Pages

Thursday, June 20, 2013

ဖုန်းလိုင်းနှင့် အင်တာနက် ထောက်လှမ်းရေး အစီအစဉ်များကြောင့် အကြမ်းဖက်မှုပေါင်း ၅ဝ ကျော်ကို ဖော်ထုတ် ဟန့်တားနိုင်ခဲ့ NSA အကြီးအကဲ ပြောကြား

ဖုန်းလိုင်းနှင့် အင်တာနက် ထောက်လှမ်းရေး အစီအစဉ်များကြောင့် အကြမ်းဖက်မှုပေါင်း ၅ဝ ကျော်ကို ဖော်ထုတ် ဟန့်တားနိုင်ခဲ့ NSA အကြီးအကဲ ပြောကြား 
Thursday, June 20, 2013

အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA)မှ လုပ်ဆောင်လျက် ရှိသော ဖုန်းလိုင်းများနှင့် အင်တာနက် စုံစမ်း ထောက်လှမ်းရေး အစီအစဉ်များသည်  အမေရိကန် ပြည်ထောင်စုနှင့် ၎င်းတို့၏ မဟာမိတ် နိုင်ငံများ

အား တိုက်ခိုက်ရန် ကြံစည်ထားသည့် အကြမ်းဖက်မှု အစီအစဉ်ပေါင်း ၅ဝ ကျော်ကို ဖော်ထုတ် ဟန့်တားနိုင်ခဲ့သည်ဟု NSA အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ကိတ်သ်အလက်ဇန္ဒားက ဇွန် ၁၈ ရက်တွင် ပြောကြား သည်။ ဖုန်းလိုင်းများနှင့် အင်တာနက်လိုင်း များအား စုံစမ်း ထောက်လှမ်းသည့် အစီအစဉ်များသည်   မိမိတို့ နိုင်ငံနှင့် မဟာမိတ် နိုင်ငံများ၏ လုံခြုံရေးအတွက် ကြီးမားစွာ အထောက်အကူ ပြုလျက် ရှိကြောင်း၊ မကြာသေးမီ နှစ်များအတွင်းက ကမ္ဘာတစ်ဝန်းရှိ အကြမ်းဖက် ခြိမ်းခြောက်မှုများ ရန်မှ အမေရိကန် ပြည်ထောင်စုနှင့် မဟာမိတ် နိုင်ငံများကို  ကာကွယ် ပေးနိုင်ခဲ့ကြောင်း၊  9/11 ဖြစ်ပွားပြီး ချိန်မှစ၍ အကြမ်းဖက် လှုပ်ရှားမှု အစီအစဉ်ပေါင်း ၅ဝ ကျော်ကို ဖော်ထုတ် ကာကွယ်နိုင်ခဲ့သည်ဟု အလက်ဇန္ဒားက ပြောကြားသည်။

ဖော်ထုတ် နိုင်ခဲ့သည့် အကြမ်းဖက်မှုများတွင် နယူးယောက် စတော့ ဈေးကွက်ကို တိုက်ခိုက်မည့်  အစီအစဉ်လည်း ပါဝင်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ဖုန်းမှတ်တမ်းများ စုစည်းမှုနှင့် အင်တာနက် အချက်အလက်များကို စုဆောင်းသည့် အစီအစဉ်များကို အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ NSA က ယခင် သီတင်းပတ် တွင် ထုတ်ဖော် ပြောကြား ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ 

မြ၀တီ

Thursday, June 20, 2013

အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA)မှ လုပ်ဆောင်လျက် ရှိသော ဖုန်းလိုင်းများနှင့် အင်တာနက် စုံစမ်း ထောက်လှမ်းရေး အစီအစဉ်များသည် အမေရိကန် ပြည်ထောင်စုနှင့် ၎င်းတို့၏ မဟာမိတ် နိုင်ငံများ အား တိုက်ခိုက်ရန် ကြံစည်ထားသည့် အကြမ်းဖက်မှု အစီအစဉ်ပေါင်း ၅ဝ ကျော်ကို ဖော်ထုတ် ဟန့်တားနိုင်ခဲ့သည်ဟု NSA အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ကိတ်သ်အလက်ဇန္ဒားက ဇွန် ၁၈ ရက်တွင် ပြောကြား သည်။ ဖုန်းလိုင်းများနှင့် အင်တာနက်လိုင်း များအား စုံစမ်း ထောက်လှမ်းသည့် အစီအစဉ်များသည် မိမိတို့ နိုင်ငံနှင့် မဟာမိတ် နိုင်ငံများ၏ လုံခြုံရေးအတွက် ကြီးမားစွာ အထောက်အကူ ပြုလျက် ရှိကြောင်း၊ မကြာသေးမီ နှစ်များအတွင်းက ကမ္ဘာတစ်ဝန်းရှိ အကြမ်းဖက် ခြိမ်းခြောက်မှုများ ရန်မှ အမေရိကန် ပြည်ထောင်စုနှင့် မဟာမိတ် နိုင်ငံများကို ကာကွယ် ပေးနိုင်ခဲ့ကြောင်း၊ 9/11 ဖြစ်ပွားပြီး ချိန်မှစ၍ အကြမ်းဖက် လှုပ်ရှားမှု အစီအစဉ်ပေါင်း ၅ဝ ကျော်ကို ဖော်ထုတ် ကာကွယ်နိုင်ခဲ့သည်ဟု အလက်ဇန္ဒားက ပြောကြားသည်။

ဖော်ထုတ် နိုင်ခဲ့သည့် အကြမ်းဖက်မှုများတွင် နယူးယောက် စတော့ ဈေးကွက်ကို တိုက်ခိုက်မည့် အစီအစဉ်လည်း ပါဝင်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ဖုန်းမှတ်တမ်းများ စုစည်းမှုနှင့် အင်တာနက် အချက်အလက်များကို စုဆောင်းသည့် အစီအစဉ်များကို အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ NSA က ယခင် သီတင်းပတ် တွင် ထုတ်ဖော် ပြောကြား ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မြ၀တီ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၀.၆.၂၀၁၃

0 comments:

Post a Comment