Pages

Wednesday, July 24, 2013

မက်ဆီစိတ်ကြိုက် မာတီနိုကို ဘာကာ နည်းပြ ခန့်လိုက်ပြီ

မက်ဆီစိတ်ကြိုက် မာတီနိုကို ဘာကာ နည်းပြ ခန့်လိုက်ပြီ
Wednesday, July 24, 2013

ဘာစီလိုနာသည် ကျန်းမာရေး ပြဿနာကြောင့် အနားပေးခဲ့သော နည်းပြ ဗီလာနိုဗာ နေရာတွင် နယူးဝဲလ်အိုးဘွိုင်း နည်းပြဟောင်း မာတီနိုကို အစားထိုးခန့်အပ်ခဲ့သည်။ မာတီနိုသည် ယမန်နေ့က ဘာစီလိုနာအသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး
ခဲ့ပြီးနောက် ၂နှစ် စာချုပ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။ မာတီနိုမှာ မက်ဆီ အကြိုက်တွေ့သည့် နည်းပြတစ်ဦးဖြစ်ပြီး ၎င်းကို နည်းပြအဖြစ် မခန့်အပ်မီ မက်ဆီက ချီးကျူးထားခဲ့ဖူးသည်။

မာတီနိုနှင့် ပတ်သက်၍ မက်ဆီက “ မာတီနိုဟာ ထိပ်တန်း နည်းပြတစ်ဦးဖြစ်သလို သူ့ကို ကျွန်တော် ကြိုက်ပါတယ်။ နယူးဝဲလ်အိုးဘွိုင်းမှာလည်း မာတီနိုရဲ့ စွမ်းဆောင်မှုတွေကို ကျွန်တော်တို့ တွေ့ခဲ့ရပြီးသားပါ”ဟုဆိုခဲ့သည်။ မာတီနိုမှာ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း တစ်ဦးဖြစ်ပြီး နယူးဝဲလ်အိုးဘွိုင်းနှင့်အတူ အမှတ်ပေးဖလား ရယူနိုင်ခဲ့ကာ ယင်းမတိုင်မီက ပါရာဂွေးနည်းပြအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။

http://yoyarlay.com/sport/football/36758-2013-07-23-17-45-36
ဇော်ထွန်း(ရိုးရာလေး)

Wednesday, July 24, 2013

ဘာစီလိုနာသည် ကျန်းမာရေး ပြဿနာကြောင့် အနားပေးခဲ့သော နည်းပြ ဗီလာနိုဗာ နေရာတွင် နယူးဝဲလ်
အိုးဘွိုင်းနည်းပြဟောင်းမာတီနိုကို အစားထိုးခန့်အပ်ခဲ့သည်။ မာတီနိုသည် ယမန်နေ့က ဘာစီလိုနာအသင်း
တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ၂နှစ် စာချုပ် ချုပ်ဆိုရန်သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ 
မာတီနိုမှာ မက်ဆီ အကြိုက်တွေ့သည့် နည်းပြတစ်ဦးဖြစ်ပြီး ၎င်းကို နည်းပြအဖြစ် မခန့်အပ်မီ မက်ဆီက ချီး
ကျူးထားခဲ့ဖူးသည်။

မာတီနိုနှင့် ပတ်သက်၍ မက်ဆီက “ မာတီနိုဟာ ထိပ်တန်း နည်းပြတစ်ဦးဖြစ်သလို သူ့ကို ကျွန်တော် ကြိုက်
ပါတယ်။ နယူးဝဲလ်အိုးဘွိုင်းမှာလည်း မာတီနိုရဲ့ စွမ်းဆောင်မှုတွေကို ကျွန်တော်တို့ တွေ့ခဲ့ရပြီးသားပါ”ဟုဆို
ခဲ့သည်။ မာတီနိုမှာ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း တစ်ဦးဖြစ်ပြီး နယူးဝဲလ်အိုး
ဘွိုင်းနှင့်အတူ အမှတ်ပေးဖလား ရယူနိုင်ခဲ့ကာ ယင်းမတိုင်မီက ပါရာဂွေးနည်းပြအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်
သည်။

ဇော်ထွန်း(ရိုးရာလေး)
RangonNewsDaily
kolatt (Pabedan): 24.7.2013

0 comments:

Post a Comment