  မြောက်ကိုရီးယား အစိုးရရဲ့ မီဒီယာကနေ တရားဝင် ထုတ်ဖော်ပြောဆိုလိုက် ပါတယ်။မြေအောက် နယူးကလီးယား စမ်းသပ်ဖောက်ခွဲမှုကြောင့် မြောက်ကိုရီးယားနိုင်ငံမှာ ပြင်းအား ရတ်ချပ် တာစကေး ၄.၉ ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန်နိုင်ငံ ငလျင် လေ့လာတိုင်းတာ ရေး ဌာနကလည်း သတင်း ထုတ်ပြန် လိုက်ပါတယ်။ အခု လှုပ်ခဲ့တဲ့ ငလျင်ဟာ ပုံမှန် မဟုတ်ဘဲ မြောက်ကိုရီးယားရဲ့ တတိယ အကြိမ်မြောက် နျကလီးယားဗုံး စမ်းသပ် ဖောက်ခွဲမှုကြောင့် ဖြစ်နိုင်တယ်ဆိုပြီး တောင်ကိုရီးယားနိုင်ငံ ယွန်ဟတ် သတင်းဌာနက ကြေညာသွားပါတယ်။

အခု ငလျင် လှုပ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ နေရာဟာ မြောက်ကိုရီးယားက အရင်က မြေအောက် နျကလီးယားဗုံး ၂ကြိမ် စမ်းသပ်ခဲ့တဲ့ နေရာအနီးမှာ ဖြစ်ပေါ်ခဲ့တာလို့ အမေရိကန် ငလျင်လေ့လာတိုင်းတာရေး ဌာနက ပြောပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့လထဲမှာ တာဝေးပစ်ဒုံးပျံ ပစ်လွှတ်ခဲ့ပြီးနောက်ပိုင်းမှာ နျုကလီးယား ဖောက်ခွဲ စမ်းသပ်မှုတခု ပြုလုပ်မှာဖြစ်ကြောင်း ကြေညာခဲ့တာပါ။ မြောက်ကိုရီးယားက တတိယအကြိမ် နျူကလီယား စမ်းသပ် မှုတွေ ထပ်လုပ်လာရင် အ ရေးယူ ပိတ်ဆို့မှုတွေ လုပ်ဖို့အရေးကို ထောက်ခံဖို့အတွက် နိုင်ငံတကာက တရုတ် နိုင်ငံကို ပြီးခဲ့တဲ့လထဲမှာပဲ ဖိအားပေး တောင်းဆို ထားပါတယ်။

DVB TV News

0 comments:

Post a Comment