Pages

Wednesday, July 24, 2013

နိုင်ကျဉ်းများကို ထပ်မံလွှတ်ပေးလိုက်သော်လည်း ၄ဝ၁ ကြိုး ရှည်တပ် ထူးခတ်ထားဆဲ

လွတ်ငြိမ်းခွင့်ရ နိုင်ငံရေးအကျဉ်း သားများကို ကြိုးရှည်ရှည်ဖြင့် လှန်ထား သည်ဟုဆိုသော ထောင်တွင်း ကြွေးကျန် ပုဒ်မ ၄ဝ၁ ဖြင့် သာ ပြန်လွှတ်ပေးခြင်း ဖြစ် ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုသက်ဦးက ပြောသည်။

ပန်းဆိုးတန်း အနုပညာနှင့် ယဉ်ကျေးမှု ဂျာနယ်ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာ သာဖြင့် ထုတ်ဝေ

Wednesday, July 24, 2013

ပန်းချီ၊ စာပေ၊ လက်မှုအနုပညာနှင့် မြန်မာ့ယဉ်ကျေးမှု ဦးစားပေးဖော်ပြမည့် ပန်းဆိုးတန်း အနုပညာနှင့် ယဉ်ကျေးမှု ဂျာနယ်ကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ဝေသွားမည် ဖြစ်ကြောင်းကို Pansodan Gallery တည်ထောင်လုပ်ကိုင်သူ ဦးအောင်စိုးမင်းက ပြောကြားသည်။

အော်စကာဆုရုပ်တုကို မိဘများအား ဂျနီဖာလောရင့်စ် ပေးအပ်

Photo: အော်စကာဆုရုပ်တုကို မိဘများအား ဂျနီဖာလောရင့်စ် ပေးအပ်
Wednesday, July 24, 2013

ဟောလိဝုဒ်ရဲ့ နာမည်ကျော် သရုပ်ဆောင် ဂျနီဖာလောရင့်စ်ဟာ သူ ရရှိထားတဲ့ အော်စကာဆု ရုပ်တုကို သူ့ရဲ့ မိဘနှစ်ပါးကို ပေးအပ်ခဲ့တယ်လို့ contactmusic.com မှာ ဖော်ပြ ထားပါတယ်။
အော်စကာဆု ရုပ်တုကို သူ့အိမ်က ဧည့်ခန်းထဲမှာ ထားရတာကို စိတ်ထဲမှာ ကသိကအောက် ဖြစ်နေတဲ့အတွက် အခုလို မိဘနှစ်ပါးကို ပေးလိုက်တာလို့ ဂျနီဖာလောရင့်စ် က ပြောပါတယ်။

"ကျွန်မမိဘတွေက ရုပ်တုကို ကန်တက်ကီက သူတို့အိမ်ကို သယ်သွားကြပါပြီ။ ဘာလို့လဲ ဆိုတော့ အဲဒီရုပ်တုကို ကျွန်မအိမ်မှာ ထားရတာ စိတ်ထဲမှာ ကသိကအောက် ဖြစ်နေလို့ပါ" လို့ ဂျင်နီဖာလောရင့်စ်က အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဂျနီဖာလောရင့်စ်ဟာ ဟောလိဝုဒ်ရဲ့ အမြင့်ဆုံး ဆုတံဆိပ်ဖြစ်တဲ့ အော်စကာ ရုပ်တုကို သူ့အိမ်ရဲ့နေရာအနှံ့မှာ ထားကြည့်ခဲ့သေးပေမယ့် ဘယ်လိုမှ စိတ်တိုင်းမကျ နိုင်တာကြောင့် နောက်ဆုံးမှာ သူ့အမေရဲ့ အကြံပေးချက်အရ ကန်တက်ကီပြည်နယ် က သူ့မိဘတွေရဲ့ အိမ်မှာ ထားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
"ကျွန်မ အဲဒီရုပ်တုကို ရေချိုးခန်းကို သွားတဲ့လမ်းမှာတောင် ထားကြည့် ပါသေးတယ်။ နောက်တော့ ကျွန်မအမေက သူယူသွားမယ်လို့ ပြောတာနဲ့ ပေးလိုက်တာပါ။ အခုတော့ အဲဒီရုပ်တုက ကန်တက်ကီ ပြည်နယ်က စန္ဒရားတစ်ခုပေါ်မှာ ရောက်နေပါပြီ" လို့ ဂျနီဖာလောရင့်စ်က ပြောပါတယ်။

ဂျနီဖာလောရင့်စ်ဟာ အဲဒီ အော်စကာရုပ်တုကို ယခုနှစ်အော်စကာ ဆုပေးပွဲမှာ Silver Linings Playbook ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆု အတွက် ရရှိထားတာ ဖြစ်ပါတယ်။

The Voice Weekly

Wednesday, July 24, 2013

ဟောလိဝုဒ်ရဲ့ နာမည်ကျော် သရုပ်ဆောင် ဂျနီဖာလောရင့်စ်ဟာ သူ ရရှိထားတဲ့ အော်စကာဆု ရုပ်တုကို သူ့ရဲ့ မိဘနှစ်ပါးကို ပေးအပ်ခဲ့တယ်လို့ contactmusic.com မှာ ဖော်ပြ ထားပါတယ်

နိုင်ငံရေး အကျဉ်းသားတွေ ပိုလွှတ်ပေးဖို့ တောင်းဆို

Wednesday, July 24, 2013

လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးအရေးယူမှုတွေ မရှိသင့်တော့ကြောင်းနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အခါတိုင်း နိုင်ငံရေး အကျဉ်းသားတွေ ပိုလွှတ်ပေးဖို့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ဒီနေ့ကျင်းပတဲ့ဆွေးနွေးပွဲ မှာ တောင်းဆိုကြပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ညွှန်း စက်တင်ဘာလ အပြီးသတ်မည်

Wednesday, July 24, 2013

ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ညွှန်းကို စက်တင်ဘာလအတွင်း အပြီးသတ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ဦးလူမင်းက The Voice သို့ ပြောကြားသည်။ ဗိုလ်ချုပ်ရုပ်ရှင်၏ ဇာတ်ညွှန်းကို အပိုင်းသုံးပိုင်း ခွဲကာ ရေးသားနေပြီး ဒါရိုက်တာများ၊ ဇာတ်ညွှန်းရေးဆရာများ စုပေါင်း၍ ဇာတ်ကားတစ်ကားစာ အချောသတ်ကို စက်တင်ဘာလ အတွင်း အပြီးသတ် ရေးကြမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။

အင်တာနက် ဆိုး၍ အွန်လိုင်းလုပ်ငန်းများ အခက်တွေ့

Photo: အင်တာနက် ဆိုး၍ အွန်လိုင်းလုပ်ငန်းများ အခက်တွေ့
Wednesday, July 24, 2013

အင်တာနက် အမြန်နှုန်း အလွန်နှေးကွေးလွန်းနေတာကြောင့် နိုင်ငံတ ကာနဲ့ချိတ်ဆက်ပြီး အလုပ်လုပ်နေကြတဲ့ ခရီးသွားလာရေး ကုမ္ပဏီတွေ၊ ငွေကြေး အလွှဲအပြောင်း လုပ်ရတဲ့ ဘဏ်လုပ်ငန်းတွေ၊ အင်တာနက်ဆိုင်တွေ စတဲ့ လုပ်ငန်းအများစုမှာ ထိခိုက်နစ်နာမှုတွေ ရှိလာပါတယ်။

အွန်လိုင်းငွေလွှဲလုပ်ငန်းနဲ့ အခြား အင်တာနက်အခြေခံ ဆောင်ရွက်နေရ တဲ့လုပ်ငန်းတွေဟာ အင်တာနက်အမြန်နှုန်း အင်မတန် နှေးကွေးသွား တာကြောင့် အလုပ်မတွင်တော့ဘဲ ထိခိုက်မှုတွေ ရှိလာနေတယ်လို့ ကမ္ဗောဇဘဏ် ဒုဥက္ကဌ ဦးသန်းလွင်က ဧရာဝတီကို ပြောဆိုပါတယ်။

ထို့ပြင် ” နိုင်ငံခြားကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ထိခိုက်နိုင်တယ်။ အခုမှ လိုင်းက စဖြစ်ပေမယ့် အချိန်က တလ ကြာဦးမယ် ဆိုတော့ အများကြီး ထိခိုက်နိုင်တယ်” လို့လည်း သတိပေးပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မြန်မာနိုင်ငံက အင်တာနက်ကို အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းတွေနဲ့ အဓိက ချိတ်ဆက်ထားတဲ့ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်လ် ဆက်ကြောင်း( SEA-ME-WE 3 ) ချွတ်ယွင်းတာကြောင့် အင်တာနက်လိုင်းက တလနီးပါး နှေးနေဦးမယ်ဆိုပြီး ယနေ့ ကြေညာချက် ထုတ်ပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စစ်ဆေးချက်အရ မြန်မာပြည်တွင်း လမ်းကြောင်းဖြစ်တဲ့ ဖျာပုံ၊ ကျုံကဒွန်းနဲ့ ကုလားထိပ် ပင်လယ်ကမ်းစပ်အထိ စစ်ဆေးခဲ့ရာမှာ ပင်လယ်အတွင်း ၁၃ ကီလိုမီတာခန့်မှာ ချွတ်ယွင်းမှုဖြစ် ခဲ့နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘာအကြောင်းကြောင့် ချွတ်ယွင်းခဲ့တယ်ဆိုတာကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက မပြောထားပါဘူး။

ကေဘယ် ဆက်ကြောင်း ချွတ်ယွင်းမှုအတွက် စင်ကာပူနိုင်ငံအခြေစိုက် ပင်လယ်ရေအောက် ကေဘယ်ပြုပြင်ထိန်းသိမ်းရေး အဖွဲ့နဲ့ ညှိနှိုင်းပြီး အမြန်ဆုံးပြုပြင်နိုင်ဖို့ဆောင်ရွက်မယ်လို့ မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်ကြေညာထားပါတယ်။ အင်တာနက်နဲ့ နိုင်ငံရပ်ခြား တယ်လီဖုန်းအဝင်၊ အထွက် ခေါ်ဆိုမှုများ လုံးဝပြတ်တောက်မှု မရှိစေဖို့ ကုန်းတွင်းနယ် စပ်ဖြတ်ကျော် ဆက်ကြောင်းတွေကနေတဆင့် ချိတ်ဆက်ပေးထားတယ် လို့လည်း ဆိုပါတယ်။

ဒါပေမယ့် အင်တာနက်အပေါ် အခြေခံပြီး ဆက်သွယ်လုပ်ကိုင်ရတဲ့ ဒီခေတ် စီးပွားရေးမှာ အင်တာနက် စက္ကန့် မိနစ်နဲ့အမျှ ဆိုးတာနဲ့ အလုပ်ပျက်ရတော့ တာပါပဲ။

“အီးမေးလ် အဆက်အသွယ်လုပ်လို့ မရတော့ နိုင်ငံခြားဖုန်းတွေ ခေါ်ရတယ်၊ ကုန်ကျစရိတ်တွေ အရမ်းများတယ်။ တချို့တွေက ဒီနိုင်ငံရဲ့ အင်တာ နက် ပြဿနာ ဖြစ်နေတာကို မသိတော့ ဘွတ်ကင် ဖျက်ပစ်လိုက်တာမျိုးလည်း ရှိတယ်။ ဝင်ငွေအတွက် အရမ်းနစ်နာရတယ်”လို့ Bravo Travel and Tours ကုမ္ပဏီက တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောပါတယ်။

နိုင်ငံတကာကို ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေတဲ့ RIO Shipping, Travel & Trading ကုမ္ပဏီက တာဝန်ရှိသူကလည်း အင်တာနက်လိုင်း က နှေးနေတာကြောင့် ကုန်ကျစရိတ်တွေ ပိုများလာတယ်လို့ ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်က အင်တာနက်ဆိုင်ပိုင်ရှင် တဦးဖြစ်တဲ့ ကိုမင်းမင်းကလည်း“ အင်တာနက်လိုင်းတွေ နှေးရင် ဝင်ငွေ အရမ်းထိခိုက်တယ်။ ဆိုင်ဖွင့်ထားတဲ့သူဆိုတော့ လိုင်းမကောင်းရင် ဘာမှလုပ်လို့မရဘူးလေ။ ဆက်သွယ်ရေးကတော့ ကြေညာချက်လေးတခု ထုတ်ရုံနဲ့ပြီးသွားပေမယ့် ဘယ်လို အဆင်ပြေအောင် လုပ်ပေးမယ်ဆိုတာ ဘယ်တော့မှ မပြောဘူး”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေတုန်းကလည်း အလားတူ ဖြစ်ခဲ့ဖူးပါတယ်။ ၂၀၁၁ ခုနှစ်တုန်း က ကေဘယ်လ်ဆက်ကြောင်းချို့ယွင်းလို့ဆိုပြီး အင်တာနက်လိုင်းတွေ တလနီးပါး နှေးကွေး ပြတ်တောက်နေခဲ့ပါတယ်။

“ ဒီ ကေဘယ်လ်တခုတည်းကို အားကိုးနေရတယ်။ အရန်ဆက်ကြောင်းတွေက လည်း အဆင်မပြေဘူးဆိုတော့ အဓိက ကေဘယ်လ် တခုခုဖြစ်ပြီဆိုရင် တတိုင်းပြည်လုံး အခက်တွေ့ရတယ်။ ဒီကေဘယ်လ်တခုတည်းမဟုတ် ဘဲ နောက်ထပ် လိုအပ်နေသေးတယ်။ မြန်မာနိုင်ငံမှာ အင်တာနက်နှေးတာ လူတိုင်းသိပေမယ့် အခုလို အခြေအနေကျတော့ အရမ်းသိသာ သွားတာပေါ့ ” လို့ Thura Swiss Consultancy မှ CEO ဒေါက်တာအောင်သူရက လည်း ပြောပါတယ်။

အင်တာနက် ဖွံ့ဖြိုးတိုးတက်ရေး အနာဂတ်အစီအမံတွေ ပတ် သက်ပြီးတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တာဝန်ရှိသူတွေကို ဧရာဝတီသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားခြင်း လုံးဝမရှိပါဘူး။

အမြန်နှုန်းကျလို့ အင်တာနက်ဆိုင်တွေ ဒုက္ခတွေ့နေ 
ဧရာဝတီ
အမြန်နှုန်းကျလို့ အင်တာနက်ဆိုင်တွေ ဒုက္ခတွေ့နေ
Wednesday, July 24, 2013

အင်တာနက် အမြန်နှုန်း အလွန်နှေးကွေးလွန်းနေတာကြောင့် နိုင်ငံတ ကာနဲ့ချိတ်ဆက်ပြီး အလုပ်လုပ်နေကြတဲ့ ခရီးသွားလာရေး ကုမ္ပဏီတွေ၊ ငွေကြေး အလွှဲအပြောင်း လုပ်ရတဲ့ ဘဏ်လုပ်ငန်းတွေ၊ အင်တာနက်ဆိုင်တွေ စတဲ့ လုပ်ငန်းအများစုမှာ ထိခိုက်နစ်နာမှုတွေ ရှိလာပါတယ်။

မျိုးစောင့်ဥပဒေသည် အပေါ်ယံကြည့်လျှင် ငြင်းခုန်စရာဟု ယူဆဖွယ်ရာရှိသော်လည်း မွတ်စ်လင်မ်များအတွက် ၎င်းဥပဒေသည် မြောက်များစွာ အကျိုးရှိ

လွတ်လပ်စွာပြောဆိုခွင့်ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွတ်လပ်စွာပြောချင်ပါသည်။ မျိုးစောင့်ဥပဒေကို ဆန့်ကျင်သူ၊ ကန့်ကွက်သူ၊ ဝေဖန်သူ၊ ထောက်ခံသူ ဘယ်လိုအသံတွေ ဝေစည်နေပါစေ။ ကျွန်မကတော့ ကန့်ကွက်စရာလို့ မမှတ်ယူခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အကြောင်းရှိပါသည်။

လိုင်းကား မတော်တဆမှု လဝက်အတွင်း ၂ ဦးသေ၊ ၂၀ ဦး ဒဏ်ရာရ

Photo: လိုင်းကား မတော်တဆမှု လဝက်အတွင်း ၂ ဦးသေ၊ ၂၀ ဦး ဒဏ်ရာရ
Wednesday, July 24, 2013

ယခုနှစ် ဇူလိုင်လအစမှ လ၀က်အထိ ၁၅ ရက်အတွင်း ရန်ကုန်တိုင်းတွင် အများပြည်သူကို ဝန်ဆောင်မှုပေးနေသည့် လိုင်းကား မော်တော်ယာဉ် မတော်တဆမှုများကြောင့် ၂ ဦး သေဆုံးပြီး ကျောင်းသားကျောင်းသူ ၆ ဦးအပါအဝင် ဒဏ်ရာရသူ ၂၀ ဦး ရှိကြောင်း သိရသည်။

ယခုလ လဝက်အတွင်း ကောက်ယူသော စာရင်းများအရ ရန်ကုန်စည်ပင်သာယာရေး ဧရိယာအတွင်း ယာဉ်မတော်တဆမှုပေါင်း ၇ မှုနှင့် စည်ပင်သာယာ နယ်နိမိတ်ပြင်ပတွင် ၁ မှု ဖြစ်ပွားခဲ့ကြောင်း၊ သေဆုံးသူ ၂ ဦး၊ ဒဏ်ရာရသူ ၂၀ ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်မှု ဗဟိုကော်မတီ (မ.ထ.သ) ၏ ယနေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ ယာဉ်မတော်တဆမှုများ လျှော့နည်းစေရန် ယာဉ်ကြံ့ခိုင်မှုနှင့် စည်းကမ်းလိုက်နာမှု စစ်ဆေးရေးအဖွဲ့ကို ယခင် ၈ ဖွဲ့မှ ယခု ၁၆ ဖွဲ့အထိ တိုးချဲ့ ဖွဲ့စည်းထားကြောင်း မ.ထ.သ ဥက္ကဌ ဦးလှအောင်က ပြောသည်။

“စည်းကမ်း မလိုက်နာတဲ့ ယာဉ်တွေကို မ.ထ.သက တကယ်ရော အရေးယူရဲ့လားလို့  မေးကြတယ်။ ကျနော်တို့မှာ စာရင်းဇယားတွေ လုပ်ထားတာရှိပါတယ်။ အရေးယူခဲ့တာတွေကို မှတ်တမ်းတင်ထားတာကို လာကြည့်နိုင်ပါတယ်” ဟု ဦးလှအောင်က ဆိုသည်။

ယခုနှစ်စမှ ဇွန်လအထိ ဘတ်စ်ကားများကို နေ့စဉ်အသုံးပြုနေရသည့် ခရီးသွားများထံမှ တိုင်ကြားမှုပေါင်း ၉၃ မှု လက်ခံရရှိထားပြီး ယခုလ ၁ ရက်မှ ၂၂ ရက်အတွင်း အမှုပေါင်း ၂၀ တိုင်ကြားစာများ လက်ခံရရှိထားကြောင်း အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

၂၀၁၂ ခုနှစ် မေလတွင် ကောက်ယူခဲ့သည့် စာရင်းဇယားများအရ ယာဉ်တိုက်မှုပေါင်း ၁၆ မှု၊ ယာဉ်တိမ်းမှောက်မှုပေါင်း ၅ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇ ဦး၊ ဒဏ်ရာရသူ ၇၇ ဦး ရှိခဲ့ကြောင်း၊ ယခု ၂၀၁၃ ခုနှစ် မေလတွင် ကောက်ယူခဲ့သော စာရင်းအရ ယာဉ်တိုက်မှုပေါင်း ၁၄ မှု၊ ရေယာဉ် ၁ စီး အပါအ၀င် ယာဉ်တိမ်းမှောက်မှုပေါင်း ၅ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၉ ဦးနှင့် ဒဏ်ရာရသူပေါင်း ၉၆ ဦး ရှိခဲ့သည့်အတွက် ယမန်နှစ်နှင့် နှိုင်းယှဉ်လျှင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူ အရေအတွက် တိုးမြင့်များပြားလာကြောင်း သိရှိရသည်။

ရန်ကုန်မြို့တွင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းအဖွဲ့ ၁၇ ဖွဲ့ရှိပြီး ယာဉ်လိုင်းပေါင်း ၃၉၅ လိုင်းရှိကာ ပြေးဆွဲခွင့် မှတ်ပုံတင် ချပေးထားသည့် ဘတ်စ်ကား အစီးရေပေါင်း ၆၀၀၀ ကျော်ရှိကြောင်း၊ ခရီးသည်တင် ကားများအနက် ဒိုင်နာ ခရီးသည်တင်ယာဉ် စုစုပေါင်း ၁၈၈၉ စီး၊ ဟိုင်းလပ်အမျိုးအစား ခရီးသည်တင်ယာဉ် ၈၈၅ စီး ရှိပြီး ဒိုင်နာနှင့် ဟိုင်းလပ် ခရီးသည်တင် ယာဉ်များသည် ယာဉ်တိုက်မှုနှင့် မတော်တဆမှု အများဆုံး ဖြစ်ပွားကြောင်း မ.ထ.သ၏ စာရင်းဇယားများအရ သိရသည်။

မြောက်ဒဂုံ – ဆူးလေပြေးဆွဲနေသော အမှတ် ၂၅၅ ခရီးသည်တင်ဘီအမ် ယာဉ်တစီး အလံပြ ဘုရားလမ်းအနီးတွင် မေလအတွင်းက တိမ်းမှောက်စဉ် (ဓာတ်ပုံ – ထက်နိုင်ဇော်) 
ဧရာဝတီ
မြောက်ဒဂုံ – ဆူးလေပြေးဆွဲနေသော အမှတ် ၂၅၅ ခရီးသည်တင်ဘီအမ် ယာဉ်တစီး အလံပြ ဘုရားလမ်းအနီးတွင် မေလအတွင်းက တိမ်းမှောက်စဉ် (ဓာတ်ပုံ – ထက်နိုင်ဇော်)
Wednesday, July 24, 2013

ယခုနှစ် ဇူလိုင်လအစမှ လ၀က်အထိ ၁၅ ရက်အတွင်း ရန်ကုန်တိုင်းတွင် အများပြည်သူကို ဝန်ဆောင်မှုပေးနေသည့် လိုင်းကား မော်တော်ယာဉ် မတော်တဆမှုများကြောင့် ၂ ဦး သေဆုံးပြီး ကျောင်းသားကျောင်းသူ ၆ ဦးအပါအဝင် ဒဏ်ရာရသူ ၂၀ ဦး ရှိကြောင်း သိရသည်။

Acer မှ ထူးချွန်ကျောင်းသားများအား ဆုချီးမြှင့်ခြင်းအခမ်းအနား

Photo: Acer မှ ထူးချွန်ကျောင်းသားများအား ဆုချီးမြှင့်ခြင်းအခမ်းအနား
Wednesday, July 24, 2013

ယနေ့ နေ့လည်တစ်နာရီက ရန်ကုန်မြို့ Orchid Hotel တွင် ရွှေလမင်းနဂါး ကုမ္ပဏီမှ ဖြန့်ချိသော “Acer” Product များကိုဝယ်ယူအားပေးသည့် Customer များအား ကျေးဇူးတုန့်ပြန်သည့် အခမ်းအနားတစ်ခု ကျင်းပခဲ့ပါတယ်။ Student Challenging Opportunity ဟု အမည်ပေးထားပြီး အဆိုပါ အစီအစဉ်ကို ကျင်းပရခြင်း ရည်ရွယ်ချက်မှာ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်း သူတို့ရဲ့ ကြိုးစားမှုများကို အသိအမှတ်ပြုတဲ့အနေနဲ့ တက္ကသိုလ်ဝင်တန်းမှာ ဂုဏ်ထူးများများ၊ အမှတ်များများ ရရှိတဲ့သူတွေကို ဆုချီးမြှင့်ခြင်းပဲ ဖြစ်ပါတယ်။

အစီအစဉ်ကတော့ တက္ကသိုလ်ဝင်တန်းဖြေဆိုထားတဲ့ ကျောင်းသား၊ ကျောင်း သူတွေ အနေနဲ့ Acer Notebook များကို အောင်စာရင်းမထွက်မီ ၀ယ်ယူကာ Program Form များဖြည့်သွင်းထားရမှာ ဖြစ်ပြီးအဆိုပါ Customer များထဲမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်တာပဲ ဖြစ်ပါတယ်။ 

Form များကိုလည်း မြန်မာတစ်နိုင်ငံလုံးမှ ကွန်ပျူတာအရောင်းဆိုင်များမှာ အလွယ်တကူရယူ ဖြည့်သွင်းကာ ပါဝင်ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။ နောင်လာမယ့် အစီအစဉ်များမှာလည်း ကျောင်းသားကျောင်းသူတွေအနေနဲ့ ဈေးနှုန်းချိုသာပြီး Quality ကောင်းတဲ့ Acer Notebook များကို ၀ယ်ယူအသုံးပြုပြီး ပါဝင်ဆင်နွှဲနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Myanmar ICT

Wednesday, July 24, 2013

ယနေ့ နေ့လည်တစ်နာရီက ရန်ကုန်မြို့ Orchid Hotel တွင် ရွှေလမင်းနဂါး ကုမ္ပဏီမှ ဖြန့်ချိသော “Acer” Product များကိုဝယ်ယူအားပေးသည့် Customer များအား ကျေးဇူးတုန့်ပြန်သည့် အခမ်းအနားတစ်ခု ကျင်းပခဲ့ပါတယ်။

မြန်မာ့ဆေးမင်ကြောင်

Photo: မြန်မာ့ဆေးမင်ကြောင်
Wednesday, July 24, 2013

အင်္ဂလိပ်လို Tatoo ၊ မြန်မာလို " ဆေးမင်ကြောင်" ဆိုသည်မှာ လူ၏ ကိုယ်အရေပြားပေါ်တွင်စွဲမြဲစွာ ထင် နေစေရန်တုတ်၊ဆူးချွန် အစရှိသော အရာများဖြင့်ဆေးရောင်သွင်းကာ အရုပ် များ၊ အမှတ်အသားနှင့် ပန်းကနုတ် စသောအလှအပများ ထိုးနှံခြင်းကို ခေါ်သည်။

ဆေးမင်ကြောင် ဘယ်ကစ

ဆေးမင်ကြောင်ဓလေ့သည် ပိုလီနီးရှန်း (Polynesian) လူမျိုး များကစတင်သည်ဟုဆိုကြသည်များ လည်းရှိသည်။ ဗြိတိန်ကျွန်းမြောက် ပိုင်းတွင် "အရုပ်ခြယ်လူများ" (The Painted People) များ နေထိုင်ကျက်စားခဲ့သည်ဟုလည်းဆို ကြသည်။ ဥရောပနိုင်ငံများသို့ ဆေးမင်ကြောင် (Tatoo) ဟူသောဝေါဟာရစတင်ဆောင် ကြဉ်းလာသူမှာ နယ်မြေသစ်ရှာဖွေသူ ဂျိမ်းစ်ကွတ် (James Cook) ဖြစ်ပြီး ၁၇၇၁ ခုနှစ်တွင်ဖြစ်သည်။ ဆေးမင် ကြောင် မြတ်နိုးသူများက "အရေပြားအနုပညာ" (Skin Art)၊ ဆေးမင်ကြောင် အနုပညာ(Tatoo Art) စသဖြင့်လည်း ခေါ်ဆိုကြသည်။

ရှေးမြန်မာတို့က ထိုးကွင်းမင်ကြောင်ကို မင်သေ့၊ ကော်၊ ကော်ရစ်၊ မင်ကော်ရစ်ဟူ၍ခေါ်ခဲ့ကြသည်။ မင်သေ့ထိုးနှံခြင်းဓလေ့ကို ပုဂံခေတ်က စတင်ခဲ့သည်ဟုယူဆကြသည်။ အင်းဝခေတ်ဆင်ဖြူရှင်သီဟသူ(၇၈၃- ၇၈၇) မင်သေ့ထိုးခြင်းကိုမြတ်နိုးပုံကိုမဏိ ရတနာပုံကျမ်းတွင်ဖော်ပြထားသည်။

ဆေးမင်ကြောင် ဘာကြောင့်ထိုး

ဆေးမင်ကြောင်ထိုးနှံရာတွင် ရည်ရွယ်ချက်များရှိရာ
(က) အမှတ်အသားအဖြစ် ထိုးနှံခြင်း
(ခ) အလှအပအဖြစ် ထိုးနှံခြင်း
(ဂ) စွဲလမ်းမှုအခြေခံ၍ အဆောင်သဘောထိုးနှံခြင်းနှင့်
(ဃ) ထုံးတမ်းစဉ်လာအရ ထိုးနှံခြင်း တို့ဖြစ်ကြသည်။

မြန်မာနိုင်ငံသား ယောက်ျားများသည် ရှေးဦးပိုင်းတွင် အဆောင်သဘောဖြင့်မင်ကြောင်များထိုးနှံလာခဲ့ရာမှ နောင်သော်အလှအပသဘောသို့ ရွေ့လျောလာခဲ့သည်။ ထိုမှတစ်ဖန် "ထိုးကွင်းရှိမှ ယောက်ျားပီသသည်" ဟူသော သဘောထားများဝင်ရောက်လာချိန်တွင်မူ ထုံးတမ်းစဉ်လာသဘော သက်ရောက်သွားခဲ့သည်။ မြန်မာနိုင်ငံမှ ချင်းအမျိုးသမီးများသည် မျက်နှာတစ်ပြင်လုံး မည်းမှောင်နေအောင်ပါးရဲထိုး(ပါးထိုး၊ ပါး မည်းထိုး)ခဲ့ကြဖူးသည်။ ပါးရဲ မပါသော အမျိုးသမီးသည် ပွဲမဝင်၊ မတင့်တယ်၊ မျက်နှာဖြူကြီးနှင့်"ဗန္ဓတ်" ဟု သဘောထားခဲ့ကြသည်။ ထို့ပြင်နတ်"ပွယ်" သည် အခမ်းအနားများသို့ ဝင်ခွင့်မပြုခဲ့ပေ။ 

ဆေးမင်ကြောင်ဆေးများ

မြန်မာ့ထိုးကွင်းမင်ကြောင်၏ အစသည် မင်နှင့်ဆေးဝါးအစီအရင်ရောစပ်ကာ ဂါထာမန္တန်များ၊ အင်းများ၊ တစ်စုံတစ်ရာရည်ရွယ်ချက်ရှိသော အရုပ်များကို ထိုးနှံခြင်းမှ စတင်ခဲ့သည်ဟု ယူဆကြသည်။ ထိုကဲ့သို့ အစီအရင်ပြုလုပ်ရာတွင် အထက်ဆေးသုံးပါး၊ အောက်ဆေး နှစ်ပါးဟူ၍ ခွဲခြားထားသည်။

အထက်ဆေးသုံးပါးတွင် ဘုရား ဆေး၊ သိကြားနတ်ဗြဟ္မာဆေးနှင့် ဝိဇ္ဇာစသော အထက်လမ်း အတတ် ပညာဆိုင်ရာ ဆေးများပါဝင်သည်။ အောက်ဆေးနှစ်ပါးတွင် ကာယသိဒ္ဓိ ကိုယ်ခံဆေးနှင့် ပီယသိဒ္ဓိ ချစ်ဆေးများပါသည်။

ဆေးမင်ကြောင်သုံးမျိုး

မြန်မာတို့တွင် လူ၏ကိုယ်ခန္ဓာ အနှံ့ဆေးမင်ကြောင် ထိုးကြရာမျက်နှာတွင်ထိုးနှံခြင်း၊ ခါး၏အထက်ပိုင်းတွင် ထိုးနှံခြင်းနှင့် ခါးအောက် ပိုင်းထိုးနှံခြင်းတို့ဖြစ်သည်။ ခါး အောက်ပိုင်းတွင် ထိုးနှံသောအရုပ်များကို ယေဘုယျအားဖြင့် "ထိုးကွင်း" ဟုခေါ်ကြသည်။ ထိုကွင်းများတွင် အမျိုးပေါင်း ၆ဝ ကျော်ရှိသည်။

ဆေးမင်ကြောင်အရေးပါပုံ

အင်းဝခေတ်မှစ၍ ကုန်းဘောင် ခေတ်ကုန်ဆုံးပြီးနောက် နှစ်ပေါင်း အတန်ကြာသည်အထိ ဆေးမင်ကြောင်ခေတ်ကြီး အလွန်ကောင်းစားစဉ်က ထိုးကွင်းမင်ကြောင်မရှိလျှင် လူရာမဝင်သလောက်ပင် ဖြစ်သည်။ ကဗျာစာဆိုများကလည်း ကဗျာများတွင် ဆေးမင်ကြောင်အကြောင်း ဖွဲ့သီခဲ့ကြသည်။

ယောက်ျားပျိုလေးတစ်ယောက် က မိန်းမပျိုလေးတစ်ယောက်ကို နှစ်သက်သောကြောင့် နှစ်သက်သည်ပြောသည်ကိုပင် ထိုးကွင်းမင်ကြောင်နှင့် ဆုံးဖြတ်သည်။ " အကယ်ပြောသလော၊ အကယ်ပြောသည်မှန်လျှင် မင်ကြောင်ထိုးဦး" ဟု ဆိုလေ့ရှိသည်။ မင်ကြောင်မရှိသူ၏ ပြောစကားသည် အချက်အလက်မပြည့်စုံသော လျှောက်လွှာသဖွယ်ဖြစ်သည်။" သျှောင်တွဲနှင့် ပေါင်မည်းနှင့်" ဟူ၍ ခံ့ညားပုံကိုဖော်ပြခဲ့ကြသည်။ " ပေါင်းဖြူချင်း သေမင်းခေါ်တတ်တယ်" ဟူ၍ ထိုးကွင်းမရှိသူကို အိမ်ထောင်ဘက်အဖြစ် မရွေးချယ် သင့်ကြောင်း ရည်ညွှန်းခဲ့ကြသည်ကို တွေ့ရှိရသည်။

အလင်းဆက် (IR)
Popular Journal

Wednesday, July 24, 2013

အင်္ဂလိပ်လို Tatoo ၊ မြန်မာလို " ဆေးမင်ကြောင်" ဆိုသည်မှာ လူ၏ ကိုယ်အရေပြားပေါ်တွင်စွဲမြဲစွာ ထင် နေ
စေရန်တုတ်၊ဆူးချွန်အစရှိသောအရာများဖြင့်ဆေးရောင်သွင်းကာအရုပ် များ၊ အမှတ်အသားနှင့် ပန်းကနုတ်
စသောအလှအပများ ထိုးနှံခြင်းကို ခေါ်သည်။

အောင်ရဲလင်း ရဲ့ ဖက်ရှင်ဒီဇိုင်း

Photo: အောင်ရဲလင်း ရဲ့ ဖက်ရှင်ဒီဇိုင်း
Wednesday, July 24, 2013

ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူးနေတဲ့ "ညအက္ခရာ" ဇာတ်ကားကို အောင်ရဲလင်းက မိုးဟေကိုနဲ့အတူ ရိုက် ကူးထားပါတယ်။ ဒီဇာတ်ကားထဲမှာ အောင်ရဲလင်းက ဂျလေဘီကာရိုက်တာနဲ့ သရုပ်ဆောင်ထားပြီး ကိုယ် မှန်ရင်အကုန်လုံး လုပ်တတ်တဲ့ ကောင်လေးအဖြစ် သရုပ် ဆောင်ထားပါတယ်။ 

ဒီဇာတ်ကားထဲမှာလည်း အောင်ရဲ လင်းကဂျလေဘီကာရိုက်တာနဲ့လိုက်အောင် ဆံပင်ပုံစံ ပြောင်းလဲထားတာတွေ့ရပါတယ်။ ဇာတ်ကားတစ် ကားမှာဖက်ရှင်ပုံစံပြောင်းလဲသွားမှလည်း ပရိသတ် ရဲ့အမြင်မှာအသစ်အဆန်း လေးတွေမြင် စေချင်တဲ့အကြောင်းကို လည်းအောင်ရဲလင်းက

" ဇာတ်ကား တစ်ကားမှာဖက်ရှင်က နံပါတ်တစ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အချစ်ဇာတ် ကားတွေ တော် တော်များများဆိုအချစ်ထဲမှာပဲ လှည့်ပတ်ပြီး ရိုက်နေရ တော့ ဖက်ရှင်ပုံစံပြောင်းမှ ပရိသတ်ရဲ့အမြင်မှာ ပြောင်းလဲသွားမယ်။ ပုံစံကွဲသွားမယ်။ အဲဒါ ကြောင့် ဖက်ရှင်ကိုအဓိကထားပြီး လုပ်တယ်။ 

ဆံပင်ကိုလည်းအဓိကအတတ်နိုင်ဆုံး ပြောင်းဖြစ်တယ်။အခု ဒီဇာတ်ကား ထဲမှာဆိုရင်ကျွန်တော်က ဂျလေ ဘီကာရိုက်တာအဖြစ် သရုပ် ဆောင်ရတော့ကာရိုက်တာ နဲ့လိုက်အောင် ဆံပင်ပုံစံ ကိုပြောင်းထားတယ်။ ဒီဆံပင်ပုံစံကိုဥက္ကာထက် Pop Soul ဖန်တီးပေးထားတယ်။ ကျွန်တော်ရှိတဲ့ဆံပင်ကို ထပ်ပြီးတော့ဆက်ထားတယ်။ 

အတုနဲ့အစစ်နဲ့ ရောထားတယ်။ ဘာပဲပြောပြောအတတ်နိုင်ဆုံး ပရိသတ်ရဲ့အမြင် မှာတစ်ခုခုကိုအပြောင်းအလဲလေးဖြစ် သွားစေချင် တဲ့အတွက်ကြိုးစားပြီး သရုပ်ဆောင်ဖြစ်ပါတယ်" လို့ပြောပါတယ်။ ဇာတ်လမ်းအပေါ်မှာ မူတည်ပြီး ဆံပင်ပုံစံ၊အဝတ်အစားဖက်ရှင်ပုံစံတွေကို စဉ်းစား လေ့ရှိတဲ့အောင်ရဲလင်းက

" ဘာဖြစ်လို့လဲဆိုတော့ ဖက်ရှင်နဲ့ဆံပင်ပုံစံက ၅ဝရာခိုင်နှုန်းလောက် အထောက်အပံ့ပေးတယ်။ ကျန်တဲ့ ၅ဝ ရာ ခိုင်နှုန်းကကိုယ့်ရဲ့အိုက်တင်နဲ့ပေါင်းပြီးလုပ် တယ်။ဆံပင်ဆိုလည်းပုံစံအမြဲ ပြောင်းတယ်။

အဲဒီလိုပြောင်းတဲ့အတွက် စိတ်ပါပြောင်း သွားအောင်လို့ အမြဲတမ်း ဆံပင်ပုံစံ ကိုပြောင်းတယ်။ ပြီးတော့ကျွန်တော်က ဇာတ်ကားရိုက်ရင် တအားကြီးစိတ် ညစ်ရတဲ့ ဇာတ်မျိုးဆိုရင် မရိုက်ဖြစ် ဘူး။ကိုယ်တိုင်ကလည်း စိတ်ညစ်တဲ့ဒဏ်ကိုသိပ်ပြီးမခံနိုင်ဘူး။ 

ဥပမာ- ဒုက္ခိတဇာတ်မျိုးတွေဆိုရင် ကျွန်တော် မရိုက်ဖြစ်ဘူး။ ဇာတ်ရွေးတယ်။ အဓိကကတော့ကိုယ်တိုင်က စိတ် ညစ်တဲ့ဒဏ်ကိုမခံ နိုင်တာကြောင့် ပါ။ အချစ်ဇာတ်လမ်းလေးတွေကျတော့ လူငယ်တွေနဲ့လည်း ပိုပြီးအံဝင်ခွင် ကျဖြစ်မယ်လို့ ထင်တယ်။ ပြီးတော့လူကြီးတွေအတွက်ကျတော့ မိသားစုဒရာမာလေးတွေ ရိုက်ဖြစ်ပါတယ်" လို့ ပြောပါတယ်။

လွင်လွင်ထွန်း
ဓာတ်ပုံ- အိသွဲ့ (တန့်ယန်း)
Popular Journal
ဓာတ်ပုံ- အိသွဲ့ (တန့်ယန်း)
Wednesday, July 24, 2013

ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူးနေတဲ့ "ညအက္ခရာ" ဇာတ်ကားကို အောင်ရဲလင်းက မိုးဟေကိုနဲ့အတူ ရိုက် ကူးထားပါတယ်။ ဒီဇာတ်ကားထဲမှာ အောင်ရဲလင်းက ဂျလေဘီကာရိုက်တာနဲ့ သရုပ်ဆောင်ထားပြီး ကိုယ် မှန်ရင်အကုန်လုံး လုပ်တတ်တဲ့ ကောင်လေးအဖြစ် သရုပ် ဆောင်ထားပါတယ်။