Pages

Wednesday, July 24, 2013

အော်စကာဆုရုပ်တုကို မိဘများအား ဂျနီဖာလောရင့်စ် ပေးအပ်

Photo: အော်စကာဆုရုပ်တုကို မိဘများအား ဂျနီဖာလောရင့်စ် ပေးအပ်
Wednesday, July 24, 2013

ဟောလိဝုဒ်ရဲ့ နာမည်ကျော် သရုပ်ဆောင် ဂျနီဖာလောရင့်စ်ဟာ သူ ရရှိထားတဲ့ အော်စကာဆု ရုပ်တုကို သူ့ရဲ့ မိဘနှစ်ပါးကို ပေးအပ်ခဲ့တယ်လို့ contactmusic.com မှာ ဖော်ပြ ထားပါတယ်။
အော်စကာဆု ရုပ်တုကို သူ့အိမ်က ဧည့်ခန်းထဲမှာ ထားရတာကို စိတ်ထဲမှာ ကသိကအောက် ဖြစ်နေတဲ့အတွက် အခုလို မိဘနှစ်ပါးကို ပေးလိုက်တာလို့ ဂျနီဖာလောရင့်စ် က ပြောပါတယ်။

"ကျွန်မမိဘတွေက ရုပ်တုကို ကန်တက်ကီက သူတို့အိမ်ကို သယ်သွားကြပါပြီ။ ဘာလို့လဲ ဆိုတော့ အဲဒီရုပ်တုကို ကျွန်မအိမ်မှာ ထားရတာ စိတ်ထဲမှာ ကသိကအောက် ဖြစ်နေလို့ပါ" လို့ ဂျင်နီဖာလောရင့်စ်က အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဂျနီဖာလောရင့်စ်ဟာ ဟောလိဝုဒ်ရဲ့ အမြင့်ဆုံး ဆုတံဆိပ်ဖြစ်တဲ့ အော်စကာ ရုပ်တုကို သူ့အိမ်ရဲ့နေရာအနှံ့မှာ ထားကြည့်ခဲ့သေးပေမယ့် ဘယ်လိုမှ စိတ်တိုင်းမကျ နိုင်တာကြောင့် နောက်ဆုံးမှာ သူ့အမေရဲ့ အကြံပေးချက်အရ ကန်တက်ကီပြည်နယ် က သူ့မိဘတွေရဲ့ အိမ်မှာ ထားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
"ကျွန်မ အဲဒီရုပ်တုကို ရေချိုးခန်းကို သွားတဲ့လမ်းမှာတောင် ထားကြည့် ပါသေးတယ်။ နောက်တော့ ကျွန်မအမေက သူယူသွားမယ်လို့ ပြောတာနဲ့ ပေးလိုက်တာပါ။ အခုတော့ အဲဒီရုပ်တုက ကန်တက်ကီ ပြည်နယ်က စန္ဒရားတစ်ခုပေါ်မှာ ရောက်နေပါပြီ" လို့ ဂျနီဖာလောရင့်စ်က ပြောပါတယ်။

ဂျနီဖာလောရင့်စ်ဟာ အဲဒီ အော်စကာရုပ်တုကို ယခုနှစ်အော်စကာ ဆုပေးပွဲမှာ Silver Linings Playbook ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆု အတွက် ရရှိထားတာ ဖြစ်ပါတယ်။

The Voice Weekly

Wednesday, July 24, 2013

ဟောလိဝုဒ်ရဲ့ နာမည်ကျော် သရုပ်ဆောင် ဂျနီဖာလောရင့်စ်ဟာ သူ ရရှိထားတဲ့ အော်စကာဆု ရုပ်တုကို သူ့ရဲ့ မိဘနှစ်ပါးကို ပေးအပ်ခဲ့တယ်လို့ contactmusic.com မှာ ဖော်ပြ ထားပါတယ်အော်စကာဆု ရုပ်တုကို သူ့အိမ်က ဧည့်ခန်းထဲမှာ ထားရတာကို စိတ်ထဲမှာ ကသိကအောက် ဖြစ်နေတဲ့အတွက် အခုလို မိဘနှစ်ပါးကို ပေးလိုက်တာလို့ ဂျနီဖာလောရင့်စ် က ပြောပါတယ်။

"ကျွန်မမိဘတွေက ရုပ်တုကို ကန်တက်ကီက သူတို့အိမ်ကို သယ်သွားကြပါပြီ။ ဘာလို့လဲ ဆိုတော့ အဲဒီရုပ်တုကို ကျွန်မအိမ်မှာ ထားရတာ စိတ်ထဲမှာ ကသိကအောက် ဖြစ်နေလို့ပါ" လို့ ဂျင်နီဖာလောရင့်စ်က အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဂျနီဖာလောရင့်စ်ဟာ ဟောလိဝုဒ်ရဲ့ အမြင့်ဆုံး ဆုတံဆိပ်ဖြစ်တဲ့ အော်စကာ ရုပ်တုကို သူ့အိမ်ရဲ့နေရာအနှံ့မှာ ထားကြည့်ခဲ့သေးပေမယ့် ဘယ်လိုမှ စိတ်တိုင်းမကျ နိုင်တာကြောင့် နောက်ဆုံးမှာ သူ့အမေရဲ့ အကြံပေးချက်အရ ကန်တက်ကီပြည်နယ် က သူ့မိဘတွေရဲ့ အိမ်မှာ ထားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
"ကျွန်မ အဲဒီရုပ်တုကို ရေချိုးခန်းကို သွားတဲ့လမ်းမှာတောင် ထားကြည့် ပါသေးတယ်။ နောက်တော့ ကျွန်မအမေက သူယူသွားမယ်လို့ ပြောတာနဲ့ ပေးလိုက်တာပါ။ အခုတော့ အဲဒီရုပ်တုက ကန်တက်ကီ ပြည်နယ်က စန္ဒရားတစ်ခုပေါ်မှာ ရောက်နေပါပြီ" လို့ ဂျနီဖာလောရင့်စ်က ပြောပါတယ်။

ဂျနီဖာလောရင့်စ်ဟာ အဲဒီ အော်စကာရုပ်တုကို ယခုနှစ်အော်စကာ ဆုပေးပွဲမှာ Silver Linings Playbook ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆု အတွက် ရရှိထားတာ ဖြစ်ပါတယ်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 24.7.2013

0 comments:

Post a Comment