Pages

Thursday, September 27, 2012

ထိုင်းနိုင်ငံအတွက် မြန်မာစာ အရေးပါလာ

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုတွေ့ လုပ်လာပြီးနောက်ပိုင်းမှာ ထိုင်းနိုင်ငံမှာ မြန်မာ အကြောင်း စိတ်ဝင်စားမှု ကလဲ အရှိန် အဟုန်မြင့်တက်လာနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်နောက်ပိုင်း   မြန်မာ အပေါ် ထိုင်းနိုင်ငံရဲ့ စိတ်ဝင်စားမှုတွေပိုတိုးလာပါတယ်။ မြန်မာနဲ့ထိုင်းဆက်ဆံရေးကိုလည်းပိုပြီးခိုင်မာချင်တာတွေလည်းတွေ့ရပါတယ်။ တဖက်ကလည်း မြန်မာအ
လုပ်သမားတွေကိုအားထားပြီးအဓိကလည်ပတ်နေတဲ့ထိုင်းစီးပွားရေးလုပ်ငန်းကြီးတွေ အတွက် မြန်မာရဲ့ပွင့်
လင်းလာမှုကြောင့်မြန်မာအလုပ်သမားတွေပြည်တော်ပြန်သွားခဲ့ရင်ထိုင်းအတွက် လုပ်အားရှားပါမှု ပြဿနာ ရင်ဆိုင်လာရမှာကိုလည်း စိုးရိမ်ပူပန်မှုတွေလည်း တိုးလာပါတယ်။ 
ချင်းမိုင်တက္ကသိုလ်မှာ မြန်မာစာ သင်ယူနေတဲ့ ကျောင်းသူ ကျောင်းသားများ

ဒီလိုအကြောင်းတွေနဲ့ အတူ အခုဆိုရင်တော့ မြန်မာစာ မြန်မာ စကားဟာ အရှေ့တောင် အာရှနိုင်ငံများမှာ တထောင့် တ နေရာက အရေး ပါလာကြောင်းကို ပြသနေပါပြီ။ 

ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ မြန်မာစာ ဌာနမှာ မြန်မာစာကို တတိယ ဘာသာ အနေဖြင့် မြန်မာ စာလေ့လာသူ ကျောင်းသား ဦးရေဟာလဲ ပိုများလာပါတယ်။ 

မြန်မာစာပထမနှစ်တက်ရောက်သင်ယူနေတဲ့ကျောင်းသားဦးရေက၇၀ကျော်ရှိပြီးစတုတ္တနှစ်ကျောင်းသားဦး
ရေကတော့ ၂၀ နည်းပါး သင်ကြားနေကြပါတယ်တဲ့။ 

ဒါဟာ မြန်မာစာ သင်ယူတဲ့ ကျောင်းသား ယခင်နှစ်များထက် ၃ ဆလောက် တိုးလာခဲ့တာဖြစ်ပါတယ်။ ချင်းမိုင် တက္ကသိုလ် မြန်မာစာ ဌာနမှာ မြန်မာစာ သင်ကြားပေးတဲ့ ဆရာမ ၃ ဦးရှိပြီး ထိုင်းလူမျိုး ဆရာမ နှစ်ဦးဖြစ်တဲ့ ဦးဘွန်ရတ်၊ အမ်ဖိကာ၊ မြန်မာ လူမျိုး ဆရာမ ဒေါ်ယမင်းရွှေဇင်ထိုက်(ခ) မသဲသဲ တို့ ဖြစ်ပါတယ်။ 

စက်တင်ဘာလ၂၆ရက်နေ့မှာချင်းမိုင်တက္ကသိုလ် မြန်မာစာဌာနမှာစတုတ္တနှစ်ကျောင်းသူကျောင်းသားများရဲ့
မြန်မာစာကျွမ်းကျင်မှုဆိုင်ရာပြိုင်ပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။လာမယ့်၂၀၁၅ခုနှစ်ကျရင်အာဆီယံနိုင်ငံဇုံဆိုတာ
ပေါ်ပေါက်လာမယ်။ 

အဲဒီအခါမှာဗမာစကားဟာအလွန်အရေးကြီးပါတယ်”လို့စတုတ္တနှစ်မြန်မာစာကျောင်းသူမပန်းနုဝေ(ခေါ်)နန်
ထစရီ က ပြောပါတယ်။ 

၂၀၁၄ခုနှစ်မှာလည်းမြန်မာနိုင်ငံဟာအာဆီယံဥက္ကဌဖြစ်လာမှာဖြစ်သလို ထိုင်း-မြန်မာ နိုင်ငံရေး၊ စီးပွားရေး၊ စတဲ့အဖက်ဖက်ကဆက်ဆံမှုတွေတိုးမြှင့်လုပ်တဲ့အခါထိုင်းလူမျိုးတွေအနေနဲ့ဗမာစကားဟာအရေးပါတယ်လို့ 
သူက ဆက်ပြောထားပါတယ်။ 
  

ယမန်နေ့ကမြန်မာစာကျောင်းသား၊ကျောင်းသူတွေကသူတိုစိတ်သန်ရာခေါင်းစဉ်တွေနဲ့ရေးသားပြောဆိုသွား
ခဲ့ကြပါ တယ်။ နခွန်စ၀န်မြို့၊ ကျွန်မကြိုက်တဲ့ မြန်မာ အစားအစာ၊ မင်္ဂလာပါရှင့်.. ဆရာမနဲ့ သူငယ်ချင်းများ၊ အိပ်ယာဝင်ပုံပြင်အစရှိတဲ့ခေါင်းစဉ်လေးတွေနဲမြန်မာစာ၊မြန်မာစကားအသံကိုပီသအောင် ကြိုးစားပြောဆို
သွားခဲ့ကြပါတယ်။ 



မြန်မာစာ ဘာသာကို တက်ရောက်နေတဲ့ ကျောင်းသားတစ်ဦး မြန်မာ နိုင်ငံတော် အလံအကြောင်းရှင်းပြနေ

ဧရာဝတီ

0 comments:

Post a Comment