Pages

Saturday, February 16, 2013

နေပြည်တော် ဟိုတယ်ဇုန်၌ ၂ဝ၁၄ ခုနှစ်တွင် ဟိုတယ်အခန်းပေါင်း ၁ဝဝဝဝ ကျော်အထိ ရှိလာမည်

နေပြည်တော် ဟိုတယ်ဇုန်တွင် ၂ဝ၁၄ ခုနှစ်တွင် ဟိုတယ်ခန်းပေါင်း ၁ဝဝဝဝ ကျော် ရှိလာမည်ဖြစ်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်ချက် တစ်ရပ်အရ သိရှိရသည်။
နေပြည်တော် ဟိုတယ်ဇုန်တွင် ၂ဝ၁၄ ခုနှစ်၌ ဟိုတယ်အလုံးရေ ၈ဝ လုံးနှင့် အခန်းပေါင်း ၁ဝဝဝဝ ကျော် ရှိလာမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ပထမပတ်အတွင်းက နေပြည်တော် ဟိုတယ်ဇုန်တွင် ပြုလုပ်ခဲ့သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းဆင်းပွဲ အခမ်းအနား၌ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်
ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားခဲ့သည်။

နေပြည်တော် ဟိုတယ်ဇုန်အား ၂ဝဝ၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ဟိုတယ် ၃၁ လုံးနှင့် အခန်းပေါင်း ၂၅ဝဝ နီးပါး ရှိလာပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လာမည့်နှစ်ကုန်ပိုင်း၌ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်ရှိခြင်း၊ ၂ဝ၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်သည့်အတွက် အာဆီယံ ထိပ်သီးအစည်းအဝေး အပါအဝင် အခြားဆက်စပ် အစည်းအဝေးများ ပြုလုပ်ကျင်းပရန် ရှိခြင်း စသည်တို့ကြောင့် ဧည့်သည်များ ပိုမိုဝင်ရောက်လာမည်ဖြစ်ရာ အုပ်ချုပ်ရေးမြို့တော်ဖြစ်သော နေပြည်တော်တွင် ဟိုတယ်အခန်း လိုအပ်ချက် ရှိလာခြင်းဖြစ်သည်။

၂ဝ၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ မြန်မာတစ်နိုင်ငံလုံးတွင် ဟိုတယ်အလုံးရေ ၇၈၇ လုံး၊ အခန်းပေါင်း ၂၈၂၉၁ ခန်း ရှိနေသည်။

ယင်းအနက် ကြယ်ငါးပွင့်အဆင့် ဟိုတယ်ငါးလုံး၊ ကြယ်လေးပွင့်အဆင့် ဟိုတယ် ၁၈ လုံး၊ ကြယ်သုံးပွင့်အဆင့် ဟိုတယ် ၈၃ လုံး၊ ကြယ်နှစ်ပွင့်အဆင့် ဟိုတယ် ၁၁၅ လုံး၊ ကြယ်တစ်ပွင့်အဆင့် ဟိုတယ် ၁ဝ၃ လုံး၊ အထောက်အထား လက်မှတ်ထုတ်ပေးထားသည့် ဟိုတယ် ၄၆၃ လုံးရှိသည်ဟု သိရှိရသည်။

လက်ရှိတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်းအချို့နှင့် ပြည်တွင်းဟိုတယ်အချို့မှာ တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေဆဲဖြစ်သည်။

RND 16-2-2013
Eleven Media Group

0 comments:

Post a Comment