Pages

Wednesday, July 24, 2013

မျိုးစောင့်ဥပဒေသည် အပေါ်ယံကြည့်လျှင် ငြင်းခုန်စရာဟု ယူဆဖွယ်ရာရှိသော်လည်း မွတ်စ်လင်မ်များအတွက် ၎င်းဥပဒေသည် မြောက်များစွာ အကျိုးရှိ

လွတ်လပ်စွာပြောဆိုခွင့်ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွတ်လပ်စွာပြောချင်ပါသည်။ မျိုးစောင့်ဥပဒေကို ဆန့်ကျင်သူ၊ ကန့်ကွက်သူ၊ ဝေဖန်သူ၊ ထောက်ခံသူ ဘယ်လိုအသံတွေ ဝေစည်နေပါစေ။ ကျွန်မကတော့ ကန့်ကွက်စရာလို့ မမှတ်ယူခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အကြောင်းရှိပါသည်။
မျိုးစောင့်ဥပဒေဆိုတာ မွတ်စ်လင်မ်အမျိုးသား အမျိုးသမီးတွေရဲ့ဂုဏ်သိက္ခာတွေကို လုပ်ကြံစော်ကား မှုကနေ ကာကွယ်တဲ့ဥပဒေလို့ မြင်မိသည့် အတွက်ကြောင့်လည်းကောင်း၊ အောက်ပါအချက်များ ကြောင့်လည်းကောင်း အကျိုးရှိသည်ဟု ယူဆမိပါသည်။

(၁) အစ္စလာမ်နှင့် မွတ်စ်လင်မ်တို့၏ ဂုဏ်သိက္ခာသည် အယောင်ဆောင် ကူးပြောင်းလာသော ဘာသာ ခြားတို့၏ သေချာလေ့လာခြင်းမရှိသည့် ထင်မြင်ယူဆခြင်းများမှ ကင်းလွှတ်သွားပေလိမ့်မည်။

(၂) ထိုဥပဒေကြောင့် အစ္စလာမ်ထဲတွင် အယောင်ဆောင်နေပြီး အစ္စလာမ်အားနောက်ကျောမှ လုပ်ကြံ မှုများ၏ အန္တရာယ်ကြီးများမှ ကင်းလွှတ်သွားပါလိမ့်မည်။

(၃) ၎င်းဥပဒေကြောင့် မွတ်စ်လင်မ်အမျိုးသား၊ အမျိုးသမီးများ ဘာသာခြားတို့နှင့် လက်ထပ်ထိမ်းမြား ခြင်းတွင် အဟန့်အတားဖြစ်သွားစေမည်။ ထိုအချက်သည် အင်မတန်ကောင်းမွန်သော အချက်တစ် ချက်ဖြစ်ပေသည်။ မွတ်စ်လင်မ်များသည် မိမိတို့နှင့် ဘာသာတူများကိုသာ ထိမ်းမြားခွင့်ရှိသည်။ အယောင်ဆောင် ဘာသာကူးပြောင်းပြီး နောက်မှ ကိုယ့်ဘာသာကိုယ် ကိုးကွယ် ဆိုသည့်အချက်ကို အစ္စလာမ်က လက်မခံပေ။

ဘာကြောင့်လဲ…?
မွတ်စ်လင်မ်တစ်ယောက်နှင့် ဘာသာခြားတစ်ယောက်၏ ( စစ်မှန်စွာ ယုံကြည်ပြီး ၀င်လာရင်တော့ ထိပ်းမြားခွင့်ရှိသည် ) ကိုယ့်ဘာသာ ကိုယ်ကိုးကွယ်ပြီး နေထိုင်ခြင်းအား တားမြစ်ရခြင်းမှာ ၎င်းတို့၏ ထိမ်းမြားမှုသည် ဘာသာခြားသွားသည့် အတွက် အစ္စလာမ့်ဥပဒေအရ ထိမ်းမြားမှုပျက်ပြယ် သွားပြီဖြစ်သည်။

ထိမ်းမြားမှုပျက်ပြယ်သွားခြင်းသည် သူစိမ်းတရံများအဖြစ်သို့ ရောက်ရှိသွားခြင်းဖြစ်ပြီး ထိုအခြေအနေဖြင့် အတူနေထိုင်ခြင်းသည် အစ္စလာမ့်ဥပဒေတွင် လုံးဝအခွင့်မရှိသော ဟရာမ်ကြီးလေးသည့် အပြစ်ဖြစ်သောကြောင့် တားမြစ်ထားပါသည်။

များစွာသော မွတ်စ်လင်မ်များနှင့် လက်ထပ်ထိမ်းမြားထားသော ဘာသာခြားတို့၏ အခြေအနေသည် မည်သို့ရှိသည်ကို မသိနိုင်ပေ။

ထို့အတွက်ကြောင့် မွတ်စ်လင်မ်များသည် မိမိလက်ထပ်ထိမ်းမြားရာတွင် ဘာသာတူကိုသာ စဉ်းစားပြီး အထက်ပါ ဟရာမ်အပြစ်ကြီးမှ ယင်းဥပဒေကြောင့် လွတ်ငြိမ်းခွင့်ရသွားပေလိမ့်မည်။

(၄) မွတ်စ်လင်မ်များသည် မိမိနှင့် ဘာသာတူများနှင့်သာ လက်ထပ်ထိမ်းမြားလျှင် ယင်းမျိုးစောင့်ဥပဒေ၏ ပြစ်ဒဏ်သည် မွတ်စ်လင်မ်များနှင့် သီးခြားဖြစ်နေပေလိမ့်မည်။

(၅) မွတ်စ်လင်မ်များသည် မိမိဘာသာတူများနှင့်သာ လက်ထပ်ပြီး ပေါက်ဖွားလာမည့် ကလေးသူငယ် များ၏ အနာဂတ်တွင် ဘယ်ဘာသာခံယူရမလဲ ဆိုသည့် ကြီးမားသောအန္တရာယ်မှ လွတ်ငြိမ်းခွင့်ရရှိပေလိမ့်မည်။

(၆) မွတ်စ်လင်မ်များသည် ဘာသာခြားအား လက်ထပ်မိပြီး ဂုပ်သွေးစုပ်ခံရခြင်းများမှလည်းကောင်း၊ နိုင်လို မင်းထက်ပြုလုပ်ခံရခြင်းများမှ လည်းကောင်း၊ အီမာန်ထိခိုက်ဖျက်ဆီးခံရခြင်း များမှလည်းကောင်း ယင်းမျိုးစောင့်ဥပဒေက များစွာအထောက်အကူဖြစ်စေပါမည်။

(၇) မွတ်စ်လင်မ်များ၏ ဥစ္စာပစ္စည်းများသည် ၄င်းမျိုးစောင့်ဥပဒေကြောင့် မွတ်စ်လင်မ်များကို ပြန်လည် အကျိုးပြုနိုင်ပါလိမ့်မည်။ ဘာသာတူလက်ထပ်သည့် အတွက် မွတ်စ်လင်မ်အချင်းချင်းကို ကြည့်ရှုစောင့် ရှောက်နိုင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။

(၈) မွတ်စ်လင်မ်များသည် ကြုံတွေ့ခဲ့ရသော ဒုက္ခအပေါင်းမှ သည်းခံမျိုသိပ်ခဲ့သည့်အပေါ် ထိုမျိုးစောင့် ဥပဒေသည် မွတ်စ်လင်မ်တို့အတွက် အကာအကွယ်တစ်ခု အဖြစ်ရောက်ရှိလာသော အလ္လာဟ်အရှင် မြတ်၏ ကူညီမှုတစ်ခုဖြစ်နိုင်ပါသည်။ ထိုဥပဒေကြောင့် စစ်မှန်သော မွတ်စ်လင်မ်များ၏ ဥစ္စာပစ္စည်းများ နိုင်လိုမင်းထက်ပြုမှုခံရခြင်းများမှ ချမ်းသာခွင့်ရရှိပါလိမ့်မည်။ ( အင်န်ရှာအလ္လာဟ် )

(၉) မျိုးစောင့်ဥပဒေသည် မွတ်စ်လင်မ်အချင်းချင်း ပို၍စည်းလုံးစေနိုင်လိမ့်မည်။ မွတ်စ်လင်မ်အချင်းချင်း ပို၍ရိုင်းပင်းလာနိုင်မည်။ သီးခြားဖယ်ထုတ်ခံရသူများသည် အချင်းချင်းပို၍ ညီညွှတ်တတ်သော သဘောအရဖြစ်သည်။

(၁၀) မွတ်စ်လင်မ်များသည် ဘာသာခြားများနှင့် လက်ထပ်ပြီး အီမာန်ကို ဓါးပြတိုက်ခံရသည့် အဖြစ်ဆိုး များမှ မျိုးစောင့်ဥပဒေက ကာကွယ်ပေးပါလိမ့်မည်။ ဘာသာခြားအားလက်ထပ်ပြီး အစ္စလာမ်ထဲမှထွက် သွားသူအတွက် ဘာမျှဝမ်းနည်းဖွယ်ရာမရှိ၊ အစ္စလာမ်သာသနာ၌ စစ်မှန်သော မွတ်စ်လင်မ်များသာ နေထိုင်ခွင့်ရှိ၏။ အယောင်ဆောင် မွတ်စ်လင်မ်များကို အစ္စလာမ်သာသနာက အလိုမရှိပေ။ စစ်မှန်သောမွတ်စ်လင်မ်သည် မိမိ၏ အီမာန်ကိုမည်သည့်အရာနှင့်မျှ လဲလှယ်မည် မဟုတ်ပေ။

ယေဘုယျအားဖြင့် ထိုမျိုးစောင့်ဥပဒေသည် အပေါ်ယံကြည့်လျှင် ငြင်းခုန်စရာဟု ယူဆဖွယ်ရာရှိသော်လည်း မွတ်စ်လင်မ်များအတွက် ၎င်းဥပဒေသည် မြောက်များစွာ အကျိုးရှိသည်ကို တွေ့ရပါသောကြောင့် ကန့်ကွက်လိုခြင်းမရှိပေ။

ဆက်လက်ပြီး မေးခွန်းနှစ်ခုသည် လွတ်လပ်စွာကိုးကွယ်ခွင့်ဆိုသည့် အခြေခံဥပဒေအား ထိခိုက်မည်ကိုစိုးရိမ်မိပါသည်။

(၁) ဘာသာခြားတစ်ယောက်သည် မိမိဆန္ဒနှင့် အစ္စလာမ်ထဲသို့ကူးပြောင်းလာလျှင် မျိုးစောင့် ဥပဒေအရ ပြစ်ဒဏ် မည်သို့ပေးပါသနည်း။
(၂) အစ္စလာမ်ထဲသို့ မိမိဆန္ဒအရ ယုံကြည်လက်ခံဝင်ရောက်လာခဲ့ပြီး မွတ်စ်လင်မ်နှင့် လက်ထပ်ထိမ်းမြားမိလျှင် မျိုးစောင့်ဥပဒေအရ ပြစ်ဒဏ် မည်သို့ရှိပါသနည်း။ ဖြေပေးစေချင်ပါသည်။
တရားမျှတခြင်းသည် အမျိုးဂုဏ်ထက်ပိုပြီး အရေးကြီးသည်ကိုလက်ခံပါလျှင် ထိုမေးခွန်း၏ အဖြေများ ကို မျိုးစောင့်ဥပဒေအား ရေးဆွဲနေကြသောပုဂ္ဂိုလ်ကြီးများအနေဖြင့် တရားမျှတစွာဖြေပေးစေချင်သည်

အမှန်တရား ဘက်တော်သူ | အလင်းမျက်ဝန်း
RangonNewsDaily
kolatt (Pabedan): 24.7.2013

0 comments:

Post a Comment