Pages

Thursday, June 20, 2013

ကမ္ဘာ့ဒုက္ခသည်နေ့ကို ကမ္ဘာတလွှားမှာ ကျင်းပ

ကမ္ဘာ့ဒုက္ခသည်နေ့ကို ကမ္ဘာတလွှားမှာ ကျင်းပကြ

ဇွန်လ ၂၀ ရက် ၂၀၁၃

ဒီကနေ့မှာကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ သြစတြေးလျနိုင်ငံ အပါအ၀င် ကမ္ဘာအရပ်ရပ်က ဂုဏ်ပြုကျင်းပကြသလို တချို့က ဆန္ဒပြမှုတွေပြုလုပ်နေကြပါတယ်။

ကမ္ဘာ့ဒုက္ခသည်နေ့ဟာ ဒုက္ခသည်တွေအဖို့ သူတို့ရင်ကြုံတွေ့နေရတဲ့ အခက်အခဲ တွေနဲ့ ဘယ်လိုမျိုး ရင်ဆိုင်ကျော်လွှားသွားရမယ်ဆိုတဲ့ တွန်း အား တွေ ကို ဖော် ပြနိုင် တဲ့ နေ့ရက် အချိန် အခါ ဖြစ်တယ်လို့ ကုလမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး ကိုယ်စားလှယ် Antonio Guterres က ပြောပါတယ်။

အဲဒါအပြင် ဒီကနေ့ဟာ စစ်ပွဲတွေ၊ သဘာဝဘေးအန္တရာယ်တွေနဲ့ လူသားခြင်းစာနာထောက်တဲ့ အကူ အညီတွေ လိုအပ်နေတဲ့သူတွေအတွက် အထောက်အပံ့အကူအညီတွေပေးဖို့ အတွက် ပိုမိုဦးတည် လုပ်ကိုင်လို့ရတဲ့ အခွင့်ရေးနေ့တနေ့ဖြစ်တယ်လို့လည်းဆိုပါတယ်။ ပြီးတော့ ဒုက္ခသည်များနေ့မှာ ဒုက္ခသည်မိသားစု တစ်စုစီကို ကူညီဖို့အတွက် ကုလမဂ္ဂက လူတိုင်းကို ဖိတ်ခေါ် လိုက်ပါတယ်။

ကုလမဂ္ဂ ဒုက္ခသည်အေဂျင်စီရဲ့အဆိုအရ ယခုနှစ် ကမ္ဘာပေါ်က ဒုက္ခသည်အရေအတွက်ဟာ ပြီးခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်းမှာ အများဆုံးပဲဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က ရွှေ့ပြောင်းဒုက္ခသည်ဦးရေ ရှစ်သန်းနီးပါးရှိပြီး များသောအားဖြင့် ပဋ္ဋိပက္ခတွေကြောင့် ရွှေ့ပြောင်းနေထိုင်ကြတဲ့ ဒုက္ခသည်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုဒုက္ခသည်ဦးရေဟာ ဆီးရီးယားနိုင်ငံက နောက်ဆုံးဒုက္ခသည်ဦးရေတွေ မပါဝင်သေးဘူးလို့လည်း ကုလမဂ္ဂ ကပြောပါတယ်။

ကုသမဂ္ဂရဲ့ ခန့်မှန်းခြေအရ ဆီးရီးယားနိုင်ငံမှာ ၂၀၁၁ခုနှစ်ကစပြီး ပဋိပက္ခကြောင့် ဒုက္ခသည် တစ်သန်းကျော်ရှိပြီး ယခုနှစ်နှောင်းပိုင်းအထိဆိုရင် ဒုက္ခသည်ဦးရေ သုံးသန်းအထိ တိုးလာနိုင်တယ်လို့ ဆိုပါတယ်။

တချိန်ထဲမှာပဲ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာရှိတဲ့ မြန်မာဒုက္ခသည်များကလည်း သူတို့ရင်ဆိုင် ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဖော်ပြတဲ့အနေနဲ့ ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ဆန္ဒပြမှု တခုပြုလုပ်သွားဖို့ရှိတယ်လို့ Burma Centre Delhi က ကြေငြာချက်တစောင် ထုတ်ပြန် လိုက်ပါတယ်။

သြစတြေးလျနိုင်ငံမှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက ခိုလုံခွင့်တောင်းခံတဲ့ ဒုက္ခသည်တွေကို ထိမ်းသိမ်းရေးစခန်းတွေမှာ ထားရှိတာတွေရပ်ဆိုင်းပေးဖို့အတွက် ထောင်နဲ့ချီတဲ့လူတွေက ဆန္ဒပြမှုတွေပြုလုပ်ခဲ့ကြပါတယ်။

သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေထိုင်ကြတဲ့ ဒုက္ခသည်များကတော့ ဒုက္ခသည်များနေ့ကို ဂုဏ်ပြုကျင်းပကြတဲ့အနေနဲ့ ဒုက္ခသည်သီတင်းပတ် Refugee Week အနေနဲ့ တချို့က ဒီကနေ့မှာကျင်းပကြမှာဖြစ်သလို တချို့ကတော့ မနက်ဖြန်မှာ ကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။

ABC Radio

ဇွန်လ ၂၀ ရက် ၂၀၁၃
ဒီကနေ့မှာကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ သြစတြေးလျနိုင်ငံ အပါအ၀င် ကမ္ဘာအရပ်ရပ်က ဂုဏ်ပြု
ကျင်းပကြသလို တချို့က ဆန္ဒပြမှုတွေပြုလုပ်နေကြပါတယ်။ ကမ္ဘာ့ဒုက္ခသည်နေ့ဟာ ဒုက္ခသည်တွေအဖို့ သူတို့ရင်ကြုံတွေ့နေရတဲ့ အခက်အခဲ တွေနဲ့ ဘယ်လိုမျိုး ရင်ဆိုင်
ကျော်လွှားသွားရမယ်ဆိုတဲ့ တွန်းအား တွေ ကို ဖော် ပြနိုင်တဲ့ နေ့ရက်အချိန်အခါ ဖြစ်တယ်လို့ ကုလမဂ္ဂ ဒုက္ခ
သည်များ ဆိုင်ရာ မဟာမင်းကြီးရုံး ကိုယ်စားလှယ် Antonio Guterres က ပြောပါတယ်။

အဲဒါအပြင် ဒီကနေ့ဟာ စစ်ပွဲတွေ၊ သဘာဝဘေးအန္တရာယ်တွေနဲ့ လူသားခြင်းစာနာထောက်တဲ့ အကူ အညီ
တွေလိုအပ်နေတဲ့သူတွေအတွက်အထောက်အပံ့အကူအညီတွေပေးဖို့အတွက် ပိုမိုဦးတည် လုပ်ကိုင်လို့ရတဲ့ အခွင့်ရေးနေ့တနေ့ဖြစ်တယ်လို့လည်းဆိုပါတယ်။ ပြီးတော့ ဒုက္ခသည်များနေ့မှာဒုက္ခသည်မိသားစုတစ်စုစီကို
ကူညီဖို့အတွက် ကုလမဂ္ဂက လူတိုင်းကို ဖိတ်ခေါ် လိုက်ပါတယ်။

ကုလမဂ္ဂ ဒုက္ခသည်အေဂျင်စီရဲ့အဆိုအရ ယခုနှစ် ကမ္ဘာပေါ်က ဒုက္ခသည်အရေအတွက်ဟာ ပြီးခဲ့တဲ့ နှစ်နှစ်
ဆယ်အတွင်းမှာ အများဆုံးပဲဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က ရွှေ့ပြောင်းဒုက္ခသည်ဦးရေရှစ်သန်းနီးပါး
ရှိပြီးများသောအားဖြင့်ပဋ္ဋိပက္ခတွေကြောင့် ရွှေ့ပြောင်းနေထိုင်ကြတဲ့ဒုက္ခသည်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုဒုက္ခသည်ဦးရေဟာ ဆီးရီးယားနိုင်ငံက နောက်ဆုံးဒုက္ခသည်ဦးရေတွေ မပါဝင်သေးဘူးလို့လည်း ကုလမ
ဂ္ဂ ကပြောပါတယ်။

ကုသမဂ္ဂရဲ့ခန့်မှန်းခြေအရဆီးရီးယားနိုင်ငံမှာ၂၀၁၁ခုနှစ်ကစပြီး ပဋိပက္ခကြောင့် ဒုက္ခသည် တစ်သန်းေ
ကျာ်
ရှိပြီး ယခုနှစ်နှောင်းပိုင်းအထိဆိုရင် ဒုက္ခသည်ဦးရေ သုံးသန်းအထိ တိုးလာနိုင်တယ်လို့ ဆိုပါတယ်။

တချိန်ထဲမှာပဲ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာရှိတဲ့ မြန်မာဒုက္ခသည်များကလည်း သူတို့ရင်ဆိုင် ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဖော်ပြတဲ့အနေနဲ့ဒီကနေ့ကျရောက်တဲ့ကမ္ဘာ့ဒုက္ခသည်များနေ့မှာဆန္ဒပြမှုတခုပြုလုပ်သွား
ဖို့ရှိတယ်လို့ Burma Centre Delhi က ကြေငြာချက်တစောင် ထုတ်ပြန် လိုက်ပါတယ်။

သြစတြေးလျနိုင်ငံမှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက ခိုလုံခွင့်တောင်းခံတဲ့ ဒုက္ခသည်တွေကို ထိမ်းသိမ်း
ရေးစခန်းတွေမှာ ထားရှိတာတွေရပ်ဆိုင်းပေးဖို့အတွက် ထောင်နဲ့ချီတဲ့လူတွေက ဆန္ဒပြမှုတွေပြုလုပ်ခဲ့ကြ
ပါတယ်။

သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေထိုင်ကြတဲ့ ဒုက္ခသည်များကတော့ ဒုက္ခသည်များနေ့ကို ဂုဏ်ပြုကျင်းပကြ
တဲ့အနေနဲ့ ဒုက္ခသည်သီတင်းပတ် Refugee Week အနေနဲ့ တချို့က ဒီကနေ့မှာကျင်းပကြမှာဖြစ်သလို တချို့
ကတော့ မနက်ဖြန်မှာ ကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။

ABC Radio , RangonNewsDaily
kolatt(PBDN): 20.6.2013

0 comments:

Post a Comment