Pages

Saturday, February 16, 2013

ဟင်္သာတက GSM ဖုန်းတွေ သုံးမရတာ လပေါင်းအတော်ကြာ


ဟင်္သာတက GSM ဖုန်းတွေ သုံးမရတာ လပေါင်းအတော်ကြာ

ဟင်္သာတ၊ ACM Re-post 16 Feb 2013

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့က GSM ဖုန်းတွေ သုံးလို့မရတာ လပေါင်းအတော်ကြာနေပြီ ဖြစ်တယ်လို့ သိရပါသည်။ ဆက်သွယ်ရေးဝန်ကြီးနဲ့ အပေါင်းအပါတွေကို အရေးမယူခင် (၃)လခန့်ထဲက ယခုလိုသုံးလို့မရတာ ဟု မြို့ခံများက ပြောသည်။ “ ဖုန်းတွေက သုံးလို့မကောင်းတာ ကြာနေပြီ…. ဆက်သွယ်ရေးကိုပြောတော့လဲ သူတို့လဲ မသိဘူးလို့ပြောတယ်….. အဲလိုပြောတာတော့ ဘယ်ကောင်းမလဲဗျာ…. ဖုန်းတွေမကောင်းတာ သူတို့နဲ့ မဆိုင်ရင် ကျွန်တော်တို့က ဘယ်သူ့ကို သွားပြောရမှာလဲ…. ဟင်္သာတတစ်မြို့ထဲ ဖြစ်နေတာ…. ဟင်္သာတနဲ့ ၁၅ မိုင်လောက်ပဲဝေးတဲ့ ဇလွန်တောင် ဖုန်းတွေကောင်းတယ်….. ဒီတစ်မြို့ထဲပဲ မကောင်းတာ ” ဟု GSM ဖုန်းသုံးစွဲသူ သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ပြောသည်။

ဟင်္သာတဆက်သွယ်ရေးမှာ ယခုလို Mobile ဖုန်းများတွင်ကျယ်စွာမသုံးခင် ကြိုးဖုန်းများကိုသာ အားထားပြီး သုံးနေရတဲ့ အချိန်ကတည်းက ကြိုးဖုန်းတစ်လုံးကို ၁၅ ရက်တစ်ကြိမ်ခန့် လိုင်းဖြတ်သည် ဟု သိရသည်။ လိုင်းဖြတ်ပုံမှာ စက်ခန်းထဲကနေလဲ ဖြတ်သလို၊ ဖုန်းတိုင်မှလဲ ဖြတ်ပါတယ်။ ဒီလို ဖြတ်ပြီးပါက စက်ခန်းထဲကပြတ်တယ်ဆိုရင် စက်ခန်းသမားကို ပိုက်ဆံပေးမှပြန်ဖွင့်ပေးသလို၊ လိုင်းကပြတ်တယ်ဆိုရင်လဲ လိုင်းသမားကို ပိုက်ဆံပေးမှ ပြန်ဆက်ပေးပါတယ်။ အဲဒီလို ပိုက်ဆံပေးပြီး လိုင်းကိုပြန်ဆက်ခိုင်းတာတောင် တောင်းတောင်ပန်ပန်နဲ့ လုပ်ခိုင်းရတာပါ၊ ဘာလို့လဲဆိုတော့ တစ်နေ့တစ်နေ့ကို ဖုန်းအလုံးရေ လေးငါးဆယ်ခန့်ဖြတ်တာ ဖြစ်တဲ့အတွက် လိုင်းသမားတွေက တစ်နေ့လုံးမအားရရှာပါဘူး၊ လိုင်းသမားတွေက ပိုက်ဆံပေးတဲ့ ဖုန်းကို တိုင်ပေါ်ကိုတက်လို့ ပြန်ဆက်ပေးပြီးတာနဲ့ နောက်အလှည့်ကျဖြတ်ရမယ့်ဖုန်းကို တိုင်ပေါ်မှာ တခါတည်း ဖြုတ်လိုက်ကြောင်း၊ ဒါကြောင့် ကိုယ့်လမ်းထိပ်က ဖုန်းတိုင်ကို လိုင်းသမားတက်နေပြီဆိုရင် လမ်းထဲကလူတွေက တိုင်နားကို အပြေးအလွှားရောက်လာပြီး ကိုယ့်ဖုန်းကို မဖြတ်ဖို့အရေး စောင့်ကြည့်ကြရတယ်လို့ ကြိုးဖုန်းသုံးစွဲခဲ့သူတစ်ဦးက ပြောသည်။

ယခုအချိန်မှာ GSM ဖုန်းသုံးစွဲလို့မရပုံကိုတော့ မြို့ခံလူငယ်တစ်ဦးက ပြောဆိုသည်မှာ “ဖုန်းတွေက တိုင်ကတော့ အပြည့်ပဲ၊ ဒါပေမယ့် ဖုန်းပြောလိုက်တာနဲ့ တိုင်ကပျောက်သွားတယ်၊ ပြီးတော့ ဖုန်းကလဲချလို့ မရတော့ဘူး၊ ဖုန်းဘေလ်တွေ တောက်လျောက်တက်နေတာပေါ့” ဟု ပြောသည်။ ဘယ်အချိန်တွေမှာ သုံးလို့မရတာလဲဆိုတာကိုတော့ “ဟာ… ဘယ်ချိန်လဲလိုဆိုတော့ အချိန်တိုင်းပဲဗျ၊ ညနက်ပိုင်း သုံးစွဲသူ နည်းတဲ့ အချိန်မှာတောင် မကောင်းဘူး၊ တော်တော် စိတ်ပျက်စရာကောင်းတယ်” ဟု ပြောသည်။ သက်လတ်ပိုင်း မြို့ခံစီးပွားရေးသမားတစ်ဦးကတော့ “ GSM တွေက မကောင်းတော့ CDMA ထပ်ဝယ်ထားတယ်၊ CDMA လဲ သိပ်မထူးပါဘူးဗျာ၊ အတူတူပါပဲ၊ ဒီလို ဖုန်းတွေသုံးမရဖြစ်နေတာကို ဟင်္သာတဆက်သွယ်ရေးက သူတို့နဲ့မဆိုင်ဘူးလို့ ပြောတာတော့ တာဝန်မဲ့လွန်းအားကြီးတယ် ” ဟု လည်း ပြောသည်။

ဟင်္သာတဆက်သွယ်ရေးကို ဆက်သွယ်စုံစမ်းသောအခါ ဖုန်းတွေမကောင်းတာက ရေကြည်က ဖြတ်နေတယ်ထင်တယ်၊ ကျွန်တော်တို့ကတော့ ဒီကနေ ဘာမှလုပ်မထားပါဘူး လို့ ပြောပါသည်။ ခု ပြင်ဖို့အစီအစဉ်မရှိဘူးလားလို့ မေးတာကိုတော့ ဘယ်ကနေဖြစ်နေမှန်းမှ မသိတာ ဟု ဖြေကြားပါသည်။ ပြည်သူတွေကပေးတဲ့ လစာနဲ့ ပြည်သူ့ဝန်ထမ်းတွေက ပြည်သူတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးရမှာပါ။ ယခုလို GSM ဖုန်းတွေ လအတော်ကြာသုံးစွဲမရဖြစ်နေလို့ မြို့ခံလူထုတွေ အလွန်ကိုမကျေမနပ်ဖြစ်နေကြောင်း သိရပါသည်။

အေးချမ်းမွန်မှ Hinthata HumanRights  တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်။

ဟင်္သာတ၊  16 Feb 2013

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့က GSM ဖုန်းတွေ သုံးလို့မရတာ လပေါင်းအတော်ကြာနေပြီ ဖြစ်တယ်လို့ သိရပါသည်။ ဆက်သွယ်ရေးဝန်ကြီးနဲ့ အပေါင်းအပါတွေကို အရေးမယူခင် (၃)လခန့်ထဲက ယခုလိုသုံးလို့မရတာ ဟု မြို့ခံများက ပြောသည်။ “ ဖုန်းတွေက သုံးလို့မကောင်းတာ ကြာနေပြီ…. ဆက်သွယ်ရေးကိုပြောတော့လဲ သူတို့လဲ မသိဘူးလို့ပြောတယ်….. အဲလိုပြောတာတော့ ဘယ်ကောင်းမလဲဗျာ…. ဖုန်းတွေမကောင်းတာ သူတို့နဲ့ မဆိုင်ရင် ကျွန်တော်တို့က ဘယ်သူ့ကို သွားပြောရမှာလဲ…. ဟင်္သာတတစ်မြို့ထဲ ဖြစ်နေတာ…. ဟင်္သာတနဲ့ ၁၅ မိုင်လောက်ပဲဝေးတဲ့ ဇလွန်တောင် ဖုန်းတွေကောင်းတယ်….. ဒီတစ်မြို့ထဲပဲ မကောင်းတာ ” ဟု GSM ဖုန်းသုံးစွဲသူ သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ပြောသည်။

ဟင်္သာတဆက်သွယ်ရေးမှာ ယခုလို Mobile ဖုန်းများတွင်ကျယ်စွာမသုံးခင် ကြိုးဖုန်းများကိုသာ အားထားပြီး သုံးနေရတဲ့ အချိန်ကတည်းက ကြိုးဖုန်းတစ်လုံးကို ၁၅ ရက်တစ်ကြိမ်ခန့် လိုင်းဖြတ်သည် ဟု သိရသည်။ လိုင်းဖြတ်ပုံမှာ စက်ခန်းထဲကနေလဲ ဖြတ်သလို၊ ဖုန်းတိုင်မှလဲ ဖြတ်ပါတယ်။ ဒီလို ဖြတ်ပြီးပါက စက်ခန်းထဲကပြတ်တယ်ဆိုရင် စက်ခန်းသမားကို ပိုက်ဆံပေးမှပြန်ဖွင့်ပေးသလို၊ လိုင်းကပြတ်တယ်ဆိုရင်လဲ လိုင်းသမားကို ပိုက်ဆံပေးမှ ပြန်ဆက်ပေးပါတယ်။ အဲဒီလို ပိုက်ဆံပေးပြီး လိုင်းကိုပြန်ဆက်ခိုင်းတာတောင် တောင်းတောင်ပန်ပန်နဲ့ လုပ်ခိုင်းရတာပါ၊ 
 
ဘာလို့လဲဆိုတော့ တစ်နေ့တစ်နေ့ကို ဖုန်းအလုံးရေ လေးငါးဆယ်ခန့်ဖြတ်တာ ဖြစ်တဲ့အတွက် လိုင်းသမားတွေက တစ်နေ့လုံးမအားရရှာပါဘူး၊ လိုင်းသမားတွေက ပိုက်ဆံပေးတဲ့ ဖုန်းကို တိုင်ပေါ်ကိုတက်လို့ ပြန်ဆက်ပေးပြီးတာနဲ့ နောက်အလှည့်ကျဖြတ်ရမယ့်ဖုန်းကို တိုင်ပေါ်မှာ တခါတည်း ဖြုတ်လိုက်ကြောင်း၊ 
 
ဒါကြောင့် ကိုယ့်လမ်းထိပ်က ဖုန်းတိုင်ကို လိုင်းသမားတက်နေပြီဆိုရင် လမ်းထဲကလူတွေက တိုင်နားကို အပြေးအလွှားရောက်လာပြီး ကိုယ့်ဖုန်းကို မဖြတ်ဖို့အရေး စောင့်ကြည့်ကြရတယ်လို့ ကြိုးဖုန်းသုံးစွဲခဲ့သူတစ်ဦးက ပြောသည်။

ယခုအချိန်မှာ GSM ဖုန်းသုံးစွဲလို့မရပုံကိုတော့ မြို့ခံလူငယ်တစ်ဦးက ပြောဆိုသည်မှာ “ဖုန်းတွေက တိုင်ကတော့ အပြည့်ပဲ၊ ဒါပေမယ့် ဖုန်းပြောလိုက်တာနဲ့ တိုင်ကပျောက်သွားတယ်၊ ပြီးတော့ ဖုန်းကလဲချလို့ မရတော့ဘူး၊ ဖုန်းဘေလ်တွေ တောက်လျောက်တက်နေတာပေါ့” ဟု ပြောသည်။ ဘယ်အချိန်တွေမှာ သုံးလို့မရတာလဲဆိုတာကိုတော့ “ဟာ… ဘယ်ချိန်လဲလိုဆိုတော့ အချိန်တိုင်းပဲဗျ၊ ညနက်ပိုင်း သုံးစွဲသူ နည်းတဲ့ အချိန်မှာတောင် မကောင်းဘူး၊ တော်တော် စိတ်ပျက်စရာကောင်းတယ်” ဟု ပြောသည်။ 
 
သက်လတ်ပိုင်း မြို့ခံစီးပွားရေးသမားတစ်ဦးကတော့ “ GSM တွေက မကောင်းတော့ CDMA ထပ်ဝယ်ထားတယ်၊ CDMA လဲ သိပ်မထူးပါဘူးဗျာ၊ အတူတူပါပဲ၊ ဒီလို ဖုန်းတွေသုံးမရဖြစ်နေတာကို ဟင်္သာတဆက်သွယ်ရေးက သူတို့နဲ့မဆိုင်ဘူးလို့ ပြောတာတော့ တာဝန်မဲ့လွန်းအားကြီးတယ် ” ဟု လည်း ပြောသည်။

ဟင်္သာတဆက်သွယ်ရေးကို ဆက်သွယ်စုံစမ်းသောအခါ ဖုန်းတွေမကောင်းတာက ရေကြည်က ဖြတ်နေတယ်ထင်တယ်၊ ကျွန်တော်တို့ကတော့ ဒီကနေ ဘာမှလုပ်မထားပါဘူး လို့ ပြောပါသည်။ ခု ပြင်ဖို့အစီအစဉ်မရှိဘူးလားလို့ မေးတာကိုတော့ ဘယ်ကနေဖြစ်နေမှန်းမှ မသိတာ ဟု ဖြေကြားပါသည်။
 
 ပြည်သူတွေကပေးတဲ့ လစာနဲ့ ပြည်သူ့ဝန်ထမ်းတွေက ပြည်သူတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးရမှာပါ။ ယခုလို GSM ဖုန်းတွေ လအတော်ကြာသုံးစွဲမရဖြစ်နေလို့ မြို့ခံလူထုတွေ အလွန်ကိုမကျေမနပ်ဖြစ်နေကြောင်း သိရပါသည်။

 
Hinthata HumanRights

0 comments:

Post a Comment