Pages

Thursday, June 20, 2013

ရန်ကုန်မြစ်ကို ဖြတ်၍ တံတားတည် ဆောက်မည်

Photo: ရန်ကုန်မြစ်ကို ဖြတ်၍ တံတားတည် ဆောက်မည် 
Thursday, June 20, 2013

ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ တည်ရှိသော ရန်ကုန်မြစ်ကို ဖြတ်၍ မြစ်ကူး တံတားကြီး တစ်စင်း ဆောက်လုပ်ရန် သက်ဆိုင်ရာမှ စတင် စီစဉ်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။ ၎င်းမြစ်ကူး တံတားသည်

ရန်ကုန်ဘက်ကမ်း နှင့် ဒလဘက် ကမ်းကို ဆက်သွယ် ပေးရန်အတွက် ဖြစ်ပြီး တံတားတည်ဆောက်မည့် နေရာကို အတိအကျ မသတ်မှတ် ရသေးသော်လည်း ပန်းဘဲတန်း၊ လသာ၊ လမ်းမတော် စသည့် မြို့နယ်များတွင် ကနဦးနေရာ သုံးနေရာကို သက်ဆိုင်ရာမှ လျာထားပြီး ဖြစ်သည်။ ထိုနေရာများ အနက်မှ လမ်းမတော် မြို့နယ်ရှိ ဘုန်းကြီးလမ်း တံတားအမှတ် (၂) အနီး၌ သတ်မှတ် လျာထားသော နေရာသည် တံတား ဆောက်လုပ်ရန် ဖြစ်နိုင်ခြေ အများဆုံး နေရာတစ်ခု ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ တံတားကို ဆောက်လုပ်ရာတွင် ပြည်တွင်းရှိ ဆောက်လုပ်ရေးနှင့် ပတ်သက်သော မည်သည့် ဝန်ကြီးဌာနကမှ ပါဝင်ခြင်းမရှိဘဲ နိုင်ငံခြား ဆောက်လုပ်ရေး ကုမ္ပဏီကြီး   တစ်ခုကိုသာ တာဝန်ပေး ဆောက်လုပ်ခိုင်းမည် ဖြစ်ရာ ယခုအခါ နိုင်ငံတကာမှ ဆောက်လုပ်ရေး ကုမ္ပဏီကြီး အချို့ လာရောက် လေ့လာကာ ကမ်းလှမ်း ထားသည်များရှိပြီး ကိုရီးယားနိုင်ငံမှ ဆောက်လုပ်ရေး ကုမ္ပဏီကြီးများလည်း ပါဝင်ကြောင်း သိရသည်။

ယင်းမြစ်ကူးတံတား တည်ဆောက်မည့် ရန်ကုန်မြစ်သည် ပြည်တွင်း သင်္ဘောများ သွားလာ ခုတ်မောင်းလျက်ရှိသော မြစ်တစ်စင်း ဖြစ်သလို ပင်လယ်ကူး သင်္ဘောကြီးများလည်း ဝင်ထွက် သွားလာနေသော မြစ်ဖြစ် သည့် အတွက် တံတား ဆောက်လုပ်မည် ဆိုပါက အလွန်မြင့်သော ကြိုးတံတား သို့မဟုတ် သာကေတ တံတားကဲ့သို့ ဆွဲလှန်၍ရသော ပတ္တာဆက် တံတားမျိုး ဆောက်မှသာ အဆင်ပြေနိုင် မည် ဖြစ်ကြောင်း ရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။    

မြ၀တီ

Thursday, June 20, 2013

ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ တည်ရှိသော ရန်ကုန်မြစ်ကို ဖြတ်၍ မြစ်ကူး တံတားကြီး တစ်စင်း ဆောက်
လုပ်ရန် သက်ဆိုင်ရာမှ စတင် စီစဉ်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။ ၎င်းမြစ်ကူး တံတားသည်ရန်
ကုန်ဘက်ကမ်း နှင့် ဒလဘက် ကမ်းကို ဆက်သွယ် ပေးရန်အတွက် ဖြစ်ပြီး တံတားတည်ဆောက်မည့် နေရာ
ကို အတိအကျ မသတ်မှတ် ရသေးသော်လည်း ပန်းဘဲတန်း၊ လသာ၊ လမ်းမတော် စသည့် မြို့နယ်များတွင် ကနဦးနေရာ သုံးနေရာကို သက်ဆိုင်ရာမှ လျာထားပြီး ဖြစ်သည်။ ထိုနေရာများ အနက်မှ လမ်းမတော် မြို့နယ်ရှိ ဘုန်းကြီးလမ်း တံတားအမှတ် (၂) အနီး၌ သတ်မှတ် လျာထား
သော နေရာသည်တံတား ဆောက်လုပ်ရန် ဖြစ်နိုင်ခြေ အများဆုံး နေရာတစ်ခု ဖြစ်ကြောင်း ဆောက်လုပ်
ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ တံတားကို ဆောက်လုပ်ရာတွင် ပြည်တွင်းရှိ ဆောက်လုပ်ရေးနှင့် ပတ်သက်သော မည်သည့် ဝန်ကြီး
ဌာနကမှ ပါဝင်ခြင်းမရှိဘဲ နိုင်ငံခြား ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုကိုသာ တာဝန်ပေး ဆောက်လုပ်ခိုင်း
မည် ဖြစ်ရာ ယခုအခါ နိုင်ငံတကာမှ ဆောက်လုပ်ရေး ကုမ္ပဏီကြီး အချို့ လာရောက် လေ့လာကာကမ်းလှမ်း
 ထားသည်များရှိပြီး ကိုရီးယားနိုင်ငံမှ ဆောက်လုပ်ရေး ကုမ္ပဏီကြီးများလည်း ပါဝင်ကြောင်း သိရသည်။

ယင်းမြစ်ကူးတံတား တည်ဆောက်မည့် ရန်ကုန်မြစ်သည် ပြည်တွင်းသင်္ဘောများသွားလာ ခုတ်မောင်းလျက်
ရှိသော မြစ်တစ်စင်း ဖြစ်သလိုပင်လယ်ကူးသင်္ဘောကြီးများလည်းဝင်ထွက်သွားလာနေသော မြစ်ဖြစ် သည့် 
အတွက် တံတား ဆောက်လုပ်မည် ဆိုပါက အလွန်မြင့်သော ကြိုးတံတား သို့မဟုတ် သာကေတ တံတားကဲ့
သို့ ဆွဲလှန်၍ရသော ပတ္တာဆက် တံတားမျိုး ဆောက်မှသာ အဆင်ပြေနိုင် မည် ဖြစ်ကြောင်း ရေကြောင်း ပို့
ဆောင်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

မြ၀တီ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၀.၆.၂၀၁၃

0 comments:

Post a Comment