Pages

Thursday, September 27, 2012

ကမ္ဘာ့ဘောလုံး သမိုင်းတွင် ပရော်ဖက်ရှင်နယ် အမျိုးသား အသင်းတစ်သင်းကို ပထမဆုံး ကိုင်တွယ်ရသည့် ခရိုအေးရှား ဘောလုံးကလပ်အသင်း၏ အမျိုးသမီးနည်းပြ တီဟာာနာ


ကမ္ဘာ့ဘောလုံး သမိုင်းတွင် ပရော်ဖက်ရှင်နယ် အမျိုးသား အသင်းတစ်သင်းကို ပထမဆုံး ကိုင်တွယ်ရသည့် အမျိုးသမီး နည်းပြ ဖြစ်လာသည့်အတွက် သူမတွင် မည်သည့် ပြဿနာမျှ ရှိမနေကြောင်း တီဟာနာ နမ်ဆစ်
က ပြောကြားလိုက်သည်။
ခရိုအေးရှား အားကစားမယ်နှင့် မော်ဒယ်လ်ဟောင်း နမ်ဆစ်သည် ယခုအခါ ခရိုအေးရှား ပထမတန်းကလပ်
အသင်း ဗစ်တိုရီဂျာ ဗိုဂျာကိုဗက် အသင်းကို နည်းပြရန်အတွက် သဘောတူ စာချုပ်ဖြစ်ခဲ့သည်။

အသက်(၂၄)နှစ်ရှိ နမ်ဆစ်၏ လှပချောမောပြီး ဆွဲဆောင်မှုရှိသော ရုပ်ရည်နှင့် သူမ၏ အတန်ငယ်ထူးခြား
aသာ အလုပ်အကိုင်သစ်ကြောင့် အင်တာနက် Social Media ဝက်ဘ်ဆိုက်များတွင် နမ်ဆစ်အကြောင်း လူအ
များက ဖြန့်ဝေဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ အချိန်တိုအတွင်း လူအများ အာရုံစိုက်မှုကိုခံလာရသော နမ်
ဆစ်က သူမသည် ဘောလုံးအကြောင်းသာ တွေးတောနေသည်ဟု ပြောဆိုခဲ့သည်။

နမ်ဆစ်က "အမျိုးသမီး တစ်ယောက်နဲ့ အမျိုးသားတစ်ယောက်ဟာတူညီတဲ့ပရော်ဖက်ရှင်နယ်နည်းပြအရည်
အချင်းမျိုး ရှိနေမယ်ဆိုရင် ကျွန်မက ဘာကြောင့် အမျိုးသား ဘောလုံးလောကထဲ မဝင်နိုင်ရမှာလဲ။ မဖြစ်နိုင်
စရာ အကြောင်းကို မမြင်ဘူး"ဟု သူမက 24 Sata သတင်းဌာနနှင့် အင်တာဗျူးတွင် မှတ်ချက်ပြုခဲ့သည်။

သူမက ကစားသမားများအား တွေ့တွေ့ချင်းတွင် "ကျွန်မပြောတာ နားထောင်ပါ။ဘာပြဿနာမှ မဖြစ်ပါစေ
နဲ့။ ကျွန်မဟာ နည်းပြချုပ်ဖြစ်တယ်။ ကျွန်မမှာ အသင်းရဲ့ နည်းစနစ်နဲ့ စီမံကိန်းတွေကို ဖန်တီးနိုင်ခွင့် အပြည့်
ရှိတယ်"ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

နမ်ဆစ်သည် ဒိုင်နမိုဇာဂရက်ဘ် အမျိုးသမီး လက်ရွေးစင် အသင်းနှင့် ခရိုအေးရှား လက်ရွေးစင် အသင်းများ
တွင် ကစားခဲ့ဖူးသည်။ သူမသည် (၂၀၀၈)ခုနှစ်က အသက်(၁၅)နှစ် အရွယ်တွင် ခရိုအေးရှား ကိုယ်စားပြု အ
aကာင်းဆုံး အားကစားမယ် စာရင်း၌ ဆန်ခါတင် နောက်ဆုံးအဆင့်ထိ ပါဝင်နိုင်ခဲ့သည်။


Metro News: Planet Myanmar Network:

0 comments:

Post a Comment