Pages

Thursday, June 20, 2013

"ရှစ်လေးလုံး ငွေရတု ပိတောက်ပွင့်သစ် ထုတ်ဝေမည်"

"ရှစ်လေးလုံး ငွေရတု ပိတောက်ပွင့်သစ် ထုတ်ဝေမည်"
===============================

ရှစ်လေးလုံး ငွေရတုအဖြစ် ၎င်း နေ့၏ အဖြစ်အပျက်အတွေ့အကြုံများ ကို မှတ်တမ်းပြုစုကာ စာအုပ်ထုတ်မည် ဟု ပိတောက်ပွင့်သစ် မဂ္ဂဇင်းမှ အယ်ဒီ တာချုပ် မောင်စိမ်းနီက ပြောသည်။
	
''အဲ့ဒီနေ့ တစ်ရက်တည်းရဲ့ မှတ် တမ်းလေးပါ။ ဒီစာအုပ်ထဲမှာ လူထုလူ တန်းစားပေါင်းစုံပါဝင်ပြီး အဲ့ဒီကာလ မှာ ဖြတ်သန်းခဲ့တဲ့လူတစ်ဦးတစ်ယောက် ချင်းစီရဲ့ ခံစားမှုတွေ 
ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကို ဖော်ပြပေးထား မှာပါ''ဟု ၎င်းက ပြောသည်။
	
လွန်ခဲ့သည့် နှစ်ဆယ့် ငါးနှစ်တွင် မြန်မာနိုင်ငံ၌ လူထုအရေးတော်ပုံကြီး အဖြစ် ကြီးကျယ်ခမ်းနား၍ ဂုဏ်သရေ ရှိသော တိုက်ပွဲကြီး တစ်ခုဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ရှစ်လေးလုံးနေ့တွင် ပါဝင်ခဲ့ သည့် လူအများ၏ မှတ်တမ်းရယူကာ ၎င်းတို့ ဘယ်လိုဖြတ်သန်းခဲ့ကြသည်ကို မော်ကွန်းထိုးချင်သည့် သဘောဖြင့် စာ အုပ်ပြုစုရန် စီစဉ်ခြင်းဖြစ်ကြောင်း အယ်ဒီတာချုပ် 
မောင်စိမ်းနီက ပြော သည်။
	
အဆိုပါ စာအုပ်တွင် စာပေသမား၊ နိုင်ငံရေးသမား၊ ဆိုက်ကားသမား၊ ဆေးလိပ်၊ ကွမ်းယာရောင်းသည့် သူများ ပါမကျန် ပါဝင်ကာ ၎င်းတို့အနေဖြင့် ရှစ်လေးလုံးနေ့တွင် 
ဖြတ်သန်းခဲ့သည့် ပျော်စရာ၊ ဝမ်းနည်းစရာ၊ အမှတ်ရစရာ အတွေ့အကြုံများကို ပုံနှိပ်မော်ကွန်းထိုး နိုင်ရေးအတွက် စာမူများ စုဆောင်းနေ ပြီဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က 
ထပ်လောင်းပြောသည်။
	
''လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က အဖိနှိပ်ခံ ပြည်သူတွေရဲ့ ဘဝကို မြင် အောင်လုပ်ပေးရမှာပေါ့''ဟု ၎င်းက ပြောသည်။
လူမသိ သူမသိ ဖြတ်သန်းခဲ့ သည့် တကယ့်သူရဲကောင်းများလည်း ၎င်းစာ အုပ်တွင် ပါဝင်လာနိုင်သည်ဟု အယ်ဒီ တာချုပ် မောင်စိမ်းနီက ဆိုသည်။
အဆိုပါ စာအုပ်ကို ပိတောက်ပွင့် သစ်အထူးထုတ်အဖြစ် ရှစ်လေးလုံး နေ့မတိုင်မီ ဖြန့်ချိပေးသွားမည်ဖြစ်ပြီး စာအုပ်၌ ရှစ်လေးလုံးအမှတ်တရ ဓာတ် ပုံများလည်း ပါဝင်မည်ဟု 
သိရသည်။


အိမ်စည်စိုးစံ

ရှစ်လေးလုံး ငွေရတုအဖြစ် ၎င်း နေ့၏ အဖြစ်အပျက်အတွေ့အကြုံများ ကို မှတ်တမ်းပြုစုကာ စာအုပ်ထုတ်မည် ဟု ပိတောက်ပွင့်သစ် မဂ္ဂဇင်းမှ အယ်ဒီ တာချုပ် မောင်စိမ်းနီက ပြောသည်။ ''အဲ့ဒီနေ့ တစ်ရက်တည်းရဲ့ မှတ် တမ်းလေးပါ။ ဒီစာအုပ်ထဲမှာ လူထုလူ တန်းစားပေါင်းစုံပါဝင်ပြီး အဲ့ဒီကာလ မှာ ဖြတ်သန်းခဲ့တဲ့လူတစ်ဦးတစ်ယောက် ချင်းစီရဲ့ ခံစားမှုတွေ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကို ဖော်ပြပေးထား မှာပါ''ဟု ၎င်းက ပြောသည်။

လွန်ခဲ့သည့် နှစ်ဆယ့် ငါးနှစ်တွင် မြန်မာနိုင်ငံ၌ လူထုအရေးတော်ပုံကြီး အဖြစ် ကြီးကျယ်ခမ်းနား၍ ဂုဏ်သရေ ရှိသော တိုက်ပွဲကြီး တစ်ခုဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ရှစ်လေးလုံးနေ့တွင် ပါဝင်ခဲ့ သည့် လူအများ၏ မှတ်တမ်းရယူကာ ၎င်းတို့ ဘယ်လိုဖြတ်သန်းခဲ့ကြသည်ကို မော်ကွန်းထိုးချင်သည့် သဘောဖြင့် စာ အုပ်ပြုစုရန် စီစဉ်ခြင်းဖြစ်ကြောင်း အယ်ဒီတာချုပ် မောင်စိမ်းနီက ပြော သည်။

အဆိုပါ စာအုပ်တွင် စာပေသမား၊ နိုင်ငံရေးသမား၊ ဆိုက်ကားသမား၊ ဆေးလိပ်၊ ကွမ်းယာရောင်းသည့် သူများ ပါမကျန် ပါဝင်ကာ ၎င်းတို့အနေဖြင့် ရှစ်လေးလုံးနေ့တွင် ဖြတ်သန်းခဲ့သည့် ပျော်စရာ၊ ဝမ်းနည်းစရာ၊ အမှတ်ရစရာ အတွေ့အကြုံများကို ပုံနှိပ်မော်ကွန်းထိုး နိုင်ရေးအတွက် စာမူများ စုဆောင်းနေ ပြီဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။

''လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က အဖိနှိပ်ခံ ပြည်သူတွေရဲ့ ဘဝကို မြင် အောင်လုပ်ပေးရမှာပေါ့''ဟု ၎င်းက ပြောသည်။

လူမသိ သူမသိ ဖြတ်သန်းခဲ့ သည့် တကယ့်သူရဲကောင်းများလည်း ၎င်းစာ အုပ်တွင် ပါဝင်လာနိုင်သည်ဟု အယ်ဒီ တာချုပ် မောင်စိမ်းနီက ဆိုသည်။

အဆိုပါ စာအုပ်ကို ပိတောက်ပွင့် သစ်အထူးထုတ်အဖြစ် ရှစ်လေးလုံး နေ့မတိုင်မီ ဖြန့်ချိပေးသွားမည်ဖြစ်ပြီး စာအုပ်၌ ရှစ်လေးလုံးအမှတ်တရ ဓာတ် ပုံများလည်း ပါဝင်မည်ဟု သိရသည်။


အိမ်စည်စိုးစံ
ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၀.၆.၂၀၁၃

0 comments:

Post a Comment