Pages

Saturday, February 16, 2013

၂၀၁၃ ကျောင်းသားငြိမ်းချမ်းရေး ဆုရှင်ကို ဦးမင်းကိုနိုင် ဂုဏ်ပြုမိန့်ခွန်းပြော

မီးဒုတ်တွေကိုင်စွဲပြီး ငြိမ်းချမ်းရေးအတွက် လမ်းလျှောက် ချီတက်ကြ (ဓာတ်ပုံ – ISFiT Facebook)
နော်ဝေးနိုင်ငံ ထရွန်ဟန်းမြို့(Trondherm) ၌ ကျင်းပနေသည့် နိုင်ငံတကာ ကျောင်းသားပွဲတော်တွင် ယခုနှစ် ကျောင်းသားငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရသည့် အကျဉ်းစံ အီရန် ကျောင်းသားခေါင်းဆောင်နှင့် ဖြစ်ရပ်တူညီခဲ့သူ မြန်မာနိုင်ငံမှ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမင်းကိုနိုင်က အထူးမိန့်ခွန်း ပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းပုံကို ငွေစက္ကူတွင် ရိုက်နှိပ်ရန် လူငယ်အင်အားစုများ လိုလားနေ

ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထားသည့် ငွေစက္ကူအဟောင်းများကို ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေး ရှေ့တွင် ရောင်းချနေစဉ် (ဓာတ်ပုံ – (ဂျေပိုင် / ဧရာဝတီ)
အမျိုသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ကျေးဇူးကို အမှတ်တရရှိစေရန် နောက်နောင် ထုတ်ဝေသုံးစွဲမည့် ငွေစက္ကူများနှင့် တံဆိပ်ခေါင်းများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံ ရိုက်နှိပ်ဖော်ပြရန် နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်း အသီးသီးမှ လူငယ်အင်အားစုများက လိုလားလျက်ရှိကြောင်း သိရသည်။

ချေမှုန်း ဖျက်ဆီးရန် ခက်ခဲ့သည့် ရွေ့လျား ဒုံးလွှတ်စင် ၁၀၀ မြောက်ကိုရီးယား ပိုင်ဆိုင်ထား

ချေမှုန်း ဖျက်ဆီးရန် ခက်ခဲ့သည့် ရွေ့လျား ဒုံးလွှတ်စင် ၁၀၀ မြောက်ကိုရီးယား ပိုင်ဆိုင်

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၅

နျူကလီးယား လက်နက် ပိုင်ဆိုင်ထားသော မြောက်ကိုရီးယား နိုင်ငံ၌ ရှာဖွေ ချေမှုန်းရန် ခက်ခဲသော ရွေ့လျား ဒုံးလွှတ်စင် ၁၀၀ နီးပါး ပိုင်ဆိုင်ထားကြောင်း တောင်ကိုရီးယား အစိုးရ ပြောကြားချက် ကို ကိုးကားပြီး Asia Defense သတင်းတွင် ဖော်ပြထားသည်။ စကတ်နှင့် ရိုဒေါင် ဒုံးကျည်များ ပစ်လွှတ် နိုင်သည့် ရွေ့လျား ဒုံးစင် ၁၀၀ နီးပါး ကွန်မြုနစ် မြောက်ကိုရီးယား တို့ ပိုင်ဆိုင် ထားကြောင်း တောင်ကိုရီးယား နှင့် အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းက ပြောကြား သွားသည်။

အဆိုပါ ဒုံးပျံ များတွင် နျူကလီးယား ထိပ်ဖူး ပစ်လွှတ် တိုက်ခိုက်နိုင်ခြင်း နှင့် တောင်ကိုရီးယား နိုင်ငံတစ်ဝန်း လုံးရှိ ပစ်မှတ် များကို ချေမှုန်း တိုက်ခိုက်နိုင်ခြင်း တို့ကြောင့် အလွန် အန္တရာယ်ကြီးသော ဒုံးကျည် အမျိုး အစားများ ဖြစ်သည်။
ထို့အပြင် ထရတ်ကားပေါ် တင်ထားသည့် ရွေ့လျား ဒုံးလွှတ်စင် များသည် အချိန်ပြည့် ရွှေ့ပြောင်း သွားလာ နိုင်ခြင်းကြောင့် ရှာဖွေ ဖော်ထုတ်ရန်နှင့် ချေမူန်း တိုက်ခိုက်ရန် ခက်ခဲသည်။

ကီလိုမီတာ ၃၀၀ မှ ၁၀၀၀ တွင်း ပစ်ခတ် နိုင်သော ရွေ့လျား စကတ် ဒုံးလွှတ် စင်ပေါင်း ၂၇ ခုမှ ၄၀ ခုထိ မြောက်ကိုရီးယား တို့ ပိုင်ဆိုင် ထားပြီး ကီလိုမီတာ ၁၃၀၀ ထိ ပစ်လွှတ် နိုင်သော ရိုဒေါင် ရွေ့လျား ဒုံးလွှတ်စင် အခု ၄၀ ခန့် နှင့် ကီလိုမီတာ ၃၀၀၀ မှ ၄၀၀၀ ထိ ပစ်လွှတ် နိုင်သော မူဆူဒန် ဒုံးလွှတ်စင် ၁၄ ခုတို့ ပိုင်ဆိုင် ထားကြောင်း Asia Defense သတင်းတွင် ဖော်ပြထားသည်။

မြေပြင် အခြေစိုက်၊ ရေပြင် အခြေစိုက်နှင့် ရေငုပ်သင်္ဘော အခြေစိုက် ခရုစ် ဒုံးပျံများ အသုံးပြုပြီး မြောက်ကိုရီးယား ဒုံးလွှတ်စင် များကို မိနစ် ၃၀ အတွင်း ရှာဖွေ ချေမှုန်းနိုင်ရန် အစီအစဉ် ရေးဆွဲထားကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ဖော် ပြောကြား သွားသည်။

သို့သော်လည်း ယင်းကဲ့သို့ ထုတ်ဖော် ပြောကြားမှု များမှာ မြောက်ကိုရီးယား နိုင်ငံ၏ တတိယ အကြိမ်မြောက် နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုကြောင့် ထိတ်လန့် နေသော တောင်ကိုရီးယား ပြည်သူ များကို စိတ်သက်သာရာ ရစေရန် ပြောကြားခြင်းသာ ဖြစ်ကြောင်း လေ့လာ သုံးသပ်သူ များက ဝေဖန် သွားသည်။

၁၉၉၁ ပထမ ပင်လယ်ကွေ့ စစ်ပွဲ အတွင်း အီရတ် ရွေ့လျား စကတ် ဒုံးလွှတ်စင် များကို ချေမူန်း နိုင်ရန် လေကြောင်း တိုက်ခိုက်မှုပေါင်း ၁၄၆၀ ထိ အမေရိကန် လေတပ်က ပြုလုပ် တိုက်ခိုက် ခဲ့ပြီး ဒုံးလွှတ်စင် ပေါင်း ၁၀၀ ခန့်ထိ ဖျက်ဆီး ခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။
သို့ သော်လည်း စစ်ပွဲပြီး လေ့လာ သုံးသပ်မှုများ အရ မည်သည့် အီရတ် ရွေ့လျား ဒုံးလွတ်စင်မျှ ချေမှုန်း ဖျက်ဆီး ခံရခြင်း မရှိကြောင်း စစ်ဘက် ကျွမ်းကျင်သူ များက ပြောကြား သွားသည်။

“ရွေ့လျား ဒုံးလွှတ်စင် တွေကို ရှာဖွေ ထောက်လှမ်းဖို့ အလွန် ခက်ခဲ ပါတယ်။ အကယ်၍ ထောက်လှမ်း သိရှိခဲ့ ပြီး ကြားဖြတ် တိုက်ခိုက်ရေး ဒုံးပျံတွေ ပစ်လွှတ်ဖို့ အသင့် ရှိနေရင် တောင်မှ ရန်သူ ဒုံးလွှတ်စင်တွေ နေရာရွေ့ပြောင်း သွားနိုင်ခြင်း ကြောင့် တော်တော် ခက်ခဲတဲ့ ကိစ္စပါပဲ” ဟု တောင်ကိုရီးယား ဆန်ရှင်း အမျိုးသမီး တက္ကသိုလ် ပါမောက္ခ ကင်ရိုဆို က မှတ်ချက်ပြု ပြောကြား သွားသည်။

အေးချမ်းမွန်မှ  The Voice Weekly တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်။

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၅

နျူကလီးယား လက်နက် ပိုင်ဆိုင်ထားသော မြောက်ကိုရီးယား နိုင်ငံ၌ ရှာဖွေ ချေမှုန်းရန် ခက်ခဲသော ရွေ့လျား ဒုံးလွှတ်စင် ၁၀၀ နီးပါး ပိုင်ဆိုင်ထားကြောင်း တောင်ကိုရီးယား အစိုးရ ပြောကြားချက် ကို ကိုးကားပြီး Asia Defense သတင်းတွင် ဖော်ပြထားသည်။ စကတ်နှင့် ရိုဒေါင် ဒုံးကျည်များ ပစ်လွှတ် နိုင်သည့် ရွေ့လျား ဒုံးစင် ၁၀၀ နီးပါး ကွန်မြုနစ် မြောက်ကိုရီးယား တို့ ပိုင်ဆိုင် ထားကြောင်း တောင်ကိုရီးယား နှင့် အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းက ပြောကြား သွားသည်။

မြင်နိုင်သော မျက်လံးအတု တီထွင်အောင်မြင်

မြင်နိုင်သော မျက်လံးအတု တီထွင်အောင်မြင်

တကယ်မြင်နိုင်တဲ့ မျက်လုံးအတုပဲ ဖြစ်ပါတယ်။ အမေရိကန် ဆေးနှင့် ကျန်းမာရေး စစ်ဆေးရေးအဖွဲ့က အသိအမှတ်ပြုပြီးရင် အသုံးပြုနိုင်တော့ မှာ ဖြစ်ပါတယ်။

စက်ရုံမျက်လုံးလို့လည်းခေါ်နိုင်ပါတယ်။ အတွင်းမှာ ကင်မရာပါပြီး အီလက် ထရုတ် အချောင်း ၆၀ လောက် အသေးစိတ်ကို ထည့်သွင်းထား ပါတယ်။ တကယ့် မျက်လုံးတစ်လုံးနီးနီး မမြင်ရရင်တောင် သာမန်လူတစ်ယောက် လမ်းလျှောက်သလိုပဲ သွားလာအသုံးပြုနိုင်ရမယ်၊ စာဖတ်နိုင်ရမယ်လောက် ထိ ကို ကြိုးပမ်းထားပါတယ်။

Megapixel အနိမ့်အမြင့်က နောက်မှ တစ်ဆင့်ချင်းဆီသွားလို့ အဆင်ပြေပါ တယ်။ လက်ရှိ ဖြတ်သန်းခဲ့တဲ့ အဆင့်ကတော့ မျက်ခွံအိမ်မှာပါတဲ့ အာရုံကြောစနစ်အားလုံးနဲ့ စက်ရုပ်မျက်လုံးက ဝါယာနဲ့ ဆားကစ် များအချိတ် အဆက် မိစေဖို့ ဖြစ်ပါတယ်။ ယခု အဲ့အဆင့်ကို အောင်မြင်သွားလို့ မျက်မမြင်၃ လူအယောက် ၆၀ လောက်နဲ့ စမ်းသပ်ကြည့် တာ အောင်မြင် တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အနာဂတ်မှာ မျက်မမြင်များအတွက် အမြင်အာရုံ ပြန်လည်ရရှိစေမယ့် နည်းလမ်း တစ်ခုပဲ ဖြစ်ကြောင်း သိရ ပါတယ်။
--
Ref: techblog
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/02/blog-post_16.html
အေးချမ်းမွန်မှ  TechSpace Journal တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်။

RND 16-2-2013

တကယ်မြင်နိုင်တဲ့ မျက်လုံးအတုပဲ ဖြစ်ပါတယ်။ အမေရိကန် ဆေးနှင့် ကျန်းမာရေး စစ်ဆေးရေးအဖွဲ့က အသိအမှတ်ပြုပြီးရင် အသုံးပြုနိုင်တော့ မှာ ဖြစ်ပါတယ်။

ဥက္ကာခဲ 2012 DA14 ယနေ့ညနေတွင် ဖြတ်သန်းသွားမည်

ဥက္ကာခဲ 2012 DA14 ယနေ့ညနေတွင် ဖြတ်သန်းသွားမည်

လန်ဒန် ဖေဖော်ဝါရီ ၁၆

အချင်းမီတာ ၅၀ခန့် ရှိသော ဥက္ကာခဲ 2012 DA14 သည် ယနေ့ညနေ ( ဗြိတိန်စံတော်ချိန်အရ )တွင် ကမ္ဘာ့လေထုအတွင်း ဖြတ်သန်းသွားမည်ဖြစ်သော်လည်း တိုက်ခိုက်မိမှု တစ်စုံတစ်ရာ ဖြစ်ပွားမည်မဟုတ်ဟု သိရသည်။

ယင်းဥက္ကာခဲသည် လေထုအလွှာအတွင်းကမ္ဘာ့တောင်ဘက်မှ မြောက်ဘက်သို့ ဦးတည်ဖြတ်သန်းသွားမည်ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်လည်များမှ စတင်ပြုစုခဲ့သော သုတေသန စာရင်းများအရ ကမ္ဘာနှင့်အနီးဆုံး ဖြတ်သန်းသွားခြင်းဖြစ်သည်ဟု သိရသည်။ယင်းသို့ဥက္ကာခဲဖြတ်သန်းသွားစဉ် ( 18:00 – 22:00 GMT ) အတွင်း လေးနာရီကြာ ကမ္ဘာ့မြေမှနေ၍ မှန်ပြောင်းဖြင့်လေ့လာ ကြည့်ရှု့နိုင်မည်ဖြစ်ပြီး ၾသစေတ်းလ် ၊ အာရှနှင့် ဥရောပဒေသတို့တွင် ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်မည်ဖြစ်သည်။

KYL
အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်။

လန်ဒန် ဖေဖော်ဝါရီ ၁၆


အချင်းမီတာ ၅၀ခန့် ရှိသော ဥက္ကာခဲ 2012 DA14 သည် ယနေ့ညနေ ( ဗြိတိန်စံတော်ချိန်အရ )တွင် ကမ္ဘာ့လေထုအတွင်း ဖြတ်သန်းသွားမည်ဖြစ်သော်လည်း တိုက်ခိုက်မိမှု တစ်စုံတစ်ရာ ဖြစ်ပွားမည်မဟုတ်ဟု သိရသည်။

အာဒမ် ဧ၀ ဒဿ(၂) ရိုက်ကူးဖို့ ကြိုးပမ်းနေတဲ့ ဒါရိုက်တာဝိုင်း

အာဒမ် ဧ၀ ဒဿ(၂) ရိုက်ကူးဖို့ ကြိုးပမ်းနေတဲ့ ဒါရိုက်တာဝိုင်း

RND 16-2-2013
အောင်မြင်ခဲ့သော 'အာဒမ် ဧ၀ ဒဿ' ရုပ်ရှင်ဇာတ်ကားကို အသွင်သစ်ဖြင့် ထပ်မံရိုက်ကူးရန် စီစဉ်နေပြီး ဇာတ်လမ်းနှင့် သရုပ်ဆောင်စာရင်းကို မထုတ်ပြန်လိုသေးကြောင်း ဒါရိုက်တာဝိုင်းကပြောသည်။ 'အာဒမ် ဧ၀ ဒဿ ၂' အမည်ဖြင့် ရိုက်ကူးရန် ထုတ်လုပ်ရေးတိုက်ဖြင့် ညှိနှိုင်းနေပြီး ဇာတ်ကားအမည် အသုံးပြုရေးအတွက် အဓိက ညှိနှိုင်းနေရခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ရိုးမနှင့် ထမံသီဘေးမဲ့တောအတွင်းရှိ တောဆင်ရိုင်းများအား ဘီဘီစီမှ မှတ်တမ်းရုပ်ရှင် လာရောက်ရိုက်ကူးမည်

ရခိုင်ရိုးမနှင့် ထမံသီဘေးမဲ့တော အတွင်းရှိ တောဆင်ရိုင်းများအား ဘီဘီစီမှ မှတ်တမ်းရုပ်ရှင် လာရောက်ရိုက်ကူးမည်ဖြစ်ကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (Biodiversity and Nature Conservation Association - BANCA) မှသိရှိရသည်။''မြန်မာနဲ့ ဘီဘီစီနဲ့ပေါင်းပြီး မြန်မာပြည်က တောရိုင်းတိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီး မှတ်တမ်းရုပ်ရှင် ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ရခိုင်ရိုးမ ဆင်ဘေးမဲ့စခန်းနဲ့ ထမံသီဘေးမဲ့တောက တောဆင်ရိုင်းတွေကို အဓိကရိုက်ကူးသွားမှာပါ'' ဟုလည်း BANCA ဥက္ကဌ ဒေါက်တာထင်လှက ပြောကြားခဲ့သည်။

၆၆ နှစ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား မွန်ပြည်နယ်ပေါင်မြို့နယ်၌ ကျင်းပမည်

၆၆ နှစ်မြောက် မွန်အမျိုးသားနေ့ကို မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ဗဟိုထားကာ ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်း ပြောကြားချက်အရ သိရသည်။ မွန်အမျိုးသားနေ့ကို ၂ဝ၁၂ ခုနှစ်တွင် ကရင်ပြည်နယ် ကော့ဘိန်းမြို့နယ်တွင် ဗဟိုထားကာ ကျင်းပခဲ့ပြီး ၂ဝ၁၂ ခုနှစ်မတိုင်မီတွင် မွန်ပြည်နယ်ရှိ အခြားမြို့နယ်များ၌ အလှည့်ကျ ပုံစံကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော် ဟိုတယ်ဇုန်၌ ၂ဝ၁၄ ခုနှစ်တွင် ဟိုတယ်အခန်းပေါင်း ၁ဝဝဝဝ ကျော်အထိ ရှိလာမည်

နေပြည်တော် ဟိုတယ်ဇုန်တွင် ၂ဝ၁၄ ခုနှစ်တွင် ဟိုတယ်ခန်းပေါင်း ၁ဝဝဝဝ ကျော် ရှိလာမည်ဖြစ်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်ချက် တစ်ရပ်အရ သိရှိရသည်။
နေပြည်တော် ဟိုတယ်ဇုန်တွင် ၂ဝ၁၄ ခုနှစ်၌ ဟိုတယ်အလုံးရေ ၈ဝ လုံးနှင့် အခန်းပေါင်း ၁ဝဝဝဝ ကျော် ရှိလာမည်ဖြစ်ကြောင်း

ဂျိမ်းစဘွန်းမျက်မှန်မဟုတ်တဲ့ HD မျက်မှန်

ဂျိမ်းစဘွန်းမျက်မှန်မဟုတ်တဲ့ HD မျက်မှန်

ဂျိမ်းစဘွန်းရုပ်ရှင်ထဲကလိုပဲ မျက်မှန်နဲ့ ဗီဒီယိုမှတ်တမ်းတင်တာမျိုး လုပ်လို့ ရတဲ့ ပစ္စည်းများ ပေါ်တာ အတော်လေးကြာပါပြီ။ သို့ပေမယ့် HD ဗီဒီယို အဆင့် ရုပ်ထွက်ပျက်သားတာ ကတော့ ယခုမှ ထုတ်လုပ်တဲ့ Vision HD Video Glasses ဖြစ်ပါတယ်။

16GB MicroSD ကဒ်ကို မျက်မှန်ရဲ့  တစ်နေရာမှာ ထည့်သွင်းပေးထား ပါတယ်။ USB ပေါက်ပါပြီး ကွန်ပြူတာနဲ့ ပြန်ချိတ်လို့ Data Transfer လုပ်လို့ ရပါတယ်။ ဗီဒီယိုရိုက်ဖို့ ၄ နာရီလောက်အထိ အသုံးပြုလို့ ရတယ်လို့ ဆိုပါတယ်။

အားပြန်သွင်းလို့ရတဲ့ လစ်သီယမ် ဘက်ထရီပါဝင်လို့ အသုံးလည်း ခံပါတယ်။ သူလျှိုတွေပဲ သုံးဖို့ မဟုတ်ပါဘူး။ တောင်တက်ခရီး၊ အပျော် ခရီးသွားသူ များအနေနဲ့လည်း ယင်းမျက်မှန်နဲ့ ကြည်လင်ပြတ်သားသော ဗီဒီယိုများ မှတ်တမ်း တင်ထားနိုင်တဲ့အတွက် ထူးခြားတဲ့ Gadget လေးတစ်ခုပဲ ဖြစ်ပါတယ်။
--
Ref: techgadget
Aung Kham (TSJ team)
ACM Re-post 16 Feb 2013
အေးချမ်းမွန်မှ  TechSpace Journal တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်။

ဂျိမ်းစဘွန်းရုပ်ရှင်ထဲကလိုပဲ မျက်မှန်နဲ့ ဗီဒီယိုမှတ်တမ်းတင်တာမျိုး လုပ်လို့ ရတဲ့ ပစ္စည်းများ ပေါ်တာ အတော်လေးကြာပါပြီ။ သို့ပေမယ့် HD ဗီဒီယို အဆင့် ရုပ်ထွက်ပျက်သားတာ ကတော့ ယခုမှ ထုတ်လုပ်တဲ့ Vision HD Video Glasses ဖြစ်ပါတယ်။

“နေပြည်တော် ကောင်စီနယ်မြေရှိ ဘုန်းကြီးကျောင်း ၂၆ ကျောင်း မဖယ်ရှား၍ တရားစွဲဆိုထား

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၆)

နေပြည်တော်ကောင်စီနယ်မြေဗ္ဗူသီရိ၊ဥတ္တရသီရိနှင့် ဒက္ခိဏသီရိမြို့နယ်ရှိ ဘုန်းကြီးကျောင်း ၂၆ ကျောင်းမှ သံဃာတော်များအားနပြည်တော်သာသနာရေးမှူးမှတရားစွဲဆိုထားကြောင်းအဆိုပါကျောင်းမှသံဃာတော်
များကမိန့်ကြားသည်။အဆိုပါသံဃာတော်များသည် ယနေ့ နံနက် ၁၀ နာရီတွင် မြန်မာ ဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ မိန့်ကြားခဲ့ခြင်းဖြစ်သည်။

ဟင်္သာတက GSM ဖုန်းတွေ သုံးမရတာ လပေါင်းအတော်ကြာ


ဟင်္သာတက GSM ဖုန်းတွေ သုံးမရတာ လပေါင်းအတော်ကြာ

ဟင်္သာတ၊ ACM Re-post 16 Feb 2013

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့က GSM ဖုန်းတွေ သုံးလို့မရတာ လပေါင်းအတော်ကြာနေပြီ ဖြစ်တယ်လို့ သိရပါသည်။ ဆက်သွယ်ရေးဝန်ကြီးနဲ့ အပေါင်းအပါတွေကို အရေးမယူခင် (၃)လခန့်ထဲက ယခုလိုသုံးလို့မရတာ ဟု မြို့ခံများက ပြောသည်။ “ ဖုန်းတွေက သုံးလို့မကောင်းတာ ကြာနေပြီ…. ဆက်သွယ်ရေးကိုပြောတော့လဲ သူတို့လဲ မသိဘူးလို့ပြောတယ်….. အဲလိုပြောတာတော့ ဘယ်ကောင်းမလဲဗျာ…. ဖုန်းတွေမကောင်းတာ သူတို့နဲ့ မဆိုင်ရင် ကျွန်တော်တို့က ဘယ်သူ့ကို သွားပြောရမှာလဲ…. ဟင်္သာတတစ်မြို့ထဲ ဖြစ်နေတာ…. ဟင်္သာတနဲ့ ၁၅ မိုင်လောက်ပဲဝေးတဲ့ ဇလွန်တောင် ဖုန်းတွေကောင်းတယ်….. ဒီတစ်မြို့ထဲပဲ မကောင်းတာ ” ဟု GSM ဖုန်းသုံးစွဲသူ သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ပြောသည်။

ဟင်္သာတဆက်သွယ်ရေးမှာ ယခုလို Mobile ဖုန်းများတွင်ကျယ်စွာမသုံးခင် ကြိုးဖုန်းများကိုသာ အားထားပြီး သုံးနေရတဲ့ အချိန်ကတည်းက ကြိုးဖုန်းတစ်လုံးကို ၁၅ ရက်တစ်ကြိမ်ခန့် လိုင်းဖြတ်သည် ဟု သိရသည်။ လိုင်းဖြတ်ပုံမှာ စက်ခန်းထဲကနေလဲ ဖြတ်သလို၊ ဖုန်းတိုင်မှလဲ ဖြတ်ပါတယ်။ ဒီလို ဖြတ်ပြီးပါက စက်ခန်းထဲကပြတ်တယ်ဆိုရင် စက်ခန်းသမားကို ပိုက်ဆံပေးမှပြန်ဖွင့်ပေးသလို၊ လိုင်းကပြတ်တယ်ဆိုရင်လဲ လိုင်းသမားကို ပိုက်ဆံပေးမှ ပြန်ဆက်ပေးပါတယ်။ အဲဒီလို ပိုက်ဆံပေးပြီး လိုင်းကိုပြန်ဆက်ခိုင်းတာတောင် တောင်းတောင်ပန်ပန်နဲ့ လုပ်ခိုင်းရတာပါ၊ ဘာလို့လဲဆိုတော့ တစ်နေ့တစ်နေ့ကို ဖုန်းအလုံးရေ လေးငါးဆယ်ခန့်ဖြတ်တာ ဖြစ်တဲ့အတွက် လိုင်းသမားတွေက တစ်နေ့လုံးမအားရရှာပါဘူး၊ လိုင်းသမားတွေက ပိုက်ဆံပေးတဲ့ ဖုန်းကို တိုင်ပေါ်ကိုတက်လို့ ပြန်ဆက်ပေးပြီးတာနဲ့ နောက်အလှည့်ကျဖြတ်ရမယ့်ဖုန်းကို တိုင်ပေါ်မှာ တခါတည်း ဖြုတ်လိုက်ကြောင်း၊ ဒါကြောင့် ကိုယ့်လမ်းထိပ်က ဖုန်းတိုင်ကို လိုင်းသမားတက်နေပြီဆိုရင် လမ်းထဲကလူတွေက တိုင်နားကို အပြေးအလွှားရောက်လာပြီး ကိုယ့်ဖုန်းကို မဖြတ်ဖို့အရေး စောင့်ကြည့်ကြရတယ်လို့ ကြိုးဖုန်းသုံးစွဲခဲ့သူတစ်ဦးက ပြောသည်။

ယခုအချိန်မှာ GSM ဖုန်းသုံးစွဲလို့မရပုံကိုတော့ မြို့ခံလူငယ်တစ်ဦးက ပြောဆိုသည်မှာ “ဖုန်းတွေက တိုင်ကတော့ အပြည့်ပဲ၊ ဒါပေမယ့် ဖုန်းပြောလိုက်တာနဲ့ တိုင်ကပျောက်သွားတယ်၊ ပြီးတော့ ဖုန်းကလဲချလို့ မရတော့ဘူး၊ ဖုန်းဘေလ်တွေ တောက်လျောက်တက်နေတာပေါ့” ဟု ပြောသည်။ ဘယ်အချိန်တွေမှာ သုံးလို့မရတာလဲဆိုတာကိုတော့ “ဟာ… ဘယ်ချိန်လဲလိုဆိုတော့ အချိန်တိုင်းပဲဗျ၊ ညနက်ပိုင်း သုံးစွဲသူ နည်းတဲ့ အချိန်မှာတောင် မကောင်းဘူး၊ တော်တော် စိတ်ပျက်စရာကောင်းတယ်” ဟု ပြောသည်။ သက်လတ်ပိုင်း မြို့ခံစီးပွားရေးသမားတစ်ဦးကတော့ “ GSM တွေက မကောင်းတော့ CDMA ထပ်ဝယ်ထားတယ်၊ CDMA လဲ သိပ်မထူးပါဘူးဗျာ၊ အတူတူပါပဲ၊ ဒီလို ဖုန်းတွေသုံးမရဖြစ်နေတာကို ဟင်္သာတဆက်သွယ်ရေးက သူတို့နဲ့မဆိုင်ဘူးလို့ ပြောတာတော့ တာဝန်မဲ့လွန်းအားကြီးတယ် ” ဟု လည်း ပြောသည်။

ဟင်္သာတဆက်သွယ်ရေးကို ဆက်သွယ်စုံစမ်းသောအခါ ဖုန်းတွေမကောင်းတာက ရေကြည်က ဖြတ်နေတယ်ထင်တယ်၊ ကျွန်တော်တို့ကတော့ ဒီကနေ ဘာမှလုပ်မထားပါဘူး လို့ ပြောပါသည်။ ခု ပြင်ဖို့အစီအစဉ်မရှိဘူးလားလို့ မေးတာကိုတော့ ဘယ်ကနေဖြစ်နေမှန်းမှ မသိတာ ဟု ဖြေကြားပါသည်။ ပြည်သူတွေကပေးတဲ့ လစာနဲ့ ပြည်သူ့ဝန်ထမ်းတွေက ပြည်သူတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးရမှာပါ။ ယခုလို GSM ဖုန်းတွေ လအတော်ကြာသုံးစွဲမရဖြစ်နေလို့ မြို့ခံလူထုတွေ အလွန်ကိုမကျေမနပ်ဖြစ်နေကြောင်း သိရပါသည်။

အေးချမ်းမွန်မှ Hinthata HumanRights  တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်။

ဟင်္သာတ၊  16 Feb 2013

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့က GSM ဖုန်းတွေ သုံးလို့မရတာ လပေါင်းအတော်ကြာနေပြီ ဖြစ်တယ်လို့ သိရပါသည်။ ဆက်သွယ်ရေးဝန်ကြီးနဲ့ အပေါင်းအပါတွေကို အရေးမယူခင် (၃)လခန့်ထဲက ယခုလိုသုံးလို့မရတာ ဟု မြို့ခံများက ပြောသည်။ “ ဖုန်းတွေက သုံးလို့မကောင်းတာ ကြာနေပြီ…. ဆက်သွယ်ရေးကိုပြောတော့လဲ သူတို့လဲ မသိဘူးလို့ပြောတယ်…..

နိုင်ငံရေး အကျဉ်းသား ကူညီ စောင့်ရှောက်ရေး အသင်း အိုးဘို ထောင်ရှိ နိုင်ငံရေး အကျဉ်းသား များကို ထောက်ပံ့

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသား များ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး အိုးဘိုထောင် အတွင်းရှိ နိုင်ငံရေး အကျဉ်းသား ၇ ဦးကို တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်ခုနစ်သောင်း ငါးထောင်စီ ပေးအပ် ခဲ့ကြောင်း ILO နှင့် ဆက်သွယ် ကူညီ ဆောင်ရွက် သူများ ကွန်ရက်မှ မန္တလေး တာဝန်ခံ ဦးအေးသိန်းက The Voice Weekly သို့ ပြောကြားသည်။

နှစ်လကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဗင်နီဇွဲလားသမ္မတ ဟူးဂိုးချာဗက်ဇ် လက်ရှိကျန်းမာရေး အနေအထားကို ဖော်ပြသည့် ဓာတ်ပုံများကို ဗင်နီဇွဲလား အစိုးရအဖွဲ့က ထုတ်ပြန်

နှစ်လကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် သမ္မတချာဗက်ဇ်၏ လက်ရှိကျန်းမာရေး အနေအထားကို ဖော်ပြသည့် ဓာတ်ပုံများကို ဗင်နီဇွဲလား အစိုးရအဖွဲ့က ထုတ်ပြန်
Saturday, February 16, 2013

ဗင်နီဇွဲလားသမ္မတ ဟူးဂိုးချာဗက်ဇ် (၅၈ နှစ်) သည် ကင်ဆာရောဂါ
အတွက် နောက်ဆုံးအကြိမ် ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် သူ၏ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ ကောလာဟလ အမျိုးမျိုး ထွက်ပေါ်နေခဲ့ရာ
ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် နှစ်လကျော်ကာလအတွင်း ပထမဆုံး
အကြိမ်အဖြစ် သူ၏လက်ရှိအနေအထားကို ဖော်ပြသည့် ဓာတ်ပုံများကို ဗင်နီဇွဲလားအစိုးရ အဖွဲ့က ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ချာဗက်ဇ်သည် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဆေးကုသမှု ခံယူရန် ကျူးဘားနိုင်ငံ ဟားဗားနားမြို့သို့ ထွက်ခွာသွားပြီးကတည်းက ယခင်ဆေးကုသမှုများ ခံယူခဲ့စဉ်ကနှင့် မတူဘဲ ရုပ်မမြင်အသံမကြား
ဖြစ်နေခဲ့သည်။ 

ယခုထုတ်ပြန်လိုက်သော ဓာတ်ပုံများထဲတွင် သမ္မတကို အိပ်ရာပေါ်ရှိ
ခေါင်းအုံးပေါ်မှီလျက် ပြုံးရယ်နေသည်ကို တွေ့မြင်ရသည်။ သူ၏ သမီးနှစ်ယောက်ဖြစ်သော ရိုဆာနှင့် မာရီယာတို့ကိုလည်း သူ၏အနီး၌ ၀န်းရံလျက်သား တွေ့မြင်ရသည်။

ယင်းဓာတ်ပုံများကို နိုင်ငံတော် ရုပ်သံဋ္ဌာနမှ ထုတ်လွှင့်ခဲ့ပြီး ယင်း၌ ချာဗက်ဇ်၏သားမက်ဖြစ်သူ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဂျော့အာရီယာဇာက ဓာတ်ပုံများကို ပြသကာ ချာဗက်ဇ်၏ ကျန်းမာရေးအခြေအနေ အသေးစိတ်ကိုပါ ရှင်းလင်းပြောကြားခဲ့သည်။

ယခင်က အစိုးရအဖွဲ့ အတိုက်အခံများသည် ချာဗက်ဇ်အနေဖြင့် အဘယ့်ကြောင့် နိုင်ငံသားများအား သူ၏ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ ပြောကြားခြင်း မရှိရပါသနည်းဟု မေးခွန်းထုတ်ခဲ့ကြသည်။ 

ပြန်ကြားရေးဝန်ကြီးအား နက်စတိုဗယ်လီဂတ်စ်က သမ္မတသည် အသက်ရှူလမ်းကြောင်း ပိုးဝင်မှုကြောင့် လေပြွန်တွင် တပ်ဆင်
ထားသော ပြွန်မှတစ်ဆင့် အသက်ရှူနေရသောကြောင့် စကားပြောရန် လွန်စွာခက်ခဲခဲ့ကြောင်း ရှင်းပြခဲ့သည်။

ဓာတ်ပုံ - ချာဗက်ဇ်နှင့် ၎င်း၏သမီးနှစ်ဦးအားတွေ့ရစဉ်
Ref: Daily Mail
Eleven Media Group
ဓာတ်ပုံ - ချာဗက်ဇ်နှင့် ၎င်း၏သမီးနှစ်ဦးအားတွေ့ရစဉ်
Saturday, February 16, 2013

ဗင်နီဇွဲလားသမ္မတ ဟူးဂိုးချာဗက်ဇ် (၅၈ နှစ်) သည် ကင်ဆာရောဂါ အတွက် နောက်ဆုံးအကြိမ် ခွဲစိတ်ကုသ
မှုခံယူခဲ့ပြီးနောက်သူ၏ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ ကောလာဟလ အမျိုးမျိုး ထွက်ပေါ်နေခဲ့ရာ
ဖေဖော်ဝါရီလ၁၅ရက်နေ့တွင်နှစ်လကျော်ကာလအတွင်းပထမဆုံးအကြိမ်အဖြစ် သူ၏လက်ရှိအနေအထား
ကို ဖော်ပြသည့် ဓာတ်ပုံများကို ဗင်နီဇွဲလားအစိုးရ အဖွဲ့က ထုတ်ပြန်လိုက်ကြောင်း သိရသည်။

၃၇ ကြိမ်မြောက် ကာတွန်းဆရာကြီးများအား ဂါရ၀ပြုကန်တော့ပွဲ ဖေဖော်ဝါရီ ၁၆ ရက် ယနေ့ နံနက်ပိုင်းက ကျင်းပ


ကာတွန်းဆရာကြီးများအား ဂါရ၀ပြုကန်တော့ပွဲကို ၃၇ ကြိမ်မြောက်အဖြစ်၊ ရန်ကုန်မြို့ ၃၅လမ်းရှိ၊ Asian Fame Media Group သင်တန်းခန်းမတွင် ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်

ဒိန်းမတ် pop/soft ဂီိတအဖွဲ့ Michael Learns to Rock မြန်မာပြည်လာမယ်