Pages

Thursday, September 27, 2012

Google ဥက္ကဋ္ဌ ယာယီ အထိန်းသိမ်းခံရ

  ရာဇီးမှာရှိတဲ့ဂူဂဲလ်ဥက္ကဋ္ဌ  Fabio Jose Silva Coelho (ဓာတ်ပုံ -- Divulgação)

ဘရာဇီးနိုင်ငံရဲ့ Google ဥက္ကဋ္ဌ မနေ့တုန်းက ယာယီ အထိန်းသိမ်းခံလိုက်ရပါတယ်။အကြောင်းကတော့ 
YouTubeမှာရှိတဲ့ရုပ်သံဖိုင်တခုကို ဖြုတ်မပေးလို့ပါတဲ့။ မြို့တော်ဝန်ရွေးကောက် ပွဲဝင်မယ့်သူတယောက်ကို
တိုက်ခိုက်ထားတယ်ဆိုတဲ့အဲဒီရုပ်သံကအီလက်ထရွန်နစ်ဥပဒေနဲ့ငြိစွန်းတယ်လို့ ဆိုတယ်။နောက်ပိုင်းမှာ
တော့ အာမခံနဲ့ ပြန်လွှတ်ပေးပါတယ်။ဒီလို ထိန်းသိမ်းမှုမတိုင်ခင်တရက်ကလည်း ဘရာဇီး တရားရုံးချုပ်က Google နဲ့ ပတ်သက်ပြီး အမိန့်တခု ချပါသေးတယ်။အဲဒါကတော့မူဆလင်နိုင်ငံတွေမှာမကြာသေးခင်ရက်များအတွင်းဖြစ်ပွားခဲ့တဲ့ ဆူပူမှုတွေကို
ပေါ်ပေါက်စေခဲ့တဲ့ အငြင်းပွားဖွယ် YouTubeရုပ်သံဖြတ်ပိုင်းကို ဖယ်ရှားပေးဖို့ပါပဲ။

 Google က ဒီ ရုပ်သံဖြတ်ပိုင်းကို ၁၀ ရက်အတွင်း ဖယ်ရှားပေးဖို့ အမိန့်ချတယ်တဲ့။Google ပြောခွင့်ရအရာ
ရှိတယောက်ကတော့ သူတို့ဆီကို တရားဝင် အကြောင်းကြားတဲ့စာ မရောက်သေးဘူးလို့ ဆိုတယ်။

ဘရာဇီးမှာGoogleရုံးခွဲ ဖွင့်ထားတာ ၂၀၀၅ ကတည်းကပါ။Orkut လိုမျိုးလူမှုကွန်ရက်တွေ၊ဘလော့တွေမှာ
ဖော်ပြရေးသားနေကြတဲ့ထဲကလူမျိုးရေးခွဲခြားမှုဥပဒေနဲ့ငြိစွန်းတာတွေကိုဖြုတ်ပေးဖို့ ဘရာဇီးအာဏာပိုင်တို့
ဆီက တောင်းဆိုချက်များ မကြာခဏ ရနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်းတရားရုံးကတာင်းဆိုလာတာကြောင့်Orkutမှာရှိတဲ့အချက်အလက်၎ခုကို ဖြုတ်
ပေးခဲ့တယ်လို့ Google အစီရင်ခံစာတခုမှာ ရေးထားပါတယ်။

Blogspot, OrkutYouTube တို့ကို  Google က ပိုင်ဆိုင်ပါတယ်။

ဧရာဝတီ

0 comments:

Post a Comment