Pages

Thursday, June 20, 2013

ဆေးဝါး အလွယ်တကူ ဝယ်ယူနိုင်မှုကြောင့် အန္တရာယ် ရှိသော အပ်ပုန်း ကုသသူ များနေ

မြန်မာနိုင်ငံ၌ ဆေးဝါးများ လွယ်လင့်တကူ ဝယ်ယူ ရရှိနိုင် မှုကြောင့် အသက် အန္တရာယ် ရှိစေနိုင်သည့် အပ်ပုန်း ကုသသူ များပြားရခြင်း ဖြစ်ကြောင်း ကော့မှူး မြို့နယ် ပြည်သူ့ ဆေးရုံမှ ဆေးရုံ အုပ်ကြီး ဦးမြင့်စိုးက ပြောသည်။”ဆေးဝါး ရောင်းတာ ဝယ်တာက လွတ်လပ်လို့ အပ်ပုန်းတွေ များတာ။ တခြားနိုင်ငံတွေမှာ ဆို ဆရာဝန်လက် မှတ် မပါရင် ဆေးဝယ် လို့မရဘူး”ဟု ၄င်းက ပြောသည်။ ဆင်းရဲနွမ်းပါးမှု၊ လမ်းပန်းဆက် သွယ်ရေး အခက်အခဲ နှင့် ဆေးရုံဆေး ခန်းများသို့ သွားရောက်ပါက အချိန် ကုန်၊ အလုပ်ပျက်ခြင်း များကြောင့် နယ် မြို့များတွင် အပ်ပုန်း (ဆရာဝန် မဟုတ် ဘဲဆေးကုသသူ) ပိုမို များပြားခြင်းဖြစ် သည်ဟု ၄င်းကပြောသည်။

ယနေ့တွင် တက္ကသိုလ် စာမေးပွဲ အောင်မြင်ပြီးပါက သူနာပြု အကူသင် တန်းနှင့် ဆေးဝါး ကျွမ်းကျင် သင်တန်း များ တက်ရောက်နိုင်ပြီး အဆိုပါ သင်တန်း များ အောင်မြင် ပြီးသည်နှင့် နယ် မြို့များတွင် ဆေးရောင်းရုံ တင်မကဘဲ ဆေးကုသခြင်း ပါပြုလုပ်ကြကြောင်း ၄င်းက သုံးသပ်ပြောသည်။
”တချို့က ဒါမျိုး သင်တန်းတွေ တက်ပြီး ရွာတွေမှာ လာ လုပ်စားနေတာ လွဲနေတာပေါ့”ဟု ၄င်းကဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကမူ အပ်ပုန်းများနှင့် ကုသခြင်းသည် အန္တ ရာယ် ဖြစ်စေနိုင်သည်ကို ပြည်သူ များသို့ ပညာပေး သင့်ပြီး အပ်ပုန်း များအား လည်း အခြား အစားထိုး အလုပ်အကိုင်များ ရှာဖွေပေးမှသာ အသက် အန္တရာယ် ရှိစေသော အပ်ပုန်းများဖြင့် ကုသမှု ပပျောက် သွားနိုင်မည် ဟု ပြောသည်။

”ဥပဒေ အရ အရေးယူသင့်တာလည်း ယူရမှာပေါ့”ဟု ၄င်းက ပြောသည်။
သူနာပြု ဆရာမ တစ်ဦးလျှင် လူဦး ရေ ၃ဝဝဝ မှ ၄ဝဝဝ သာ ကျန်းမာရေး စောင့်ရှောက်မှုပေးရန် သတ်မှတ်ထား သော်လည်း လိုအပ်ချက် အရ ကော့မှူး မြို့နယ် တချို့ နေရာများ၌ သူနာပြု ဆရာမ တစ်ဦးလျှင် လူဦးရေ (၅ဝဝဝ မှ ၆ဝဝဝ) ကြား ကျန်းမာရေး စောင့်ရှောက် နေ ရနေသည်ဟု ကော့မှူး မြို့နယ် ပြည် သူ့ဆေးရုံ မှ ဆေးရုံ အုပ်ကြီးက ထပ် လောင်းပြောသည်။

ယင်းဆေးရုံ မှ သားဖွား ဆရာမ တစ်ဦးကမူ ”ဆရာမတွေ လိုနေတဲ့ အတွက် မိခင်တွေက အရပ် လက်သည်တွေ နဲ့ မွေးတဲ့အခါ မလိုအပ် ဘဲ သေတာတွေ ဖြစ်မှာ စိုးရတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏ မဲဆန္ဒနယ် ဖြစ်သော ကော့မှူးမြို့ နယ်ရှိ ပြည်သူ့ ဆေးရုံသို့ ဇွန်လ ၁၆ ရက်နေ့က သွားရောက်ခဲ့ခြင်းဖြစ် ပြီး ဆေးရုံမှ လိုအပ်ချက် များကို မေးမြန်းခဲ့ ရာ ဆေးရုံအုပ်ကြီး၊ ဆရာဝန်နှင့် သူနာ ပြု ဆရာမများက လမ်းပန်း ဆက်သွယ် ရေးနှင့် ဆရာဝန်၊ သူနာပြု လိုအပ်ချက် များရှိကြောင်းကို တင်ပြခဲ့သည်။

ဝေမာထွန်း
Popular Myanmar News, RangonNewsDaily
kolatt(PBDN): 20.6.2013

0 comments:

Post a Comment