Pages

Thursday, September 27, 2012

အမေရိကရောက် မြန်မာများ ညီညွတ်ကြရန်နှင့် ပြန်လာချင်ပါက အစွမ်းကုန် ကူညီမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဖို့တ်ဝိန်း(အင်ဒီးဟားနား)၊စက်တင်ဘာ-၂၆

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စု၌ ရောက်ရှိနေစဉ် အင်ဒီးဟားနားပြည်နယ်ဖို့တ်ဝိန်းရှိမြန်မာလူမျိုးများနှင့်သွားရောက်တွေ့ဆုံခဲ့ကာညီညွတ်ကြရန်ပြည်ပရောက်
နိုင်ငံသားများ ပြန်လာချင်ပါက အစွမ်းကုန် ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်သည် ဖို့တ်ဝိန်းတွင် မြန်မာပရိသတ်၅၀၀၀ကျော်ကို War Memorial Coliseum ခန်းမ
တွင် လက်ခံတွေ့ဆုံကာ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုတွေ့ဆုံပွဲတွင် နိုဗယ်ဆုရှင် အသက် ၆၇ နှစ်အရွယ်
ရှိ ဒေါ်အောင်ဆန်းစုကြည်က ကွဲပြားခြားနားသည့်တိုင်းရင်းသားမျိုးနွယ်စုနောက်ခံများရှိနေသောအမေရိက
ရောက် မြန်မာများကြားတွင် ညီညွတ်ကြရန် တိုက်တွန်းခဲ့သည်။

သူမက "လူတိုင်းကို ညီညွတ်ကြပါလို့ကျွန်မ ပြောချင်ပါတယ်။မနာလိုမဖြစ်ကြဖို့၊ အမုန်းမပွားကြဖို့လည်း ပြော
ချင်ပါတယ်။ ကျွန်မတို့ဟာ ကိုယ့်ရဲ့စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်မှသာ ညီညွတ်နိုင်မယ်။ လက်တွဲနိုင်မယ်။ ကိုယ့်ရဲ့ရည်မှန်းချက်ကို ဦးတည်လုပ်ဆောင်နိုင်ပါမယ်"ဟု ပြောသည်။

ပွဲသို့ တက်ရောက်လာသော သူများမှာ ရိုးရာမြန်မာဝတ်စုံများ၊ တိုင်းရင်းသားဝတ်စုံများကို ဆင်မြန်းထားခဲ့
ကြသည်။ ဒေါ်စုက တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုနှင့် ပတ်သက်၍လည်း "တိုင်းရင်းသားမျိုးနွယ်စုအ
လိုက် ကွဲပြားခြားနားတဲ့ နေရာဒေသတွေ အားလုံးမှာ တိုင်းရင်းသားဘာသာစကားတွေကို သင်ကြားသင့်
တယ်လို့ ကျွန်မ တကယ်ယုံကြည်ပါတယ်။ ကျွန်မတို့ဟာ ကိုယ့်ရဲ့ မျိုးရိုးအမွေအနှစ်နဲ့ ဘာသာစကားတို့ကို ထိန်းသိမ်းသင့်ပါတယ်"ဟု ဆက်လက်ပြောသည်။

သူမသည် တွေ့ဆုံပွဲတွင် ပြည်ပရောက် မြန်မာများအားမိခင်နိုင်ငံသို့ ပြန်လာရေး စဉ်းစားကြရန်အတွက် မိန်
့ခွန်းအဆုံး၌ ဖိတ်ခေါ်ခဲ့သည်။ သူမက "မြန်မာပြည် ပြန်ကြပါလို့ ကျွန်မ ရှင်တို့ကို မတောင်းဆိုနိုင်ပါဘူး။ အာ
ဏာပိုင်တွေကိုလည်း ကျွန်မ မမေးပါဘူး။ ဒါပေမဲ့ မြန်မာပြည်ကို ပြန်ချင်တဲ့ ဆန္ဒရှိသူ ဘယ်သူမဆိုအတွက်
ပြန်နိုင်အောင် ကျွန်မအစွမ်းကုန် ကြိုးစားပေးသွားမှာပါ။ကျွန်မတို့ဟာ ဒီရည်မှန်းချက် အောင်မြင်အောင်အား
လုံးအတူတကွ လုပ်ဆောင်သင့်ပါတယ်"ဟု ပြောခဲ့သည်။

ကိုးကား- USA Today
 
7Day News Journal

0 comments:

Post a Comment