Pages

Wednesday, July 24, 2013

Galaxy Note 3 မှာပါလာမယ့် Samsung ရဲ့ CPU အသစ် Exynos 5 Octa (5420)





၂၃.၇.၂၀၁၃ ရက်နေ့မှာ Samsung က Galaxy Note 3 မှာပါလာမယ် CPU အသစ် Exynos 5 Octa (5420) ကို တရားဝင်ထုတ်ပြသွားပါတယ်.. လက်ရှိ Galaxy S4 i9500 မှာပါတဲ့ Exynos 5 Octa CPU ရဲ့ update version ဖြစ်ပါတယ်…
အရင်version မှာလိုပဲ Quad Core 2 ခုတွဲထားတဲ့ 8 Core CPU မျိုးပါပဲ..
ဒီမှာ ကြုံတုန်း ဖုန်းမှာ CPU က 8 Core တောင် လိုကော လိုလို့လား.. PC computer တွေတောင် Quad Core လောက်နဲ့ ok တာပဲ ဆိုတဲ့ အချက်ကို ရှင်:ပြချင်ပါတယ် …

အဲ့ဒီ့ Exyons 5 Octa CPU version မှာ hardware တည်ဆောက်ပုံအရ Core လေးခုစီပါတဲ့ Quad Core Cortex-A15 နဲ့ Quad Core Cortex-A7 ကို တွဲထားတာပါ…။

အဲဒီ့ Quad Core ၂ခုပေါင်းထားလို့ Octa Core ဆိုပြီး ခေါ်တာပါ… သူက Quad Core ၂ ခု ပါပေမဲ့ တစ်ကယ် အလုပ်လုပ်တာက တစ်ချိန်မှာ Quad Core တစ်ခုပဲ လုပ်ပါတယ်… တစ်ခြား Quad Core ဖုန်းတွေလိုပါပဲ…. ဒါဆိုဘာလို့ Quad Core ၂ ခု ထည့်ပေးလိုက်လဲ မေးစရာရှိပါတယ်..။

အဲ့ဒီ့ Exyons 5 Octa version မှာပါတဲ့ Quad Coer ၂ခုရဲ့ စွမ်းဆောင်ရည် ကမတူပါဘူး .. Cortex-A15 မှာက clock speed 1.6GHz ရှိပြီးတော့ Cortex-A7 က clock speed 1.2GHz ရှိပါတယ်..။

Multiwindow သုံးနေတဲ့ အခြေအနေမျိုး… HD Game ကိုဆော့နေရင်းနဲ့ HD movie ကိုဖုန်းပေါ်ကို ဆွဲထဲ့နေ သလိုမျိုး အခြေအနေမှာ သူ က Cortex-A15 နဲ့ ဖုန်းကို run နေပါတယ်..။

အဲ့ဒီ့လိုမျိုး performance ကောင်းကောင်းနဲ့ run ရမဲ့ အခြေအနေမှာ သူက စွမ်းရည်ပိုကောင်းတဲ့ Quad Core Cortex-A15 နဲ့ ဖုန်းကို run စေပါတယ်…။

အဲ့ phone ပြောတာလောက် message sent တာလောက် လိုမျိုး အခြေအနေမှာတော့ သူ က Quad Core Cortex-A7 နဲ့ ဖုန်းကို run ပါတယ် ..။

ဒီလိုမျိုး normal condition တွေအတွတ်ကတော့ Quad Core Cortex-A7 နဲ့ပဲ run နေစေပြီး Quad Core Cortex-A15 ကို အဲ့ဒီ့ အချိန်မှာ ရပ်ထားပါတယ်..။

ဘာလို့ အဲ့ဒီ့ လို QuadCore processor ၂ခုကို အခြေအနေပေါ် မူတည်ပြီး တစ်လှည့်စီ run ခိုင်းတာလဲဆိုတာ အကြောင်းရှိပါတယ်…။

လက်ရှိမှာ Quad Core processor တွေဟာ clock speed မြင့်လေလေ performance ပိုကောင်းပြီ: battery စားတာပိုများလေ ဖြစ်ပါတယ်… ဒီတော့ Normal process လောက်ပဲ run တဲ့အခါမှာ Highend Quad Core processor နဲ့ပဲrun နေရင်။

battery ကို ပိုကုန်စေမှာဖြစ်လို့… Samsung က Quad Core ၂ ခုကို တစ်လှည့်စီ ခိုင်:တဲ့ 8 Core ပါတဲ့ Exyons 5 Octa CPU ဆိုပြီ: Galaxy S4 မှာစတင်အသုံးပြုခဲ့ပါတယ်… အဓိကက power စားသက်သာဖို့ပါပဲ…။
Galaxy S4 စထွက်ထွက်ချင်: တုံးက CPU ရဲ့ လုပ်ဆောင်ပုံနဲ့ firmware မှာပါတဲ့ function နဲ့ကတိက်မကိုက်သေ:တော့ မျော်လင့်သလောက် အကျိုးမရခဲ့ပါဘူး…။

ဒါပေမဲ့ Galaxy S4 ရဲ့ firmware ကို update တွေပေ:ရင် ပြင်ပေ:ရင်:နဲ့ ခုတော့ CPU နဲ့  firmware ရဲ့ လုပ်ဆောင်ပုံတွေကတစ်ဖြည်:ဖြည်: ချိန်သားကိုက်ပြီ:တော့ OK လာပါတယ် …။
ခုအသစ်ထုတ်ပြတဲ့ Exynos 5 Octa (5420) မှာ ပြောင်:လဲချက်ကတော့ ပါတဲ့ Quad Core Processor တွေရဲ့ clock speed ကို အနည်:ငယ် တိုးမြင့်ထားပါတယ်..။

Quad Core Cortex-A15 ရဲ့ clock speed ကိုအရင် 1.6GHz ကနေ 1.8GHz အဖြစ် …
Quad Core Cortex-A7 ရဲ့ clock speed ကို အရင် 1.2GHz ကနေ 1.3GHz အဖြစ်တိုးထာ:တယ် ။လို့ဆိုပါတယ်…..။

Clock speedကိုတို:ထာ:ပေမဲ့လဲ power စားတာကို အရင် Galaxy S4 မှာပါတဲ့ version ထက် 20 % ပိုပြီ:သက်သာအောင်လုပ်ထာ:တယ်လို့ပြောပါတယ်။

အရင် Galaxy S4 i9500 မှာပါတဲ့ Exyons 5 Octa version နဲအဓိက ကွာခြားချက်ကတော့ GPU ပြောင်းသွားတာပဲဖြစ်ပါတယ်…. အရင်Galaxy S4 မှာပါတဲ့ Exyons 5 Octa version တုန်းက GPU ကို PowerVR SGX544MP3 သုံးထားပါတယ်..။

ခု Exynos 5 Octa version အသစ်မှာတော့ GPU ကို Mali T628 MP6 သုံးထားပါတယ်။… ဘာကွာလဲဆိုတော့ PowerVR SGX544MP3 က core 3လုံးထိပဲ support ပေ:ပါတယ်…။

New version မှာပါတဲMali T628 MP6 ကတော့ 6 coreထိ support ပေ:တယ်လို့ ဆိုပါတယ်..။

အဲဒါကြောင့် 1080p vedio ကို ကြည့်တာဖြစ်ဖြစ် record လုပ်တာဖြစ်ဖြစ် Full HD 60fps ထိ support လုပ်နိုင်မယ်လို့ဆိုပါတယ်..။

ခုလက်ရှိ ဖုန်းတွေရဲ့ HD vedio ကို record အလုပ်နိုင်ဆုံးက 30fps ထိပဲ support လုပ်နိုင်ပါတယ်။… ဒီ new Exyons 5 Octa versionမှာပါတဲ့ GPU က ၂ဆ ပိုပြီ: support လုပ်နိုင်မဲ့ သဘောပါပဲ..။

ကဲ ဒါလောက်ဆို new Exyons 5 Octa version ပါမဲ့ Galaxy Note 3 ကို ရင်ခုန်ကြည့်ရအောင်ဗျာ။

Myanmar Mobile App ,  RangonNewsDaily
kolatt (Pabedan): 23.7.2013



0 comments:

Post a Comment