Pages

Thursday, September 27, 2012

ဆီးရီးယားတော်လှန်ရေးတပ်ဖွဲ့ဝင်များ အစိုးရဘက်သို့ ဘက်ပြောင်း

syria rebels

ဆီးရီးယားနိုင်ငံတွင် အစိုးရအား လက်နက်ကိုင်ဆန့်ကျင်နေသည့် တော်လှန်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁၁ ဦး
သည် အစိုးရဘက်သို့ ဘက်ပြောင်းလိုက်ကြောင်း RT News က ပြောကြားသည်။

အရာရှိသုံးဦး၊ လက်အောက်ခံအရာရှိ ၂ ဦးနှင့် အရပ်သား ၆ ဦး ပါဝင်သော တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၁ ဦး
မှာ ဗုဒ္ဓဟူးနေ့တွင် သမ္မတဘရှားအာဆတ်အား ဘက်ပြောင်း ထောက်ခံကြောင်း ထုတ်ပြန်ကြေညာသည်။

အဆိုပါ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ခေါင်းဆောင်က အခြား တော်လှန်ရေးတပ်ဖွဲ့ဝင်များကိုလည်း လက်
နက်ကိုင်တော်လှန်နေခြင်းအား စွန့်လွှတ်ကြရန် ၎င်းတို့၏ သတင်းစာရှင်းလင်းပွဲတွင် တိုက်တွန်းပြောကြား
ခဲ့သည်။


Planet Myanmar Network: 

0 comments:

Post a Comment