Pages

Thursday, June 20, 2013

ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူ အသက် ၉၈ နှစ်အရွယ်ရှိ အမျိုးသားကြီးအား တရားစွဲဆို

Photo: ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူ အသက် ၉၈ နှစ်အရွယ်ရှိ အမျိုးသားကြီးအား တရားစွဲဆို 
Thursday, June 20, 2013

ဟန်ဂေရီ နိုင်ငံမှ အစိုးရ ရှေ့နေများသည် ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းက ဂျူးလူမျိုးများကို အော့ရှဝစ် အကျဉ်းစခန်းသို့ ပို့ဆောင်ရာတွင် အကူအညီပေး ခဲ့သူတစ်ဦးကို ဇွန် ၁၈ ရက်တွင် တရားစွဲဆိုခဲ့ကြောင်း
သိရသည်။ လက်ဇလို ဆက်တာရီ အမည်ရှိ ၎င်းအမျိုးသားကြီးသည် စစ်ရာဇဝတ်မှုနှင့် ပတ်သက်၍ Simon Wiesenthal Centre's မှ အလိုရှိသော  တရားခံ စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်လျက်ရှိသည်။ 

အသက် ၉၈ နှစ်အရွယ်ရှိ ဆက်တာရီသည် ၁၉၄၄ ခုနှစ်တွင် နာဇီပိုင်နက် ဖြစ်ခဲ့သော ဆလိုဗက်ကီးယား နိုင်ငံ အရှေ့ပိုင်းရှိ ကိုဆိုက်မြို့တွင် ရဲမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ် ဂျူးလူမျိုးများကို နှိပ်စက် ညှဉ်းပန်းခြင်းနှင့် အကျဉ်း စခန်းများသို့ ပြည်နှင်ဒဏ် ပေးခဲ့ရာတွင် ပါဝင်ခဲ့သူဖြစ်သည်။ ဆက်တာရီသည် ၎င်းပြစ်မှုအတွက် သေဒဏ်ချ ခံခဲ့ရသူဖြစ်ပြီး ထွက်ပြေး လွတ်မြောက်ခဲ့သည်မှာ ဆယ်စုနှစ်များ စွာကြာခဲ့ပြီ ဖြစ်သည်။ 

၎င်းအား ဟန်ဂေရီ အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီးနောက် ၂ဝ၁၂ ခုနှစ် ဇူလိုင်တွင် ဘူဒါပက်စ်မြို့တွင် အကျယ်ချုပ် ဖမ်းဆီးထားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မြ၀တီ

Thursday, June 20, 2013

ဟန်ဂေရီ နိုင်ငံမှအစိုးရ ရှေ့နေများသည်ဒုတိယကမ္ဘာစစ်ကြီးအတွင်းကဂျူးလူမျိုးများကို အော့ရှဝစ် အကျဉ်း
စခန်းသို့ပို့ဆောင်ရာတွငအကူအညီပေးခဲ့သူတစ်ဦးကို ဇွန်၁၈ရက်တွင်တရားစွဲဆိုခဲ့ကြောင်းသိရသည်။လက်
ဇလို ဆက်တာရီ အမည်ရှိ ၎င်းအမျိုးသားကြီးသည် စစ်ရာဇဝတ်မှုနှင့် ပတ်သက်၍ Simon Wiesenthal Centre'
s မှ အလိုရှိသော တရားခံ စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်လျက်ရှိသည်။ အသက် ၉၈ နှစ်အရွယ်ရှိ ဆက်တာရီသည်၁၉၄၄ ခုနှစ်တွင် နာဇီပိုင်နက် ဖြစ်ခဲ့သောဆလိုဗက်ကီးယား နိုင်
ငံအရှေ့ပိုင်းရှိကိုဆိုက်မြို့တွင်ရဲမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ် ဂျူးလူမျိုးများကို နှိပ်စက် ညှဉ်းပန်းခြင်း
နှင့်အကျဉ်းစခန်းများသို့ ပြည်နှင်ဒဏ် ပေးခဲ့ရာတွင်ပါဝင်ခဲ့သူဖြစ်သည်။ဆက်တာရီသည် ၎င်းပြစ်မှုအတွက်
သေဒဏ်ချ ခံခဲ့ရသူဖြစ်ပြီး ထွက်ပြေး လွတ်မြောက်ခဲ့သည်မှာ ဆယ်စုနှစ်များ စွာကြာခဲ့ပြီ ဖြစ်သည်။

၎င်းအား ဟန်ဂေရီ အာဏာပိုင်များကဖမ်းဆီးခဲ့ပြီးနောက်၂ဝ၁၂ ခုနှစ်ဇူလိုင်တွင်ဘူဒါပက်စ်မြို့တွင်အကျယ်
ချုပ် ဖမ်းဆီးထားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မြ၀တီ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၀.၆.၂၀၁၃

0 comments:

Post a Comment