Pages

Thursday, June 20, 2013

အမျိုးသမီး ပရိသတ်တွေကြား ရေပန်းစား နေတဲ့ အိုင်ရင်းဇင်မာမြင့်ရဲ့သီချင်း

Photo: အမျိုးသမီး ပရိသတ်တွေကြား ရေပန်းစား နေတဲ့ အိုင်ရင်းဇင်မာမြင့်ရဲ့သီချင်း 
Thursday, June 20, 2013

အမျိုးသမီး ပရိသတ်တွေကြား ရေပန်းစား နေတဲ့ အိုင်ရင်းဇင်မာမြင့်ရဲ့သီချင်းမယ်လိုဒီဝေါလ် သီချင်းဆိုပြိုင်ပွဲမှာ ကတည်းက ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ တေးသံရှင် အိုင်ရင်းဇင်မာမြင့်က မြင့်မြတ်၊ ကောင်းကောင်း တို့နဲ့ စုပေါင်းထွက်ရှိ ထားတဲ့ စီးရီး အတွဲခွေ ထဲက “နှလုံးသား အရင်းအနှီး” သီချင်းဟာ အမျိုးသမီး ပရိသတ်တွေ ကြားထဲမှာ ရေပန်းစား နေပါတယ်။

ဒီသီချင်းနဲ့ ပတ်သက်ပြီး အိုင်ရင်းဇင်မာမြင့်က “နှလုံးသား အရင်းအနှီး” သီချင်းကို ကိုဖိုးတု ရေးပေးတာ အိုင်ရင်းက အဲဒီ သီချင်းလေး ကောင်းတယ်။ အိုင်ရင်း ဆိုရင်ကောင်းမလား မသိဘူးလို့။ ဒီတော့ အဲဒီသီချင်းကို အကြမ်းဆိုဖို့ ပေးတော့ အကုန်လုံးက ကောင်းတယ်။ အိုင်ရင်း အသံနဲ့ လိုက်ဖက်မှု ရှိတယ်ဆိုလို့ အဲဒီသီချင်းကို ဆိုဖြစ် သွားတာ။

အဲဒီလောက်ထိ အောင်မြင်မယ်လို့ လုံးဝမထင် ထားခဲ့ဘူး။ ရွေးချယ်မှုလည်း မှန်ခဲ့တာ ပေါ့နော်။ အဲဒီသီချင်းက အမှတ်တမဲ့ ကနေ ဘဝမှတ်တိုင် တစ်ခုထိ ဖြစ်စေခဲ့ပါတယ်။ နယ်တွေ သွားရင် အိုင်ရင်းဇင်မာမြင့် ဆိုတာနဲ့ “နှလုံးသား အရင်းအနှီး” သီချင်းကို အလုအ ယက်တောင်း ဆိုကြတယ်” လို့ ပြောပါတယ်။ အိုင်ရင်းဇင်မာမြင့်က “ယိမ်းလိုက်” ဆိုတဲ့ တစ်ကိုယ်တော် စီးရီးကိုထွက်ရှိထားသူဖြစ်ပြီး “ယိမ်းလိုက်” အခွေမှာ အားစိုက် ထားပုံကို ” အိုင်ရင်း စိတ်ကြိုက်လုပ် ထားတာ။ အကောင်းဆုံး ဖြစ်အောင် လုပ်ထားတာ။

ဒီအခွေကို ပရိသတ် လက်ခံအားပေး တယ်လို့ ကြားရတော့ ကြိုးစားရ ကျိုးနပ်ပါတယ်။ အမှန်တော့ ပရိသတ်က အိုင်ရင်းကို အသိအမှတ်ပြု စေချင်ရုံ သက်သက်ပါ။ ပထမဆုံး တစ်ကိုယ်တော် ခွေမှာ ပေါက်မြောက် အောင်မြင်ဖို့ ဆိုတာ နည်းတဲ့ အကြောင်းတရား မဟုတ်ဘူးလေ။ တော်တော် ခက်ခဲပါတယ်။ အိုင်ရင်းကံကောင်း တယ်လို့ ပြောရမယ်။

မန္တလေးမြို့မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တွေကအစ တစ်မြို့လုံးလိုလိုမှာ ဖွင့်နားထောင်ကြတယ်ဆိုတဲ့ အသံကြား တော့အတိုင်း ထက်မသိဝမ်းသာ ရတယ်။ အိုင်ရင်းကအခု ဒုတိယ အခွေအတွက်ပြင်ဆင်နေတယ်။ ပထမအခွေ “ယိမ်းလိုက်” အောင်မြင်သလို ဒုတိယအခွေကိုလည်း ဒီ့ထက်အောင်မြင်စေချင်တယ်။ သီချင်းတွေထပ်ပြီး အိုင်မသွားချင်ဘူး။ တချို့ပထမခွေမှာအောင်မြင်သလောက် ဒုတိယခွေမှာ ငုပ်သွားတာ တွေရှိတယ်။ အဲဒါကိုတော့အိုင်ရင်းကြောက်တာ အမှန်ပဲ။ လာမယ့် ၂ဝ၁၄ လောက်မှာ ထွက်နိုင်အောင် ကြိုးစားမယ်။

အခုက အတွဲခွေအနေနဲ့ အိုင်ရင်းရယ်၊ ဇမ်နူးရယ်၊ ချမ်းချမ်းရယ် သုံးယောက်ပေါင်း အတွဲခွေအတွက် လည်း ပြင်ဆင်နေတယ်။ ဒီ့ပြင် Group ခွေအနေနဲ့ အမျိုးသမီးများနေ့အတွက် ရည်ရွယ်တဲ့အခွေထဲမှာလည်း ပါဝင်သီဆိုထားတယ်”လို့ပြောတဲ့ အိုင်ရင်းဇင် မာမြင့် က ရော့ခ်ဂီတဘက်ကို ကြိုက်တာပိုအား သန်လာတယ်လို့လည်းဆိုပါတယ်။ Pop, R & B ကိုလည်း ကြိုက်တယ်။

ရော့ခ်ဂီတဘက်ကို ပိုအားသန်လာတာက အခုမှမဟုတ်ပါဘူး။ကြာပါပြီ။ အခုလိုမျိုး IC နဲ့တွဲ ပြီး ဆိုရတဲ့အခါ ပိုပြီးစိတ်ဝင်စား လာတယ်။ အတွေ့အကြုံပိုရလာတယ်။ IC အဖွဲ့သားတွေ ကလည်း သင်ပြပေး ပါတယ်။ ဝမ်းသာ အားရကြိုဆို ကြတယ်။ ဒီအတွက်ပိုလို့ အားရှိလာခဲ့ တယ်။

ပရိသတ် လက်ခံ အားပေးတဲ့ အဆိုတော် တစ်ယောက်ဖြစ် အောင်ဥာဏ်စွမ်း ရှိသလောက် ကြိုးစား သွားမယ်။ ပရိသတ်တွေလည်း အိုင်ရင်းရဲ့ နောက်ထွက် လာမယ့်အခွေတွေ ကို စောင့် ပြီးအားပေးပါဦး။ ပရိသတ်ရဲ့အသံကို အမြဲနားစွင့်နေပါတယ်” လို့ယိမ်းလိုက်အခွေပိုင်ရှင် အိုင်ရင်းဇင်မာမြင့် က ပြောပါတယ်

 Popular News

အမျိုးသမီး ပရိသတ်တွေကြား ရေပန်းစား နေတဲ့ အိုင်ရင်းဇင်မာမြင့်ရဲ့သီချင်းမယ်လိုဒီဝေါလ် သီချင်းဆိုပြိုင်
ပွဲမှာ ကတည်းက ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ တေးသံရှင် အိုင်ရင်းဇင်မာမြင့်က မြင့်မြတ်၊ ကောင်းကောင်း တို့နဲ့ စုပေါင်းထွက်ရှိ ထားတဲ့ စီးရီး အတွဲခွေ ထဲက “နှလုံးသား အရင်းအနှီး” သီချင်းဟာ အမျိုးသမီး ပရိသတ်
တွေ ကြားထဲမှာ ရေပန်းစား နေပါတယ်။ ဒီသီချင်းနဲ့ ပတ်သက်ပြီး အိုင်ရင်းဇင်မာမြင့်က “နှလုံးသား အရင်းအနှီး” သီချင်းကို ကိုဖိုးတု ရေးပေးတာ အိုင်
ရင်းကအဲဒီသီချင်းလေး ကောင်းတယ်။ အိုင်ရင်း ဆိုရင်ကောင်းမလား မသိဘူးလို့။ ဒီတော့ အဲဒီသီချင်းကို အ
ကြမ်းဆိုဖို့ ပေးတော့ အကုန်လုံးက ကောင်းတယ်။ အိုင်ရင်း အသံနဲ့ လိုက်ဖက်မှု ရှိတယ်ဆိုလို့ အဲဒီသီချင်းကို ဆိုဖြစ် သွားတာ။

အဲဒီလောက်ထိ အောင်မြင်မယ်လို့ လုံးဝမထင် ထားခဲ့ဘူး။ ရွေးချယ်မှုလည်း မှန်ခဲ့တာ ပေါ့နော်။ အဲဒီသီချင်း
က အမှတ်တမဲ့ ကနေ ဘဝမှတ်တိုင် တစ်ခုထိ ဖြစ်စေခဲ့ပါတယ်။ နယ်တွေ သွားရင် အိုင်ရင်းဇင်မာမြင့် ဆိုတာ
နဲ့ “နှလုံးသား အရင်းအနှီး” သီချင်းကို အလုအ ယက်တောင်း ဆိုကြတယ်” လို့ ပြောပါတယ်။ အိုင်ရင်းဇင်
မာမြင့်က “ယိမ်းလိုက်” ဆိုတဲ့ တစ်ကိုယ်တော် စီးရီးကိုထွက်ရှိထားသူဖြစ်ပြီး “ယိမ်းလိုက်” အခွေမှာ အားစိုက် ထားပုံကို ” အိုင်ရင်း စိတ်ကြိုက်လုပ် ထားတာ။ အကောင်းဆုံး ဖြစ်အောင် လုပ်ထားတာ။

ဒီအခွေကို ပရိသတ် လက်ခံအားပေး တယ်လို့ ကြားရတော့ ကြိုးစားရ ကျိုးနပ်ပါတယ်။ အမှန်တော့ ပရိသတ်
က အိုင်ရင်းကို အသိအမှတ်ပြု စေချင်ရုံ သက်သက်ပါ။ ပထမဆုံး တစ်ကိုယ်တော် ခွေမှာ ပေါက်မြောက်
အောင်မြင်ဖို့ဆိုတာနည်းတဲ့အကြောင်းတရားမဟုတ်ဘူးလေ။ တော်တော်ခက်ခဲပါတယ်။အိုင်ရင်းကံကောင်း
 တယ်လို့ ပြောရမယ်။

မန္တလေးမြို့မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တွေကအစ တစ်မြို့လုံးလိုလိုမှာ ဖွင့်နားထောင်ကြတယ်ဆိုတဲ့ အသံ
ကြား တော့အတိုင်းထက်မသိဝမ်းသာရတယ်။အိုင်ရင်းကအခုဒုတိယအခွေအတွက်ပြင်ဆင်နေတယ်။ ပထမ
အခွေ“ယိမ်းလိုက်” အောင်မြင်သလိုဒုတိယအခွေကိုလည်းဒီ့ထက်အောင်မြင်စေချင်တယ်။သီချင်းတွေထပ်
ပြီး အိုင်မသွားချင်ဘူး။တချို့ပထမခွေမှာအောင်မြင်သလောက်ဒုတိယခွေမှာ ငုပ်သွားတာ တွေရှိတယ်။ အဲဒါ
ကိုတော့အိုင်ရင်းကြောက်တာ အမှန်ပဲ။ လာမယ့် ၂ဝ၁၄ လောက်မှာ ထွက်နိုင်အောင် ကြိုးစားမယ်။

အခုက အတွဲခွေအနေနဲ့ အိုင်ရင်းရယ်၊ ဇမ်နူးရယ်၊ ချမ်းချမ်းရယ် သုံးယောက်ပေါင်း အတွဲခွေအတွက် လည်း
 ပြင်ဆင်နေတယ်။ ဒီ့ပြင် Group ခွေအနေနဲ့ အမျိုးသမီးများနေ့အတွက် ရည်ရွယ်တဲ့အခွေထဲမှာလည်း ပါဝင်
သီဆိုထားတယ်”လို့ပြောတဲ့ အိုင်ရင်းဇင် မာမြင့် က ရော့ခ်ဂီတဘက်ကို ကြိုက်တာပိုအား သန်လာတယ်လို့
လည်းဆိုပါတယ်။ Pop, R & B ကိုလည်း ကြိုက်တယ်။

ရော့ခ်ဂီတဘက်ကို ပိုအားသန်လာတာက အခုမှမဟုတ်ပါဘူး။ကြာပါပြီ။ အခုလိုမျိုး IC နဲ့တွဲ ပြီး ဆိုရတဲ့အခါ ပိုပြီးစိတ်ဝင်စားလာတယ်။ အတွေ့အကြုံပိုရလာတယ်။ IC အဖွဲ့သားတွေ ကလည်း သင်ပြပေး ပါတယ်။ ဝမ်း
သာ အားရကြိုဆို ကြတယ်။ ဒီအတွက်ပိုလို့ အားရှိလာခဲ့ တယ်။

ပရိသတ် လက်ခံ အားပေးတဲ့ အဆိုတော် တစ်ယောက်ဖြစ် အောင်ဥာဏ်စွမ်း ရှိသလောက် ကြိုးစား သွား
မယ်။ ပရိသတ်တွေလည်း အိုင်ရင်းရဲ့ နောက်ထွက် လာမယ့်အခွေတွေ ကို စောင့် ပြီးအားပေးပါဦး။ ပရိသတ်
ရဲ့အသံကို အမြဲနားစွင့်နေပါတယ်” လို့ယိမ်းလိုက်အခွေပိုင်ရှင် အိုင်ရင်းဇင်မာမြင့် က ပြောပါတယ်

Popular News , RangonNewsDaily
kolatt(PBDN): 20.6.2013

0 comments:

Post a Comment