အစိုးရမဟုတ်သော ပြည်တွင်း၊
ပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီဦးဆောင်ပြီး မြန်မာနိုင်ငံအတွင်း
မှာရှိတဲ့ NGOs, INGOs (၃၆) ဖွဲ့နဲ့ ရှေ့ဆက်လုပ်ငန်း
တာဝန်တွေ ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးပွဲ တစ်ခုကို ရန်ကုန်မြို့
ဗဟန်းမြို့နယ်မှာရှိတဲ့ တော်ဝင်နှင်းဆီမှာ မနေ့ နေ့လည်ပိုင်းက
ကျင်းပခဲ့ပါတယ်။