Pages

Thursday, September 27, 2012

မြန်မာမိသားစု တစု အီတလီကမ်းခြေသို့ တရားမဝင် ဆိုက်ရောက်လာ


အီတလီနိုင်ငံ Crotone ကမ်းခြေသို့ လူဦးရေ ၄ဝ ပါ ရွက်သင်္ဘောတစင်း တရားမဝင် ဆိုက်ကပ်ရောက်ရှိလာ
ပြီး ထိုအထဲတွင် မြန်မာမိသားစု တစု ပါဝင်သည်ဟုအီတလီအခြေစိုက်AGI သတင်းတရပ်တွင် ရေးသားထား
သည်။


ကြာသပတေး နံနက် အရုဏ်ဦးအချိန်တွင် ဆိုက်ကပ်လာသောအဆိုပါလှေပေါ်တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသား
အများစု ပါဝင်ပြီး ဆီးရီးယားနိုင်ငံမှ တဦး၊ ကာဒ်လူမျိုး နှစ်ဦးနှင့်အတူ မိခင်၊ဖခင်နှင့်ကလေးနှစ်ဦးပါဝင်သည့်
မြန်မာမိသားစု တစုလည်း ပါဝင်သည်ဟု ဆိုသည်။

၎င်းတို့အား အီတလီရဲတပ်ဖွဲ့နှင့် စေတနာ့ဝန်ထမ်းများက တွေ့ရှိခဲ့ပြီး Sant'Anna ကြိုဆိုရေးဌာနသို့ ပို့ဆောင်
ထားကြောင်း သိရှိရသည်။

နယူးဒေလီ (မဇ္ဈိမ)

0 comments:

Post a Comment