Pages

Thursday, June 20, 2013

iPay ကုမ္ပဏီ ပျက်သွားပြီဆိုသည့်သတင်းမမှန်ဟုဆို

Photo: iPay ကုမ္ပဏီ ပျက်သွားပြီဆိုသည့်သတင်းမမှန်ဟုဆို
Thursday, June 20, 2013

ကြိုတင်ငွေပေးကတ် (iPay ကတ်) ဖြင့် စီးနင်းနိုင်သော မော်တော် ယာဉ်လိုင်းများတွင် မော်တော်ယာဉ် လုပ်သား အချို့က iPay ကုမ္ပဏီ ပျက်သွားပြီဟု ပြောဆိုနေသည့် သတင်းမှာ မှန်ကန်မှု မရှိကြောင်း ယင်းကုမ္ပဏီ အော်ပရေးရှင်း မန်နေဂျာ ဦးသန့်ဇင်ဦးက The Voice သို့ ပြောကြားသည်။

“ကုမ္ပဏီက မပျက်ပါဘူး။ ဆက်တိုးချဲ့ဖို့ပဲ ရှိတယ်”ဟု ၎င်းကဆိုသည်။
မော်တော်ယာဉ် လုပ်သားအချို့က iPay ကုမ္ပဏီ ပျက်သွားပြီဟု ပြောဆိုခြင်း
ဖြစ်ကြောင်း ကုမ္ပဏီနှင့် လုပ်ငန်း လုပ်ဆောင်နေသော မော်တော် ယာဉ်လိုင်း အများအပြား ရှိကြောင်း၊ iPay ကတ်ဖြင့် စီးနင်းနိုင်မည့် မော်တော်ယာဉ် လိုင်းများလည်း ယခုလအတွင်း မြို့တွင်း ယာဉ်လိုင်း နှစ်လိုင်းတွင် ထပ်မံတိုးချဲ့ တပ်ဆင်သွားမည် ဖြစ်ကြောင်း၊ အသစ်တိုးချဲ့ တပ်ဆင်ရာတွင် အဓိပတိ ယာဉ်လိုင်းအမှတ် (၁၇၃)နှင့် အမှတ် (၁၇၉) တို့ရှိ ယာဉ်စီးရေ ၃၅ စီးတွင် တပ်ဆင်ကာ ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း၊ လတ်တလောစက်များ တပ်ဆင်မှု အပိုင်းကို လုပ်ဆောင်လျက် ရှိကြောင်း ၎င်းကပြောကြားသည်။

မထသ လက်အောက်ရှိ iPay ကတ်ဖြင့် စီးနင်းနိုင်သော မော်တော်ယာဉ် လိုင်းများတွင် မော်တော်ယာဉ် လုပ်သား အချို့က ခရီးသည် အချို့အား ယင်းကုမ္ပဏီ ပျက်သွားပြီဟု ပြောဆိုမှုကြောင့် မထသသို့ လာရောက် တိုင်ကြားမှုများ ရှိကြောင်း၊ ယင်းကုမ္ပဏီ ပျက်သွားပြီဟု ဆိုသည်မှာလည်း မှန်ကန်မှု မရှိကြောင်း မထသ ဗဟို ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

မော်တော်ယာဉ်လိုင်း အချို့တွင် iPay ကတ် အသုံးပြုသည့် စက်အချို့ တပ်ဆင်ထားသော်လည်း အများစုမှာ အသုံးပြုခြင်း မရှိဘဲ အချို့မှာ စက်များကို ဖယ်ထုတ်ထားသည်များ တွေ့ရှိရကြောင်း တာမွေမြို့နယ် နတ်ချောင်း ရပ်ကွက်တွင် နေထိုင်သူ ကိုအောင်မင်းက ပြောဆိုသည်။

“ကားပေါ်မှာ အဲဒီကိစ္စက တော်တော်ကြုံရတယ်။ iPay စက်က သုံးလို့ မရဘူး”ဟု ၎င်းကဆိုသည်။

“လွန်ခဲ့တဲ့ သုံးပတ်ထဲက iPay ကတ် အသစ်လုပ်ထားတယ်။ အဲဒီကတည်းက အခုထိ iPay စက်တပ်တဲ့ကား မမြင်လို့ မသုံးရသေးဘူး”ဟု သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ရန်ကုန်သစ် ရပ်ကွက်တွင် နေထိုင်သူ မအေးသန္တာထွန်းက ပြောကြားသည်။

၂၀၁၂ ခုနှစ် ဧပြီလမှ စတင်ကာ iPay ဝန်ဆောင်မှုစနစ်ကို စတင်လုပ်ဆောင်ခဲ့ပြီး မြို့တွင်း မော်တော်ယာဉ်လိုင်း ခြောက်လိုင်းဖြစ်သော အဓိပတိ ယာဉ်လိုင်း (အပြာ၊ အနီ၊ အဝါ)၊ ပါရမီ ယာဉ်လိုင်း (၁၈၂)၊ ရွှေအင်းဝ ယာဉ်လိုင်း (၁၉၇)၊ မ.ထ.သ အထူးယာဉ်လိုင်း (၂၁၃)၊ အရှေ့ပိုင်းခရိုင် ယာဉ်လိုင်း (၂၃၇)၊ မြောက်ပိုင်းခရိုင် ယာဉ်လိုင်း (၁၂၄) တို့တွင် စက်အလုံးရေ ၃၀၀ ကို တပ်ဆင်ခဲ့ပြီး ဖြစ်ကြောင်း iPay ကုမ္ပဏီ စာရင်းအရ သိရသည်။

The Voice Weekly

Thursday, June 20, 2013

ကြိုတင်ငွေပေးကတ် (iPay ကတ်) ဖြင့် စီးနင်းနိုင်သော မော်တော် ယာဉ်လိုင်းများတွင် မော်တော်ယာဉ် လုပ်သား အချို့က iPay ကုမ္ပဏီ ပျက်သွားပြီဟု ပြောဆိုနေသည့် သတင်းမှာ မှန်ကန်မှု မရှိကြောင်း ယင်းကုမ္ပဏီ အော်ပရေးရှင်း မန်နေဂျာ ဦးသန့်ဇင်ဦးက The Voice သို့ ပြောကြားသည်။“ကုမ္ပဏီက မပျက်ပါဘူး။ ဆက်တိုးချဲ့ဖို့ပဲ ရှိတယ်”ဟု ၎င်းကဆိုသည်။
မော်တော်ယာဉ် လုပ်သားအချို့က iPay ကုမ္ပဏီ ပျက်သွားပြီဟု ပြောဆိုခြင်း
ဖြစ်ကြောင်း ကုမ္ပဏီနှင့် လုပ်ငန်း လုပ်ဆောင်နေသော မော်တော် ယာဉ်လိုင်း အများအပြား ရှိကြောင်း၊ iPay ကတ်ဖြင့် စီးနင်းနိုင်မည့် မော်တော်ယာဉ် လိုင်းများလည်း ယခုလအတွင်း မြို့တွင်း ယာဉ်လိုင်း နှစ်လိုင်းတွင် ထပ်မံတိုးချဲ့ တပ်ဆင်သွားမည် ဖြစ်ကြောင်း၊ အသစ်တိုးချဲ့ တပ်ဆင်ရာတွင် အဓိပတိ ယာဉ်လိုင်းအမှတ် (၁၇၃)နှင့် အမှတ် (၁၇၉) တို့ရှိ ယာဉ်စီးရေ ၃၅ စီးတွင် တပ်ဆင်ကာ ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း၊ လတ်တလောစက်များ တပ်ဆင်မှု အပိုင်းကို လုပ်ဆောင်လျက် ရှိကြောင်း ၎င်းကပြောကြားသည်။

မထသ လက်အောက်ရှိ iPay ကတ်ဖြင့် စီးနင်းနိုင်သော မော်တော်ယာဉ် လိုင်းများတွင် မော်တော်ယာဉ် လုပ်သား အချို့က ခရီးသည် အချို့အား ယင်းကုမ္ပဏီ ပျက်သွားပြီဟု ပြောဆိုမှုကြောင့် မထသသို့ လာရောက် တိုင်ကြားမှုများ ရှိကြောင်း၊ ယင်းကုမ္ပဏီ ပျက်သွားပြီဟု ဆိုသည်မှာလည်း မှန်ကန်မှု မရှိကြောင်း မထသ ဗဟို ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

မော်တော်ယာဉ်လိုင်း အချို့တွင် iPay ကတ် အသုံးပြုသည့် စက်အချို့ တပ်ဆင်ထားသော်လည်း အများစုမှာ အသုံးပြုခြင်း မရှိဘဲ အချို့မှာ စက်များကို ဖယ်ထုတ်ထားသည်များ တွေ့ရှိရကြောင်း တာမွေမြို့နယ် နတ်ချောင်း ရပ်ကွက်တွင် နေထိုင်သူ ကိုအောင်မင်းက ပြောဆိုသည်။

“ကားပေါ်မှာ အဲဒီကိစ္စက တော်တော်ကြုံရတယ်။ iPay စက်က သုံးလို့ မရဘူး”ဟု ၎င်းကဆိုသည်။

“လွန်ခဲ့တဲ့ သုံးပတ်ထဲက iPay ကတ် အသစ်လုပ်ထားတယ်။ အဲဒီကတည်းက အခုထိ iPay စက်တပ်တဲ့ကား မမြင်လို့ မသုံးရသေးဘူး”ဟုသင်္ဃန်းကျွန်းမြို့နယ်သုဝဏ္ဏရန်ကုန်သစ် ရပ်ကွက်တွင် နေထိုင်သူ မအေးသန္တာ
ထွန်းက ပြောကြားသည်။

၂၀၁၂ ခုနှစ် ဧပြီလမှ စတင်ကာ iPay ဝန်ဆောင်မှုစနစ်ကို စတင်လုပ်ဆောင်ခဲ့ပြီး မြို့တွင်း မော်တော်ယာဉ်
လိုင်း ခြောက်လိုင်းဖြစ်သော အဓိပတိ ယာဉ်လိုင်း (အပြာ၊ အနီ၊ အဝါ)၊ ပါရမီ ယာဉ်လိုင်း (၁၈၂)၊ ရွှေအင်းဝ ယာဉ်လိုင်း (၁၉၇)၊ မ.ထ.သ အထူးယာဉ်လိုင်း (၂၁၃)၊ အရှေ့ပိုင်းခရိုင် ယာဉ်လိုင်း (၂၃၇)၊ မြောက်ပိုင်းခရိုင် ယာဉ်လိုင်း (၁၂၄) တို့တွင် စက်အလုံးရေ ၃၀၀ ကို တပ်ဆင်ခဲ့ပြီး ဖြစ်ကြောင်း iPay ကုမ္ပဏီ စာရင်းအရ သိရ
သည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 20.6.2013

0 comments:

Post a Comment