Pages

Thursday, September 27, 2012

တိုင်းမှူးဟောင်းဗိုလ်ချုပ်ထွန်းကြည် သိမ်းယူခဲ့သော လယ်ယာမြေများ ပြန်လည်ပေါ်ထွက်လာ

 
ပြင်ဦးလွင်မြို့နယ်ဝက်ဝံကျွေးရွာမှလယ်ယာမြေ(၁၈၆)ဧကကိုတိုင်းမှူးဟောင်းဗိုလ်ချုပ်ထွန်းကြည်မှ သိမ်း
ဆည်းခဲ့ကြောင်း လယ်ယာမြေသိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ထံက သိရှိရသည်။ပြင်ဦးလွင်မှာရှိတဲဝက်ဝံကျးရွာ၊ရတနာပုံဆိုက်ဘာစီးတီး၊သက္ကံချိန်ကျေးရွာတွေမှာဒီလ၂၄.၂၅.၂၆ ရက်နေ
့တွေမှာစစ်ဆေးမှုတွေပြုလုပ်ခဲ့တော့ဒီမှာလည်းလယ်ယာမြေတော်တော်များများသိမ်းဆည်း ခံထားရတာကို
တွ့ခဲ့ရတယ်။"ဟုလယ်ယာမြေသိမ်းဆည်းမှုစုံစစ်ဆေးရေးကော်မရှင်အဖွဲ့ခွဲ(၄)မှ ပြည်သူ့လွှတ်တော်ကိုယ်စား
လှယ် ဦးမင်းသူက ပြောသည်။

ပြင်ဦးလွင်မြို့နယ်ဝက်ဝံကျေးရွာ၌မန္တလေးတိုင်းတိုင်းမှူးဟောင်းဗိုလ်ချုပ်ထွန်းကြည်မှလယ်မြေ(၁၈၆) ဧက
သိမ်းဆည်းခဲ့ကြောင်းနှင့်ရတနာပုံဆိုက်ဘာစီးတီးတည်ဆောက်ရာတွင်ကော်ဖီခြံစိုက်ခင်းဧက (၁၀၀)သိမ်း
ဆည်းခဲ့ကြောင်း သိရှိရသည်။

သက္ကံချိန်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကလည်းကျေးရွာဖွံ့ဖြိုးရေးအတွက်အကြောင်းပြပြီးလယ်မြေ
(၆၇)ရောင်းချခဲ့ကြောင်း ဦးမင်းသူက ကြုံတွေ့ခဲ့ရသော စုံစမ်းစစ်ဆေးမှုများအား ပြန်ပြော ပြသည်။
 
 အဆိုပါသိမ်းဆည်းခံရသောကော်ဖီခြံများမှာသစ်တောကြိုးဝိုင်းဧရိယာအတွင်း တည်ရှိပြီး ၁၉၉၇ ခုနှစ်တွင် တရားဝင်နှစ်ရှည်လုပ်ကိုင်ရန်နှစ်(၂၀)သက်တမ်းဖြင့်သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်းနှင့် ၂၀၀၇-၂၀၀၈
ခုနှစ်တွင်ရတနာပုံဆိုက်ဘာ စီးတီးတည်ဆောက်ရန်အတွက် ပြန်လည်သိမ်းဆည်းခဲ့ ကြောင်း သိရသည်။
 
အခုလိုလယ်မြေတွေကိုအာဏာသုံးပြီးသုံးတာတို့၊သဘောတူစာချုပ်ချုပ်ထားပြီးသူတို့ဘက်က ပျက်ကွက်ခဲ့
တာတို့ဆိုရင်ညှိနိုင်းပြီးနစ်နာကြေးပေးသင့်တယ်။နောက်တစ်ခုဆိုးတာကဌာနဆိုင်ရာကနေသိမ်းတယ်ဆိုပြီး
သူများကိုလက်လွဲပေးလုပ်ကိုင်တာတွေလည်းတောင်သူတွေကြုံကြရတယ်။ တစ်စုံတစ်ရာမှလည်း ပြန်လည်
လုပ်ပေးခဲ့တာ မရှိခဲ့ဘူး"ဟု ပြင်ဦးလွင်ခရိုင် သုံးတောင်ကျေး ရွာမှ ဒေသခံတစ်ဦးက ပြောသည်။
 
 လယ်ယာမြေများသိမ်းဆည်းခြင်း စုံစမ်းစစ်ဆေးမှုများအပေါ်တွင် သိမ်းဆည်းခံခဲ့ရသော တောင်သူများ အနေဖြင့်မည်သို့အရေးယူဆောင်ရွက်မူများပြုလုပ်မည်၊နစ်နာမူများအတွက်မည်သို့ကဲ့သို့ အခွင့်အရေးပြန်
လည်ရရှိနိုင်မည်ကို သိရှိလိုကြောင်းကိုလည်း  ဒေသခံများထံက သိရှိရသည်။
 
စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့်အဖွဲ့(၉)ဖွဲ့ဖြင့်ဖွဲ့စည်းထားပြီးအဖွဲ့ခွဲများကို ချင်း-ရခိုင်၊ ကချင်-စစ်ကိုင်း၊ ရှမ်း-ကယား၊ မွန်-တနသာင်္ရီ-ကရင်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးများ၌ အဖွဲ့တစ်ဖွဲ့စီတွင် အဖွဲ့ဝင် (၅)ဦးနှင့်အထက်ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

အဆိုပါစုံစမ်းစစ်ဆေးရေးအဖွဲ့(၄)အနေဖြင့်မန္တလေးတိုင်းဒေသကြီးတွင်း သိမ်းဆည်းခံလယ်မြေများ အတွက် စစ်ဆေးမူများပြုလုပ်လျက်ရှိပြီးနေပြည်တော်ဒေသတွင်းရှိလယ်ယာမြေသိမ်းဆည်းခံရမူများအား ပထမအ
ကြိမ်ပဉ္စမပတ်ပုံမှန်အစည်းအဝေးပြုလုပ်နေစဉ်အချိန်တွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း
ကိုလည်း သိရှိရသည်။
မြစ်မခ

0 comments:

Post a Comment