Pages

Thursday, June 20, 2013

အမျိုးသမီးအခွင့်အရေးကို ကန့်သတ်ဖို့ကြိုးစားမှု လုံးဝလက်မခံဟု လှုပ်ရှားတက်ကြွသူများ တုံ့ပြန်

မြန်မာနိုင်ငံရဲ့ ရေးခေတ် ဓမ္မသတ်စီရင်ထုံးတွေအရပဲဖြစ်ဖြစ် တည်ဆဲ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ စည်းကမ်းချက်တွေဟာ ကောင်းမွန်ပြီးသားဖြစ်တာမို့ ၁၉၅၄ ဥပဒေကို ရုပ်သိမ်းခိုင်းတဲ့ မျိုးစောင့်အရေးပေါ် ဥပဒေမူကြမ်းကို လုံးဝလက်မခံနိုင်ဘူးလို့ အမျိုးသမီးလှုပ်ရှားတက်ကြွသူတွေက ဇွန်လ ၁၉ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ ဥပဒေတွေက ပိုပြီးလွတ်လပ်လာရမယ်။ ပိုပြီး တရားမျှတလာရမယ်။ အခုဟာက ရှိပြီးသားကောင်းတဲ့ဟာကို မကောင်းတဲ့ဟာကြီးနဲ့ အစားထိုးလာမယ်ဆိုတာကို လက်မခံနိုင်ပါဘူး။ သံဃာနဲ့ မဆိုင်တဲ့ လူတွေကြားထဲမှာ ဝင်စွက်ဖက်တာ၊ သံဃာမှိုင်းတိုက်ခံနေရတာ ကြာပါပြီ။ သံဃာကို ရိုသေပါတယ်။ 
သို့သော် ဝိနည်းနှင့် ညီသော၊ မြတ်စွာဘုရားအဆုံးအမ နှင့် ညီသော သံဃာဖြစ်သင့်တယ်။ အဲလိုမှ မဟုတ်ဘဲ သံဃာဖြစ်တိုင်း ကြောက်နေရမယ်၊ သံဃာဖြစ်တိုင်း ဝေဖန်ခွင့် မရှိဘူးလို့ ဖြစ်လာရုံတင်မက အမျိုးသမီးတွေကိုပါ ဖိနှိပ်ချုပ်ချယ်မယ်ဆိုတာတော့ အန်တီတို့ လုံးဝ လက်မခံနိုင်ဘူး။ 
(ဒေါ်ရွှေဇီးကွက်)
 ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၀.၆.၂၀၁၃

0 comments:

Post a Comment