Pages

Thursday, September 27, 2012

အလုံမြို့နယ်စော ရန်ပိုင်တောင်ရပ်ကွက် ငုဝါလမ်း၊ တိုက် ၂၄ ၊ ပထမထပ်တွင် တစ်ဦးတည်း နေထိုင်သူ ဦးတင်ထွန်း အသက်(၅၆)နှစ် တိုက်ခန်းတွင် သေဆုံးနေကြောင်း စက်တင်ဘာလ ၂၆ ရက်နေ့ ည ၇ နာရီခန့်က တွေ့ရှိ

 
အလုံမြို့နယ်စော ရန်ပိုင်တောင်ရပ်ကွက် ငုဝါလမ်း၊ တိုက် ၂၄ ၊ ပထမထပ်တွင် တစ်ဦးတည်း နေထိုင်သူ ဦးတင်ထွန်းအသက်(၅၆)နှစ်သည်တိုက်ခန်းတွင်သဆုံးနေကြောင်းစက်တင်ဘာလ၂၆ရက်နေ့ည၇ နာရီခန့်
ကတွေ့ရှိခဲ့ကြောင်းသတင်းရရှိပါသည်။သေဆုံးသူတွင်နှလုံး၊ဆီးချို၊သွးတိုးေ ရာဂါနှင့် လေဖြတ်ဝေဒနာများရှိ
သည်ဟု ၄င်းဆွေမျိုးများ ၏ ပြောကြားချက်အရ သိရသည်။
ထို့အပြင်သေဆုံးသူမှာအကြမ်းဖျင်းအားဖြင့် ရောဂါနှင့် သေဆုံးခြင်းဖြစ်ကြောင်း ၊ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရကြောင်းသိရှိရသည်။
 
စက်တင်ဘာလ၂၄နံနက်ပိုင်းတွင်တိုက်အောက်သို့ဆင်းလာသည်ကို ပတ်ဝန်းကျင်နေသူများမှ တွေ့ရှိလိုက်
သည့်အတွက်သဆုံးနေသည်မှာသုံးရက်ခန့်ရှိနိုင်ကြောင်းလက်ရှိတွင်သေမှုသေခင်းသာဖွင့်လှစ်၍ စစ်ဆေး
နေကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
 
သေဆုံးသူ၏ ရုပ်အလောင်းအား ည ၁၁ နာရီ ၂၀ မိနစ်တွင် သယ်ဆောင်သွားကြောင်း သိရသည်။
 
 
EMG

0 comments:

Post a Comment