Pages

Thursday, September 27, 2012

ဒု-ဝန်ကြီးများ၏ လစ်လပ်မဲဆန္ဒနယ်အတွက် ကြားဖြတ်ရွေးကောက်ပွဲလုပ်ရန် မရှိသေး

ဩဂုတ်လ၂၇ရက်နေ့တွင်ဒု-ဝန်ကြီးများအဖြစ်တာဝန်ယူသွားကြ၍လစ်လပ်သွားသည့် လွှတ်တော်အမတ်နေ
ရာသုံးနေရာအတွက်ရွေးကောက်ပွဲကျင်းပရန်အစီအစဉ် မရှိသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်
မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင် က ပြောသည်။လွှတ်တော်ကတရားဝင်အကြောင်းကြားလာမှသာကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ရန် စတင်စီစဉ်ရမည်
ဖြစ်ပြီးထိုသို့အကြောင်းကြားလာခဲ့လျှင်ရွေးကောက်ပွဲကျင်းပရန်လိုအပ်သည့်က်ာမရှင်အဖွဲ့များဖွဲ့စည်းခြင်း၊ ရုံး
လုပ်ငန်းစာရွက်စာတမ်းများပြင်ဆင်ခြင်း၊ဆန္ဒမဲစာရွက်များပုံနှိပ်ခြင်းစသည့်လုပ်ငန်းစဉ်များ ရှိနေသေးသဖြင့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့်အချိန်မှာ အကြမ်းဖျဉ်း သတ်မှတ်ရန်ပင် မဖြစ်နိုင်သေးဟု သိရသည်။

“လွှတ်တော်က တရားဝင် အကြောင်းကြားမလာသေးပါဘူး။ ရွေးကောက်ပွဲ လုပ်တယ်ဆိုတာ နိုင်ငံတော် ဘတ်ဂျက်နဲ့လုပ်တာဆိုတော့ဘတ်ဂျက်ကျဖို့လည်းလိုသေးတယ်။နောက်ပြီး မိုးတွေရွာနေတော့ ပြည်သူတွေ
မဲထည့်ဖို့ အဆင်မပြေမှာလည်း ထည့်တွေးရပါတယ်” ဟု ညွှန်ကြားရေးမှူးက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၃၂နှင့်၂၃၄ တို့အရ ဝန်ကြီး (သို့မဟုတ်) ဒု-ဝန်ကြီး အဖြစ် ခန့်အပ်ခြင်းခံရသော လွှတ်တော်အမတ်သည်ယင်းရာထူးကိုစတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍အမတ်အဖြစ်မှ အလိုအ
လျောက်နှုတ်ထွက်ပြီး ဖြစ်သည်။

တောင်ဒဂုံမဲဆန္ဒနယ်မှလွှတ်တော်အမတ်ဒ်ါစုစုလှိုင်သည်လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ
ချထားရေး ဒု-ဝန်ကြီး ဖြစ်လာခဲ့ရာ လွှတ်တော် ကိုယ်စားလှယ် မရှိသည့် မဲဆန္ဒနယ်တခု၏ အခြေအနေကို 
“ပြည်သူ့ကိုယ်စားလှယ်မရှိတော့ရင်ကျနော်တို့ရဲ့အသံတွေလွှတ်တော်ထဲဘယ်ရောက်တော့မလဲ။ သူမရှိ
တော့ကျနော်တို့အခက်အခဲတွေရှိလာရင်ဘယ်သူ့သွားပြောရမလဲ”ဟုတောင်ဒဂုံမြို့နယ်မှမဲဆန္ဒရှင်တဦးဖြစ်
သူ ကိုသန်းထိုက် က မဇ္ဈိမကို ပြောသည်။

ဩဂုတ်လ ၂၇ ရက်နေ့တွင် သမ္မတ က ခန့်အပ်လိုက်သည့် ဒု-ဝန်ကြီးများတွင် ပဲခူးတိုင်း ကံမ မဲဆန္ဒနယ်မှ ဦးပိုက်ထွေးမှာ ပြန်ကြားရေး ဒု-ဝန်ကြီး၊ ထားဝယ်မဲဆန္ဒနယ်မှ ဦးသန်းဆွေမှာ ယဉ်ကျေးမှု ဒု-ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။

ယခုအချိန်တွင် လစ်လပ်မဲဆန္ဒနယ် ခြောက်ခုရှိပြီး ဧပြီလက ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲကာလ၌ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိဟူသောအကြောင်းပြချက်ဖြင့်မကျင်းပနိုင်ခဲ့သောကချင်ပြည်နယ်မှ မဲဆန္ဒ
နယ် သုံးခုလည်း ပါဝင်သည်။
 
 
ရန်ကုန် (မဇ္ဈိမ) 

0 comments:

Post a Comment