Pages

Thursday, September 27, 2012

ပုဂံနန်းတော်ရာတွင် အနှိပ်ခန်းထည့်သွင်းမည်ကို ဒေသခံများ လက်မခံ

 
သမိုင်းပြတိုက်ဝင်း(HistoricalPark)အဖြစ်ပြုလုပ်မည့်ပုဂံမြို့ဟောင်းနန်းတော်ရာအထဲတွင်စားသောက်ဆိုင်နှင့်
ရိုးရာအနှိပ်ခန်းများထည့်သွင်းရန်ဆောက်လုပ်မည့်ကုမ္ပဏီကစီစဉ်နေသည့်အပေါ်တွင်ဒေသခံများနှင့်လူမှုအ
ရေး အဖွဲ့အစည်းများက လက်ခံနိုင်ခြင်းမရှိကြောင်း သိရသည်။
ပုဂံနန်းတော်ရာတွင်နိုင်ငံခြားသားခရီးသွားများအတွက်မြန်မာ လအလိုက် ပျော်ပွဲရွင်ပွဲများပြုလုပ်ပေးမည်
ဖြစ်ပြီး စားသောက်ဆိုင်နှင့် အနှိပ်ခန်းထားရှိမှုကို ဒေသခံများက လက်ခံနိုင်မှုမရှိကြောင်း သိရသည်။

ဒီနေရာအတွက်ကျွန်တော်တို့ နေအိမ်တွေ စားသောက်ဆိုင်တွေ ဖယ်ပေးထားရတာပါ၊ ဒါကိုသူတို့က ဒီမှာ စားသောက်ဆိုင်ဖွင့်မယ်ဆိုရင်လက်ခံလို့မရဘူး၊ရိုးရာအနှိပ်ခန်းဆိုရင်တောင်ယဉ်ကျေးမှုအရကို ကန့်ကွက်
ရမှာပါဟု အဆိုပါမြေနေရာ အတွက် ပြောင်းရွေ့ပေးခဲ့ရသည့် ဒေသခံ ကိုအောင်ရွှေက ပြောသည်။
 
အနော်ရထာမင်းလက်ထက်ကတည်ထားခဲ့သော နန်းတော်နှင့်ပုံစံတူပြုလုပ်ထားသော နန်းတော်ရာထဲ တွင် စားသောက်ဆိုင်များအနှိပ်ခန်းများထည့်သွင်းရန်စီစဉ်နေကြောင်းကို ပုဂံမြို့ပွင့်လင်းလူ့အဖွဲ့အစည်းထံက သိရှိရသည်။
 
အထက်ပါကိစ္စမှာယဉ်ကျေးမှုနယ်မြေဖြစ်သည့်အလျောက်ပုဂံပွင့်လင်းလူ့အဖွဲ့အစည်းမှ နိုင်ငံတော်သမ္မတနှင့် 
(၈၈)မျိုးဆက်ကျောင်းသားများထံ စာတင်ခဲ့ကြောင်းကိုလည်း သိရှိရသည်။
 
ကျွန်တော်တို့ပုဂံညောင်ဦးမြို့မှာစည်ဘီယာတောင်ရောင်းခွင့်မပေးပါဘူး။ ဒါကိုသူတို့က နန်းတော်ရာထဲကို စားသောက်ဆိုင်တို့အနှိပ်ခန်းတို့ထည့်မယ်ဆိုတာကိုတော့လုံးဝပိတ်ပင်သွားမှာပါကျွန်တော်တို့ ပုဂံညောင်ဦး မြို့ကို စော်ကားသလိုပဲ``ဟု ပုဂံမြို့ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းညွန့်က ပြောသည်။
 
ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နယ်မြေကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရန် ထည့်သွင်းထားခြင်းကြောင့်ပုဂံမြို့ဟောင်းအတွင်းရှိနန်းတော်ရာထဲတွင်စားသောက်ဆိုင်များ၊ ကာရာအိုကေ
နှင့်အနှိပ်ခန်းများအားထည့်သွင်းခွင့်မပြုကြောင်းကိုလည်းယဉ်ကျေးမှု့ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ညွန်ကြားရေးမှုးချုပ် ဦးကျော်ဦးလွင်က ဆိုသည်။
 
နန်းတော်ရာထဲမှာအနှိပ်ခန်းတို့ကာရာအိုကေတို့ကိုဖွင့်ဖို့ရာခွင့်မပြုပါဘူးဟုညွန်ကြားရေးမှုးချုပ်ဦးကျော်ဦး
လွင်က ပြောသည်။
 
ပုဂံရှေ့ဟောင်းယဉ်ကျေးမှုအမွေအနှစ်နယ်မြေနယ်ကိုကမ္ဘာလှည့်ခရီးသွားများမှ အထူးစိတ်ဝင်စားလျက်ရှိပြီး ယခုအခါမြန်မာ့နိုင်ငံရေးအပြောင်းအလဲများကြောင့်ပုဂံမြို့သို့ကမ္ဘာလှည့်ခရီးသွားများ စံချိန်တင်ဝင်ရောက်
နကြောင်းကိုလည်း သိရှိရသည်။ပုဂံရှေ့ဟောင်းယဉ်ကျေးမှုအမွေအနှစ်နယ်မြေအတွင်းတွင် ဟိုတယ်များ
အသစ် တည်ဆောက်ခွင့်မပြု ကြောင်းကိုလည်း သိရှိရသည်။
 
တူရင်းတောင်ခြေရှိမြကန်သာကန်အနီးတွင်ဟိုတယ်ဇုံအသစ်ဆောက်လုပ်ခွင့်မခွင့်မပြုကြောင်း၊ ဟိုတယ်အ
သစ်တည်ဆောက်ပါကပုဂံမြို့သစ်တောင်ဘက်ရှိဟိုတယ်ဇုံ(၄)တွင်သာတည်ဆောက် ခွင့်ပြုထားခြင်းဖြစ်
သည်။
 
ထိုနန်းတော်ရာကို တည်ဆောက်မည့် ကုမ္ပဏီမှာ ထူးကုမ္မဏီမှ အဋ္ဌားစာချုပ်နှင့် လုပ်ကိုင်နေခြင်းဖြစ်ပြီး ၄င်းကုမ္ပဏီမှ ပိုင်ဆိုင်သည့် ဟိုတယ်များ ပုဂံတွင် များစွာရှိကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။
  မြစ်မခ

0 comments:

Post a Comment