Pages

Saturday, February 16, 2013

“နေပြည်တော် ကောင်စီနယ်မြေရှိ ဘုန်းကြီးကျောင်း ၂၆ ကျောင်း မဖယ်ရှား၍ တရားစွဲဆိုထား

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၆)

နေပြည်တော်ကောင်စီနယ်မြေဗ္ဗူသီရိ၊ဥတ္တရသီရိနှင့် ဒက္ခိဏသီရိမြို့နယ်ရှိ ဘုန်းကြီးကျောင်း ၂၆ ကျောင်းမှ သံဃာတော်များအားနပြည်တော်သာသနာရေးမှူးမှတရားစွဲဆိုထားကြောင်းအဆိုပါကျောင်းမှသံဃာတော်
များကမိန့်ကြားသည်။အဆိုပါသံဃာတော်များသည် ယနေ့ နံနက် ၁၀ နာရီတွင် မြန်မာ ဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ မိန့်ကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါကျောင်း၂၆ကျာင်းအားဖယ်ရှားပေးရန်ပြောဆိုသော်လည်းမဖယ်ရှားသည့်အတွက် သာသနာရေး
မှူးမှတရားလိုပြုလုပ်စွဲဆိုခြင်းဖစ်ပြီးယင်းအတွက်ယခုလ၁၃ရက်နေ့တွင်ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ်ကျောင်း တိုက်ရှိ ၀ိနိစ္ဆယရုံးသို့ ဆင့်ခေါ်ခဲ့ကြောင်း ၊ သို့သော် ၎င်းသံဃာတော်များမှာ ဆင့်ခေါ်ရာ ၀ိနိစ္ဆယရုံးသို့ သွားရောက်ခြင်း မရှိခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ကျင်းပသည့် ဆဌမအကြိမ် နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ (၄၇)ပါး စုံညီ သတ္တရသမ အစည်းအဝေး မှ နေပြည်တော် ကောင်စီနယ်မြေရှိ ကျူးကျော်ဘုန်းကြီးကျောင်း (၂၄) ကျောင်းအား ဘုန်းတော်ကြီးကျောင်းအဖြစ် အသိအမှတ် မပြုရန် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းအတွက်အဆိုပါကျာင်းများရှိသံဃာတော်များမှကျာင်းများအား ၀ါဆိုသံဃာစာရင်းဝင် ကျောင်းများ
အဖြစ် သတ်မှတ်ပေးရန် ၂၂ ရက် ဇန်န၀ါရီလ ၂၀၁၃ ခုနှစ် ရက်စွဲပါ လျှောက်ထားချက်အား ကမ္ဘာအေး မြို့နယ်ရှိနိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့လျှာက်ထားခဲ့သော်လည်းတုံ့ပြန်မှု တစ်စုံတစ်ရာမရှိသေး
ကြာင်း သိရသည်။

ထို့အပြင်ယခုလ၁၄ရက်နေ့တွင်လည်းတရားစွဲဆိုထားမှုအားအမြန်ဆုံးတားမြစ်ပေးရန် အသနားခံလျှောက်
ထားခြင်း ထပ်မံပြုလုပ်ထားကြောင်း သိရသည်။

သုတလင်း
RND Re-Post 16-2-2013
Popular Myanmar News

0 comments:

Post a Comment