Pages

Thursday, June 20, 2013

နယူးရောက်တွင် ဆိုလာပါဝါ ဖုန်းအားသွင်းစတေရှင်များ စတင်အသုံးပြု

Photo: နယူးရောက်တွင် ဆိုလာပါဝါ ဖုန်းအားသွင်းစတေရှင်များ စတင်အသုံးပြု
Thursday, June 20, 2013

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မှာ နေရောင်ခြည်စွမ်းအင်သုံး စမတ်ဖုန်း အားသွင်း စတေရှင်များကို စတင်အသုံးပြုပြီ ဖြစ်ကြောင်း သိရပါတယ်။

ကမ္ဘာမှာ တကယ် ပထမဆုံးပါ။ AT&T ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ပြီး အခမဲ့ အသုံးပြုခွင့် ပေးထားတဲ့ အခြေအနေဖြစ်ပါတယ်။ Wi-Fi မှာ ပေးတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှ ဒီအတွက် Charge ကောက်မှာပါ။ စမ်းသပ်စတင်မှု ဖြစ်ပြီး ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ကြိတ်ကြိတ်တိုးနေပါတယ်။

iPhone မော်ဒယ်စုံ၊ Android စမတ်ဖုန်း မော်ဒယ်စုံ အားလုံးအတွက် အားသွင်း လို့ရမယ့် USB ပေါက်များ ဖန်တီးပေးထားပါတယ်။ တိုင် တစ်တိုင် ကို ဖုန်း လေးလုံး အားသွင်းလို့ ရတယ်လို့ ဆိုပါတယ်။ နောက်ဆိုရင် နယူးယောက် မှာတင်မက အမေရိကန် ပြည်ထောင်စု တစ်ဝန်းလုံးက မြို့ အသီးသီး၊ လမ်းမ အသီးသီးမှာ နေရောင်ခြည်စွမ်းအင်သုံး အားသွင်း စတေရှင်များ တပ်ဆင်ဝန်ဆောင်မှု ပေးသွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
-
Ref: techblog

Aung Kham (TSJ team)

Thursday, June 20, 2013

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မှာ နေရောင်ခြည်စွမ်းအင်သုံး စမတ်ဖုန်း အားသွင်း စတေရှင်
များကို စတင်အသုံးပြုပြီ ဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘာမှာ တကယ် ပထမဆုံးပါ။ AT&T ကုမ္ပဏီမှ တာဝန်
ယူ တည်ဆောက်ပြီး အခမဲ့ အသုံးပြုခွင့် ပေးထားတဲ့ အခြေအနေဖြစ်ပါတယ်။

အကြိမ် (၅၀)မြောက် ကျောက်မျက် ရတနာ ရောင်းချပွဲ ၌ ၃၂ ကာရက်ရှိ ကျောက်စိမ်းဆွဲသီး ပျောက်ဆုံး

Thursday, June 20, 2013

နိုင်ငံတော် ဒုတိယသမ္မတ ဖွင့်လှစ်ခဲ့သည့်အကြိမ် (၅၀)မြောက် ကျောက်မျက် ရတနာ ရောင်းချပွဲ စတင်ချိန်

၌ ၃၂ ကာရက်ရှိ ကျောက်စိမ်းဆွဲသီးပျောက်ဆုံးမှုကို ဇွန်လ ၁၉ ရက်နေ့က အမှုဖွင့်ခဲ့ကြောင်း ကျောက်မျက်
လုံခြုံရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

အမျိုးသမီး ပရိသတ်တွေကြား ရေပန်းစား နေတဲ့ အိုင်ရင်းဇင်မာမြင့်ရဲ့သီချင်း

Photo: အမျိုးသမီး ပရိသတ်တွေကြား ရေပန်းစား နေတဲ့ အိုင်ရင်းဇင်မာမြင့်ရဲ့သီချင်း 
Thursday, June 20, 2013

အမျိုးသမီး ပရိသတ်တွေကြား ရေပန်းစား နေတဲ့ အိုင်ရင်းဇင်မာမြင့်ရဲ့သီချင်းမယ်လိုဒီဝေါလ် သီချင်းဆိုပြိုင်ပွဲမှာ ကတည်းက ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ တေးသံရှင် အိုင်ရင်းဇင်မာမြင့်က မြင့်မြတ်၊ ကောင်းကောင်း တို့နဲ့ စုပေါင်းထွက်ရှိ ထားတဲ့ စီးရီး အတွဲခွေ ထဲက “နှလုံးသား အရင်းအနှီး” သီချင်းဟာ အမျိုးသမီး ပရိသတ်တွေ ကြားထဲမှာ ရေပန်းစား နေပါတယ်။

ဒီသီချင်းနဲ့ ပတ်သက်ပြီး အိုင်ရင်းဇင်မာမြင့်က “နှလုံးသား အရင်းအနှီး” သီချင်းကို ကိုဖိုးတု ရေးပေးတာ အိုင်ရင်းက အဲဒီ သီချင်းလေး ကောင်းတယ်။ အိုင်ရင်း ဆိုရင်ကောင်းမလား မသိဘူးလို့။ ဒီတော့ အဲဒီသီချင်းကို အကြမ်းဆိုဖို့ ပေးတော့ အကုန်လုံးက ကောင်းတယ်။ အိုင်ရင်း အသံနဲ့ လိုက်ဖက်မှု ရှိတယ်ဆိုလို့ အဲဒီသီချင်းကို ဆိုဖြစ် သွားတာ။

အဲဒီလောက်ထိ အောင်မြင်မယ်လို့ လုံးဝမထင် ထားခဲ့ဘူး။ ရွေးချယ်မှုလည်း မှန်ခဲ့တာ ပေါ့နော်။ အဲဒီသီချင်းက အမှတ်တမဲ့ ကနေ ဘဝမှတ်တိုင် တစ်ခုထိ ဖြစ်စေခဲ့ပါတယ်။ နယ်တွေ သွားရင် အိုင်ရင်းဇင်မာမြင့် ဆိုတာနဲ့ “နှလုံးသား အရင်းအနှီး” သီချင်းကို အလုအ ယက်တောင်း ဆိုကြတယ်” လို့ ပြောပါတယ်။ အိုင်ရင်းဇင်မာမြင့်က “ယိမ်းလိုက်” ဆိုတဲ့ တစ်ကိုယ်တော် စီးရီးကိုထွက်ရှိထားသူဖြစ်ပြီး “ယိမ်းလိုက်” အခွေမှာ အားစိုက် ထားပုံကို ” အိုင်ရင်း စိတ်ကြိုက်လုပ် ထားတာ။ အကောင်းဆုံး ဖြစ်အောင် လုပ်ထားတာ။

ဒီအခွေကို ပရိသတ် လက်ခံအားပေး တယ်လို့ ကြားရတော့ ကြိုးစားရ ကျိုးနပ်ပါတယ်။ အမှန်တော့ ပရိသတ်က အိုင်ရင်းကို အသိအမှတ်ပြု စေချင်ရုံ သက်သက်ပါ။ ပထမဆုံး တစ်ကိုယ်တော် ခွေမှာ ပေါက်မြောက် အောင်မြင်ဖို့ ဆိုတာ နည်းတဲ့ အကြောင်းတရား မဟုတ်ဘူးလေ။ တော်တော် ခက်ခဲပါတယ်။ အိုင်ရင်းကံကောင်း တယ်လို့ ပြောရမယ်။

မန္တလေးမြို့မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တွေကအစ တစ်မြို့လုံးလိုလိုမှာ ဖွင့်နားထောင်ကြတယ်ဆိုတဲ့ အသံကြား တော့အတိုင်း ထက်မသိဝမ်းသာ ရတယ်။ အိုင်ရင်းကအခု ဒုတိယ အခွေအတွက်ပြင်ဆင်နေတယ်။ ပထမအခွေ “ယိမ်းလိုက်” အောင်မြင်သလို ဒုတိယအခွေကိုလည်း ဒီ့ထက်အောင်မြင်စေချင်တယ်။ သီချင်းတွေထပ်ပြီး အိုင်မသွားချင်ဘူး။ တချို့ပထမခွေမှာအောင်မြင်သလောက် ဒုတိယခွေမှာ ငုပ်သွားတာ တွေရှိတယ်။ အဲဒါကိုတော့အိုင်ရင်းကြောက်တာ အမှန်ပဲ။ လာမယ့် ၂ဝ၁၄ လောက်မှာ ထွက်နိုင်အောင် ကြိုးစားမယ်။

အခုက အတွဲခွေအနေနဲ့ အိုင်ရင်းရယ်၊ ဇမ်နူးရယ်၊ ချမ်းချမ်းရယ် သုံးယောက်ပေါင်း အတွဲခွေအတွက် လည်း ပြင်ဆင်နေတယ်။ ဒီ့ပြင် Group ခွေအနေနဲ့ အမျိုးသမီးများနေ့အတွက် ရည်ရွယ်တဲ့အခွေထဲမှာလည်း ပါဝင်သီဆိုထားတယ်”လို့ပြောတဲ့ အိုင်ရင်းဇင် မာမြင့် က ရော့ခ်ဂီတဘက်ကို ကြိုက်တာပိုအား သန်လာတယ်လို့လည်းဆိုပါတယ်။ Pop, R & B ကိုလည်း ကြိုက်တယ်။

ရော့ခ်ဂီတဘက်ကို ပိုအားသန်လာတာက အခုမှမဟုတ်ပါဘူး။ကြာပါပြီ။ အခုလိုမျိုး IC နဲ့တွဲ ပြီး ဆိုရတဲ့အခါ ပိုပြီးစိတ်ဝင်စား လာတယ်။ အတွေ့အကြုံပိုရလာတယ်။ IC အဖွဲ့သားတွေ ကလည်း သင်ပြပေး ပါတယ်။ ဝမ်းသာ အားရကြိုဆို ကြတယ်။ ဒီအတွက်ပိုလို့ အားရှိလာခဲ့ တယ်။

ပရိသတ် လက်ခံ အားပေးတဲ့ အဆိုတော် တစ်ယောက်ဖြစ် အောင်ဥာဏ်စွမ်း ရှိသလောက် ကြိုးစား သွားမယ်။ ပရိသတ်တွေလည်း အိုင်ရင်းရဲ့ နောက်ထွက် လာမယ့်အခွေတွေ ကို စောင့် ပြီးအားပေးပါဦး။ ပရိသတ်ရဲ့အသံကို အမြဲနားစွင့်နေပါတယ်” လို့ယိမ်းလိုက်အခွေပိုင်ရှင် အိုင်ရင်းဇင်မာမြင့် က ပြောပါတယ်

 Popular News

အမျိုးသမီး ပရိသတ်တွေကြား ရေပန်းစား နေတဲ့ အိုင်ရင်းဇင်မာမြင့်ရဲ့သီချင်းမယ်လိုဒီဝေါလ် သီချင်းဆိုပြိုင်
ပွဲမှာ ကတည်းက ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ တေးသံရှင် အိုင်ရင်းဇင်မာမြင့်က မြင့်မြတ်၊ ကောင်းကောင်း တို့နဲ့ စုပေါင်းထွက်ရှိ ထားတဲ့ စီးရီး အတွဲခွေ ထဲက “နှလုံးသား အရင်းအနှီး” သီချင်းဟာ အမျိုးသမီး ပရိသတ်
တွေ ကြားထဲမှာ ရေပန်းစား နေပါတယ်။

တစ်ရက်အတွင်း အမျိုးသမီးနှစ်ဦး မိမိကိုယ်ကိုအဆုံးစီရင်

Thursday, June 20, 2013

ရန်ကုန်တိုင်းအတွင်း ဇွန်လ ၁၇ ရက် တစ်ရက်တည်းအတွင်း အမျိုးသမီးနှစ်ဦး အဆိပ်သောက် သေဆုံးမှုနှင့် ဆွဲကြိုးချ သေဆုံးမှု နှစ်ခုတို့ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှသတင်းရရှိသည်။ အဆိပ်သောက်သက်သေမှုမှာ လှိုင်သာယာမြို့နယ်တွင် ဇွန် ၁၇ ရက်၊ ည ၁၁ နာရီကျော်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ကြိုးဆွဲ ချသေဆုံးမှုမှာ တောင်ဒဂုံမြို့နယ်တွင် ယင်း ည ၉ နာရီခွဲအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

ကြံ့ခိုင်ရေးပါတီ ၃ ရက်ကြာ အထူးအစည်းအဝေး ကျင်းပမည်

Photo: ကြံ့ခိုင်ရေးပါတီ ၃ ရက်ကြာ အထူးအစည်းအဝေး ကျင်းပမည်
Thursday, June 20, 2013

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က နေပြည်တော်တွင် ၃ ရက်ကြာ အစည်းအဝေးတရပ် ကျင်းပ ပြုလုပ် မည်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ အချိုးကျကိုယ်စားပြုစနစ် (PR စနစ်)၊ ၂၀၁၅ ရွေးကောက်ပွဲ အပါအ၀င် ပါတီနိုင်ငံရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၅ ရက်နေ့ စတင်မည့် လွှတ်တော် အစည်းအဝေးများ မကျင်းပမီ နေပြည်တော်ရှိ ကြံ့ခိုင်ရေး ပါတီဌာနချုပ်တွင် ၃ ရက်ကြာ အထူးအစည်းအဝေး တရပ် ခေါ်ယူကျင်းပမည်ဖြစ်ပြီး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း အပါအ၀င် ဗဟိုအလုပ်အမှုဆောင် များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပါတီ တာဝန်ရှိသူများ အားလုံး ပါဝင် တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

၃ ရက်ကြာ ကျင်းပမည့် အစည်းအဝေးတွင် လာမည့် လွှတ်တော် အစည်းအဝေးများအတွင်း ဆွေးနွေးမည်ဖြစ်သည့် PR စနစ် အကြောင်း ဆွေးနွေးမည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စရပ်များ၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြံ့ခိုင်ရေး ပါတီက ကြိုတင်ညှိနှိုင်းမှုများ ပါဝင်မည်ဖြစ်ကြောင်း၊ အစည်းအဝေးသို့ သတင်းမီဒီယာ တက်ရောက်ခွင့်ပြုမည် မဟုတ်ကြောင်း ကြံ့ခိုင်ရေးပါတီမှ တာဝန်ရှိသူ တဦးက ဆိုသည်။

“ဒါက ပါတီတွင်း အစည်းအဝေးဖြစ်လို့ သတင်းမီဒီယာတွေကိုတော့ တက်ခွင့် မပေးပါဘူး” ဟု နေပြည်တော် ကြံ့ခိုင်ရေး ပါတီဌာနချုပ်မှ လူငယ်ရေးရာ တာဝန်ခံ ဦးသောင်းထိုက်က ဧရာဝတီသို့ ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လွှတ်တော်တွင် အမတ်နေရာအများစု ရရှိထားသည့်အတွက် ကြံ့ခိုင်ရေး ပါတီက မူဝါဒများသည် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲ ရလဒ်အခြေအနေ၊ နိုင်ငံရေး အခြေအနေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တို့အပေါ် များစွာ သက်ရောက်မှု ရှိမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။

“ဒီတခေါက် လွှတ်တော်မှာ ဆွေးနွေးမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ PR စနစ် ကိစ္စတွေ ဆိုတာက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဘယ်လောက် ပီပြင်မလဲဆိုတာ သက်သေပြမယ့် ကိစ္စတွေ။ ဒီတခေါက်လွှတ်တော်က အရင်လို အစိုးရနဲ့  လွှတ်တော် အပြန်အလှန် မေးမြန်း စိစစ်တာမျိုးထက် ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒီတခေါက် လွှတ်တော်ရဲ့ ဆွေးနွေးချက်တွေက သန်း ၆၀ သော ပြည်သူ တွေနဲ့ အနာဂတ် မြန်မာနိုင်ငံကို ပုံဖော်မယ့် ဆွေးနွေးမှုတွေ၊ ဆုံးဖြတ်ချက်တွေ ဖြစ်ပါလိမ့်မယ်” ဟု ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီ၏ တင်ပြချက်အရဟု ဆိုကာ ၂၀၁၅ ရွေးကောက်ပွဲ တွင် PR စနစ် ကျင့်သုံးရန် ဆွေးနွေး အတည်ပြု ဆုံးဖြတ်ပေးရန် ပြည်ထောင်စုလွှတ်တော်သို့ မေလ ၁၃ ရက်နေ့တွင် တရားဝင် တင်ပြလိုက်ပြီး PR စနစ် ကျင့်သုံးမည်ဆိုပါက ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရမည်ဖြစ်သဖြင့် ယခုနှစ်အတွင်း လာမည့် ရွေးကောက်ပွဲတွင် PR စနစ် ကျင့်သုံးခြင်း ပြု၊ မပြု ဆုံးဖြတ်ပေးရန် ပန်ကြားထားသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူတဦးလည်းဖြစ်၊ လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးအေးမြင့်က PR စနစ် ကျင့်သုံးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စများတွင် ပါတီဗဟိုက မူဝါဒ ချမှတ်ပေးမည်ဖြစ်ကြောင်း ပြောသည်။

“အဓိက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေလည်း ပါတယ်။ လွှတ်တော်မှာ ဆွေးနွေးမယ့် ကိစ္စတွေလည်း ပါမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စနဲ့ PR စနစ်ကိစ္စတွေက အပေါ်ကနေပြီးတော့ လမ်းညွှန်မှု ပေးမှာပေါ့။ ပါတီရဲ့ မူဝါဒနဲ့ တိုက်ရိုက် သက်ဆိုင်မယ်” ဟု ဦးအေးမြင့်က ဧရာဝတီသို့ ရှင်းပြသည်။

ကြံ့ခိုင်ရေး ပါတီ၏ ခေါင်းဆောင် တဦးဖြစ်သူ ဦးအောင်သောင်းက ၂၀၁၅ ရွေးကောက်ပွဲတွင် တပါတီ အာဏာရှင် စနစ် မပေါ်ထွန်းရေး အတွက် PR စနစ် ကျင့်သုံးသင့်ပြီး ကြံ့ခိုင်ရေးပါတီက PR စနစ်ကို ထောက်ခံနိုင်မည့် အခြေအနေများ ရှိ နေကြောင်း ဧရာဝတီသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကမူ လတ်တလော မြန်မာ့နိုင်ငံရေး အခြေအနေများအရ PR စနစ် မကျင့်သုံးသင့်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုး မဟာမိတ်အဖွဲ့ (UNA) မှ ခေါင်းဆောင်များနှင့် ဇွန်လ ၁၈ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုသွားသည်။

The Irrawaddy (Burmese Version)

Thursday, June 20, 2013

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က နေပြည်တော်တွင် ၃ ရက်ကြာ အစည်းအ
ဝေးတရပ် ကျင်းပ ပြုလုပ် မည်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ အချိုးကျကိုယ်စားပြုစနစ် (PR စနစ်)၊ ၂၀၁၅ ရွေးကောက်ပွဲ အပါအ၀င် ပါတီနိုင်ငံရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက်ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ လက်မှတ်ထိုး

Photo: ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက်ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ လက်မှတ်ထိုး
Thursday, June 20, 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့်ကရင်နီအမျိုးသားတိုးတက်ရေးပါတီ
(KNPP)မှငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့သည် ဒုတိယအကြိမ်
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအဖြစ် ၂၀၁၃ခုနှစ်၊ဇွန်(၁၉/၂၀)
ရက်နေ့များတွင်လွိုင်ကော်မြို့၊တပ်နယ်ခန်းမဍ် ဆွေးနွေးရာ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးအတွက် နှစ်ဖက်မှကြိုးပမ်းတည်ဆောက်မူကာလအတွင်း
၂၀၁၂ ခုနှစ်၊ မတ်လ ၇ ရက်မှယနေ့အထိ ပဋိပက္ခတစ်ကြိမ်သာ ဖြစ်ပွားခဲ့ကာ
တိုက်ပွဲများ မဖြစ်ပေါ်ခဲ့ခြင်းအပေါ် နှစ်ဖက်အဖွဲ့အစည်းမှ အသိအမှတ်ပြုကာ
ယနေ့တွင် အချက်(၇)ချက်ပါဝင်သည့်ပြည်ထောင်စုအဆင့် ဒုတိယအကြိမ်
ငြိမ်းချမ်းရေးဆွေးနွေးပွဲသဘောတူညီချက်များကို နှစ်ဖက်ခေါင်းဆောင်များက လက်မှတ်ရေးထိုးကြသည်။

အဆိုပါဆွေျးနွေးပွဲတွင် နိုင်ငံပိုင်းဆိုင်ရာ အပစ်အခတ်ရပ်စဲရေး
ဆက်လက်ဆောင်ရွက်နိုင်ရန်နှင့်အားလုံးပါဝင်သည့်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကြီးသို့ ရောက်ရှိရေးဆက်လက်ဆောင်ရွက်သွားရန်နှစ်ဖက်စလုံးက
နျစ်ဖက်သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်သည်။

The Union Daily

Thursday, June 20, 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ
နှင့်ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)မှငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့သည် ဒုတိယအကြိမ်
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအဖြစ် ၂၀၁၃ခုနှစ်၊ဇွန်(၁၉/၂၀)ရက်နေ့များတွင်လွိုင်ကော်မြို့၊
တပ်နယ်ခန်းမဍ် ဆွေးနွေးခဲ့ကြသည်။

“ ဗြိတိန်ရှိ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်း များနှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ တွေ့ဆုံ ”

Photo: “ ဗြိတိန်ရှိ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်း
များနှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့
တွေ့ဆုံ ”
Thursday, June 20, 2013

“ ဇွန်လ ၁၉ ရက် နံနက်ပိုင်းတွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့
သို့ရောက်ရှိနေကြသော၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်းသည် လန်ဒန်မြို့အခြေစိုက်
မြန်မာ့အရေးလှုပ်ရှားဆောင်ရွက်နေကြသော လူမှု
အခြေပြုအဖွဲ့အစည်းများဖြစ်သည့် Prisoner of Conscience ၊
Burma Campaign(UK) နှင့် ဥပဒေရေးရာအရ အကူအညီ
ပေးခဲ့ကြသော ပုဂ္ဂိုလ်များက နံနက်စာဖြင့် တည်ခင်း
ဧည့်ခံခဲ့ကြသည်။ယင်းနောက် နံနက် ၁၀း၄၅ နာရီတွင်
လန်ဒန်မြို့အခြေစိုက် Amnesty International
(နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့) ရုံးသို့သွားရောက်၍
Amnesty International, Christian Solidarity
Worldwide အဖွဲ့များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နိုင်ငံရေး
အကျဉ်းသားများအရေး အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ဆက်လက်၍ နေ့လည် ၂း၃၀ နာရီတွင် ဗြိတိသျှပါလီမန်သို့
သွားရောက်၍ အထူးဧည့်ခန်းဆောင်မှ ပါလီမန်တွင်
အခြေအတင်ဆွေးနွေးနေမှုများကို လေ့လာခဲ့ကြသည်။

ထို့နောက် နေ့လည် ၃း၃၀ နာရီတွင် ဗြိတိသျှနိုင်ငံခြားရေး
ဝန်ကြီးဌာနမှ Head of Department and Burma Desk Officer
နှင့် သွားရောက်တွေ့ဆုံ၍ မြန်မာ့အရေး ဆွေးနွေးခဲ့ကြကာ
ညနေ ၅း၀၀ နာရီတွင် ဗြိတိသျှပါလီမန်တွင် Speaker of the House
ဖြစ်သူ Rt. Hon Jhon Bercow အား ၄င်း၏ရုံးခန်းတွင်
သွားရောက်တွေ့ဆုံနှုတ်ဆက်ပြီး မြန်မာ့အရေးနှင့်ပတ်သက်သည်
များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

- The 88 Generation Peace and Open Society

Thursday, June 20, 2013

“ ဇွန်လ ၁၉ ရက် နံနက်ပိုင်းတွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ သို့ရောက်ရှိနေကြသော၈၈မျိုးဆက်ငြိမ်းချမ်းရေး
နှင့်ပွင့်လင်းလူ့အဖွဲ့အစည်းသည် လန်ဒန်မြို့အခြေစိုက်မြန်မာ့အရေးလှုပ်ရှားဆောင်ရွက်နေကြသော လူမှု
အခြေပြုအဖွဲ့အစည်းများဖြစ်သည့် Prisoner of Conscience ၊Burma Campaign(UK) နှင့် ဥပဒေရေးရာအရ အ
ကူအညီပေးခဲ့ကြသော ပုဂ္ဂိုလ်များက နံနက်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။

မိတ္ထီလာ မီးလောင်ရပ်ကွက်တခု တိုက်ခန်းပြန်ဆောက်ရန် ပြင်ဆင်

Photo: မိတ္ထီလာ မီးလောင်ရပ်ကွက်တခု တိုက်ခန်းပြန်ဆောက်ရန် ပြင်ဆင်
Thursday, June 20, 2013

မိတ္ထီလာပဋိပက္ခအတွင်း မီးလောင်ပျက်စီးသွားတဲ့ ရပ်ကွက် ၂ ခုအနက် ရပ်ကွက် ၁ ခုမှာ လူနေတိုက်ခန်းတွေ ပြန်လည် တည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။

မိတ္ထီလာပဋိပက္ခအတွင်း လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့တဲ့ ချမ်းအေးသာယာရပ်ကွက်မှာ တိုက်ခန်းတွေ ပြန်ဆောက် မယ်လို့ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးကော်မတီရဲ့ အကြံပေးတဦးလည်းဖြစ် မြို့မိမြို့ဖတဦးလည်းဖြစ်တဲ့ ဦးဝင်းက ပြောပါတယ်။

“မြို့ပြန်တည်ဆောက်ရာမှာ ဖွံ့ဖြိုးတိုးတက်မှုလည်း သင့်တင့်လျောက်ပတ်မှုရှိအောင် လုပ်တာပါ။ ချမ်းအေးသာယာ ရပ်ကွက်ကတော့ သဘောတူကြပါတယ်။ အကုန်လုံးဆိုရင်တော့ အိမ်ခြေ ၆၀၀ ကျော်လောက် ဖြစ်တယ်။ လက်ရှိတော့ မြေကွက်တွေကို ဘူဒိုဇာနဲ့ ထိုးညှိပြီးပြီ။ ၃ ထပ်အဆောင်တွေ ဆောက်မယ်။ မြေပိုင်ရှင်ကို အောက်ဆုံးထပ်မှာထားပြီး တခြား တ၀ိုင်းထဲမှာ ကပ်ပူးနေသူတွေကိုလည်း မနစ်နာရအောင် ဒုတိယထပ်၊ တတိယထပ်တွေမှာ ပေးသွားမှာပါ။”
နောက်ရပ်ကွက်တခုဖြစ်တဲ့ သီရိမင်္ဂလာရပ်ကွက်မှာ လူနေအိမ်ခြေ ၄၀၀ ကျော်လောက် မီးလောင်ပျက်စီးခဲ့ပြီး ရပ်ကွက်နေပြည်သူတွေက ကိုယ့်အိမ်ကိုယ်ပြန်ဆောက် နေလိုကြပြီး သက်ဆိုင်ရာကလည်း အတင်းအကျပ် မလုပ်ဘဲ ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။

မိတ္ထီလာပဋိပက္ခအတွင်း နေအိမ်မီးလောင်ခံခဲ့ရတဲ့ ဒုက္ခသည်တွေဟာ ခရိုင်အားကစားကွင်း၊ ပို့ဆောင်ဆက်သွယ်ရေး သင်တန်းကျောင်း၊ ရေအရင်းအမြစ်သင်တန်းကျောင်း၊ အုတ်ဖိုဘုန်းကြီးကျောင်းနဲ့ အင်းကုန်းဘုန်းကြီးကျောင်းစတဲ့ စခန်း ၅ ခုမှာ ခုချိန်ထိ ခိုလှုံ နေထိုင်နေကြရတုန်း ဖြစ်ပါတယ်။ အဲဒီစခန်းတွေမှာ ဒုက္ခသည်ဦးရေ ၅၀၀၀ လောက်ရှိပြီး နေရေးစားရေးအဆင်ပြေပေမယ့် မူလအလုပ်အကိုင်တွေ ပြန်မလုပ်နိုင်ကြသေးလို့ ၀င်ငွေလည်း မရှိကြဘူးလို့ သိရပါတယ်။

ဒုက္ခသည်စခန်းနေ ကျောင်းသားတွေ ကျောင်းတက်နိုင်ဖို့ သက်ဆိုင်ရာက ကျောင်းကြိုပို့ ကားကအစ စီစဉ်ပေးထား တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့မတ်လထဲ ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာပဋိပက္ခတွေအတွင်း လူ ၄၀ ကျော် သေဆုံးခဲ့ပြီး လူဦးရေ ၁ သောင်းလောက် ဒုက္ခသည်စခန်းတွေဆီ ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။

DVB Burmese

Thursday, June 20, 2013

မိတ္ထီလာပဋိပက္ခအတွင်း မီးလောင်ပျက်စီးသွားတဲ့ ရပ်ကွက် ၂ ခုအနက် ရပ်ကွက် ၁ ခုမှာ လူနေတိုက်ခန်းတွေ ပြန်လည် တည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။ မိတ္ထီလာပဋိပက္ခအတွင်း လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့တဲ့ ချမ်းအေးသာယာရပ်ကွက်မှာ တိုက်ခန်းတွေ ပြန်ဆောက် မယ်လို့ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးကော်မတီရဲ့ အကြံပေးတဦးလည်းဖြစ် မြို့မိမြို့ဖတဦးလည်းဖြစ်တဲ့ ဦးဝင်းက ပြောပါတယ်။

ရန်ကုန်ဘဆွေ၏ 'မြန်မာပြည်သား' ဝတ္ထုကို ရုပ်ရှင်ရိုက်ကူးမည်

Thursday, June 20, 2013

ရန်ကုန်ဘဆွေ၏ 'မြန်မာပြည်သား' ဝတ္ထုကို ဒါရိုက်တာပန်းချီစိုးမိုးမှ မကြာမီ ရိုက်ကူးတော့မည် ဖြစ်သည်။ အဆိုပါ ဇာတ်ကားအား Studio 35 မှ ထုတ်လုပ်မည်ဖြစ်ပြီး ချစ်ဦးညိုက ဇာတ်ညွှန်းရေးသားထားကြောင်း Studio 35 မှ ဦးရဲနိုင်စိုး က မဇ္ဈိမသို့ ပြောကြားသည။် ယင်းဇာတ်ကား၌ ဇာတ်လမ်း၏လိုအပ်ချက်အရ သရုပ်ဆောင်အင်အား ရာချီပါဝင် သရုပ်ဆောင်ကြမည်ဖြစ်ပြီး ဇာတ်ရုပ်နှင့်လိုက် ဖက်ညီသည့် သရုပ်ဆောင်များကို အဓိကထားရွေးချယ်ထားကြောင်း ပန်းချီစိုးမိုးက ဆိုသည်။

iPay ကုမ္ပဏီ ပျက်သွားပြီဆိုသည့်သတင်းမမှန်ဟုဆို

Photo: iPay ကုမ္ပဏီ ပျက်သွားပြီဆိုသည့်သတင်းမမှန်ဟုဆို
Thursday, June 20, 2013

ကြိုတင်ငွေပေးကတ် (iPay ကတ်) ဖြင့် စီးနင်းနိုင်သော မော်တော် ယာဉ်လိုင်းများတွင် မော်တော်ယာဉ် လုပ်သား အချို့က iPay ကုမ္ပဏီ ပျက်သွားပြီဟု ပြောဆိုနေသည့် သတင်းမှာ မှန်ကန်မှု မရှိကြောင်း ယင်းကုမ္ပဏီ အော်ပရေးရှင်း မန်နေဂျာ ဦးသန့်ဇင်ဦးက The Voice သို့ ပြောကြားသည်။

“ကုမ္ပဏီက မပျက်ပါဘူး။ ဆက်တိုးချဲ့ဖို့ပဲ ရှိတယ်”ဟု ၎င်းကဆိုသည်။
မော်တော်ယာဉ် လုပ်သားအချို့က iPay ကုမ္ပဏီ ပျက်သွားပြီဟု ပြောဆိုခြင်း
ဖြစ်ကြောင်း ကုမ္ပဏီနှင့် လုပ်ငန်း လုပ်ဆောင်နေသော မော်တော် ယာဉ်လိုင်း အများအပြား ရှိကြောင်း၊ iPay ကတ်ဖြင့် စီးနင်းနိုင်မည့် မော်တော်ယာဉ် လိုင်းများလည်း ယခုလအတွင်း မြို့တွင်း ယာဉ်လိုင်း နှစ်လိုင်းတွင် ထပ်မံတိုးချဲ့ တပ်ဆင်သွားမည် ဖြစ်ကြောင်း၊ အသစ်တိုးချဲ့ တပ်ဆင်ရာတွင် အဓိပတိ ယာဉ်လိုင်းအမှတ် (၁၇၃)နှင့် အမှတ် (၁၇၉) တို့ရှိ ယာဉ်စီးရေ ၃၅ စီးတွင် တပ်ဆင်ကာ ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း၊ လတ်တလောစက်များ တပ်ဆင်မှု အပိုင်းကို လုပ်ဆောင်လျက် ရှိကြောင်း ၎င်းကပြောကြားသည်။

မထသ လက်အောက်ရှိ iPay ကတ်ဖြင့် စီးနင်းနိုင်သော မော်တော်ယာဉ် လိုင်းများတွင် မော်တော်ယာဉ် လုပ်သား အချို့က ခရီးသည် အချို့အား ယင်းကုမ္ပဏီ ပျက်သွားပြီဟု ပြောဆိုမှုကြောင့် မထသသို့ လာရောက် တိုင်ကြားမှုများ ရှိကြောင်း၊ ယင်းကုမ္ပဏီ ပျက်သွားပြီဟု ဆိုသည်မှာလည်း မှန်ကန်မှု မရှိကြောင်း မထသ ဗဟို ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

မော်တော်ယာဉ်လိုင်း အချို့တွင် iPay ကတ် အသုံးပြုသည့် စက်အချို့ တပ်ဆင်ထားသော်လည်း အများစုမှာ အသုံးပြုခြင်း မရှိဘဲ အချို့မှာ စက်များကို ဖယ်ထုတ်ထားသည်များ တွေ့ရှိရကြောင်း တာမွေမြို့နယ် နတ်ချောင်း ရပ်ကွက်တွင် နေထိုင်သူ ကိုအောင်မင်းက ပြောဆိုသည်။

“ကားပေါ်မှာ အဲဒီကိစ္စက တော်တော်ကြုံရတယ်။ iPay စက်က သုံးလို့ မရဘူး”ဟု ၎င်းကဆိုသည်။

“လွန်ခဲ့တဲ့ သုံးပတ်ထဲက iPay ကတ် အသစ်လုပ်ထားတယ်။ အဲဒီကတည်းက အခုထိ iPay စက်တပ်တဲ့ကား မမြင်လို့ မသုံးရသေးဘူး”ဟု သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ရန်ကုန်သစ် ရပ်ကွက်တွင် နေထိုင်သူ မအေးသန္တာထွန်းက ပြောကြားသည်။

၂၀၁၂ ခုနှစ် ဧပြီလမှ စတင်ကာ iPay ဝန်ဆောင်မှုစနစ်ကို စတင်လုပ်ဆောင်ခဲ့ပြီး မြို့တွင်း မော်တော်ယာဉ်လိုင်း ခြောက်လိုင်းဖြစ်သော အဓိပတိ ယာဉ်လိုင်း (အပြာ၊ အနီ၊ အဝါ)၊ ပါရမီ ယာဉ်လိုင်း (၁၈၂)၊ ရွှေအင်းဝ ယာဉ်လိုင်း (၁၉၇)၊ မ.ထ.သ အထူးယာဉ်လိုင်း (၂၁၃)၊ အရှေ့ပိုင်းခရိုင် ယာဉ်လိုင်း (၂၃၇)၊ မြောက်ပိုင်းခရိုင် ယာဉ်လိုင်း (၁၂၄) တို့တွင် စက်အလုံးရေ ၃၀၀ ကို တပ်ဆင်ခဲ့ပြီး ဖြစ်ကြောင်း iPay ကုမ္ပဏီ စာရင်းအရ သိရသည်။

The Voice Weekly

Thursday, June 20, 2013

ကြိုတင်ငွေပေးကတ် (iPay ကတ်) ဖြင့် စီးနင်းနိုင်သော မော်တော် ယာဉ်လိုင်းများတွင် မော်တော်ယာဉ် လုပ်သား အချို့က iPay ကုမ္ပဏီ ပျက်သွားပြီဟု ပြောဆိုနေသည့် သတင်းမှာ မှန်ကန်မှု မရှိကြောင်း ယင်းကုမ္ပဏီ အော်ပရေးရှင်း မန်နေဂျာ ဦးသန့်ဇင်ဦးက The Voice သို့ ပြောကြားသည်။

ဘီယာကိုအေးပြီးအမြုပ်ထစေသည့် ကိရိယာ