Pages

Wednesday, July 24, 2013

ပန်းဆိုးတန်း အနုပညာနှင့် ယဉ်ကျေးမှု ဂျာနယ်ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာ သာဖြင့် ထုတ်ဝေ

Wednesday, July 24, 2013

ပန်းချီ၊ စာပေ၊ လက်မှုအနုပညာနှင့် မြန်မာ့ယဉ်ကျေးမှု ဦးစားပေးဖော်ပြမည့် ပန်းဆိုးတန်း အနုပညာနှင့် ယဉ်ကျေးမှု ဂျာနယ်ကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ဝေသွားမည် ဖြစ်ကြောင်းကို Pansodan Gallery တည်ထောင်လုပ်ကိုင်သူ ဦးအောင်စိုးမင်းက ပြောကြားသည်။

ဇူလိုင် ၂၃ က ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း (အထက်ဘလောက်)ရှိ Pansodan Gallery တွင် ပြုလုပ်ခဲ့သော ပန်းဆိုးတန်း အနုပညာနှင့်ယဉ်ကျေးမှု ဂျာနယ် မိတ်ဆက်ပွဲနှင့် သတင်းစာရှင်းလင်းပွဲ တွင် မြန်မာ့ပန်းချီ၊ မြန်မာ့ယဉ်ကျေးမှု အကြောင်း၊ ကမ္ဘာပေါ်တွင် လက်ရှိဖြစ်ပေါ်နေသော အနုပညာ တိမ်းညွတ်မှုများအကြောင်းကို သိရှိရန်ရည်ရွယ်၍ ယင်းပန်းဆိုးတန်း အနုပညာနှင့်ယဉ်ကျေးမှု ဂျာနယ်ကို ထုတ်ဝေခြင်း ဖြစ်ကြောင်း ၄င်းကပြောသည်။

နိုင်ငံခြားသားများက မြန်မာနိုင်ငံတွင် ပန်းချီနှင့်ပတ်သက်သည့် မဂ္ဂဇင်းရှိ မရှိ မေးလျှင် မည်သည့်မဂ္ဂဇင်းမျှ မရှိသည့်အတွက် အလွန် အရှက်ရကြောင်း၊ ယခု ပန်းဆိုးတန်း အနုပညာနှင့်ယဉ်ကျေးမှု ဂျာနယ် ရှိလာသည့် အတွက်ဖြေစရာရှိလာကြောင်း ပန်းချီဆရာ ဦးဝင်းဖေမြင့်က ပြောသည်။
"အခု ပြောစရာရှိလာ တဲ့အတွက် ကျွန်တော် သိပ်မရှက်တော့ဘူး" ဟု ၄င်းက ပင်ဆိုသည်။

ကမ္ဘာက မြန်မာ့အနုပညာ အကြောင်းကို သိနိုင်ရန်အတွက် အင်္ဂလိပ်၊ မြန်မာနှစ် ဘာသာဖြင့် ထုတ်ဝေရခြင်း ဖြစ်ပြီး ဇူလိုင် ၁၉ ရက်နေ့က ပထမဆုံးစာစောင်ကို တန်ဖိုး ၁၀၀၀ကျပ်ဖြင့် ရန်ကုန်နှင့် မန္တလေးရှိ Gallery များ၊ ဂျာနယ်ဆိုင်များတွင် စောင်ရေ ၂၀၀၀ ခန့် ဖြန့်ချိထားကြောင်း ဂျာနယ် ထုတ်ဝေသူ ဦးအောင်စိုးမင်းက ပြောကြားသည်။

(ကောင်းဆက်နိုင်)
The Voice Weekly , RangonNewsDaily
kolatt (Pabedan): 24.7.2013

0 comments:

Post a Comment