Pages

Saturday, February 16, 2013

ချေမှုန်း ဖျက်ဆီးရန် ခက်ခဲ့သည့် ရွေ့လျား ဒုံးလွှတ်စင် ၁၀၀ မြောက်ကိုရီးယား ပိုင်ဆိုင်ထား

ချေမှုန်း ဖျက်ဆီးရန် ခက်ခဲ့သည့် ရွေ့လျား ဒုံးလွှတ်စင် ၁၀၀ မြောက်ကိုရီးယား ပိုင်ဆိုင်

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၅

နျူကလီးယား လက်နက် ပိုင်ဆိုင်ထားသော မြောက်ကိုရီးယား နိုင်ငံ၌ ရှာဖွေ ချေမှုန်းရန် ခက်ခဲသော ရွေ့လျား ဒုံးလွှတ်စင် ၁၀၀ နီးပါး ပိုင်ဆိုင်ထားကြောင်း တောင်ကိုရီးယား အစိုးရ ပြောကြားချက် ကို ကိုးကားပြီး Asia Defense သတင်းတွင် ဖော်ပြထားသည်။ စကတ်နှင့် ရိုဒေါင် ဒုံးကျည်များ ပစ်လွှတ် နိုင်သည့် ရွေ့လျား ဒုံးစင် ၁၀၀ နီးပါး ကွန်မြုနစ် မြောက်ကိုရီးယား တို့ ပိုင်ဆိုင် ထားကြောင်း တောင်ကိုရီးယား နှင့် အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းက ပြောကြား သွားသည်။

အဆိုပါ ဒုံးပျံ များတွင် နျူကလီးယား ထိပ်ဖူး ပစ်လွှတ် တိုက်ခိုက်နိုင်ခြင်း နှင့် တောင်ကိုရီးယား နိုင်ငံတစ်ဝန်း လုံးရှိ ပစ်မှတ် များကို ချေမှုန်း တိုက်ခိုက်နိုင်ခြင်း တို့ကြောင့် အလွန် အန္တရာယ်ကြီးသော ဒုံးကျည် အမျိုး အစားများ ဖြစ်သည်။
ထို့အပြင် ထရတ်ကားပေါ် တင်ထားသည့် ရွေ့လျား ဒုံးလွှတ်စင် များသည် အချိန်ပြည့် ရွှေ့ပြောင်း သွားလာ နိုင်ခြင်းကြောင့် ရှာဖွေ ဖော်ထုတ်ရန်နှင့် ချေမူန်း တိုက်ခိုက်ရန် ခက်ခဲသည်။

ကီလိုမီတာ ၃၀၀ မှ ၁၀၀၀ တွင်း ပစ်ခတ် နိုင်သော ရွေ့လျား စကတ် ဒုံးလွှတ် စင်ပေါင်း ၂၇ ခုမှ ၄၀ ခုထိ မြောက်ကိုရီးယား တို့ ပိုင်ဆိုင် ထားပြီး ကီလိုမီတာ ၁၃၀၀ ထိ ပစ်လွှတ် နိုင်သော ရိုဒေါင် ရွေ့လျား ဒုံးလွှတ်စင် အခု ၄၀ ခန့် နှင့် ကီလိုမီတာ ၃၀၀၀ မှ ၄၀၀၀ ထိ ပစ်လွှတ် နိုင်သော မူဆူဒန် ဒုံးလွှတ်စင် ၁၄ ခုတို့ ပိုင်ဆိုင် ထားကြောင်း Asia Defense သတင်းတွင် ဖော်ပြထားသည်။

မြေပြင် အခြေစိုက်၊ ရေပြင် အခြေစိုက်နှင့် ရေငုပ်သင်္ဘော အခြေစိုက် ခရုစ် ဒုံးပျံများ အသုံးပြုပြီး မြောက်ကိုရီးယား ဒုံးလွှတ်စင် များကို မိနစ် ၃၀ အတွင်း ရှာဖွေ ချေမှုန်းနိုင်ရန် အစီအစဉ် ရေးဆွဲထားကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ဖော် ပြောကြား သွားသည်။

သို့သော်လည်း ယင်းကဲ့သို့ ထုတ်ဖော် ပြောကြားမှု များမှာ မြောက်ကိုရီးယား နိုင်ငံ၏ တတိယ အကြိမ်မြောက် နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုကြောင့် ထိတ်လန့် နေသော တောင်ကိုရီးယား ပြည်သူ များကို စိတ်သက်သာရာ ရစေရန် ပြောကြားခြင်းသာ ဖြစ်ကြောင်း လေ့လာ သုံးသပ်သူ များက ဝေဖန် သွားသည်။

၁၉၉၁ ပထမ ပင်လယ်ကွေ့ စစ်ပွဲ အတွင်း အီရတ် ရွေ့လျား စကတ် ဒုံးလွှတ်စင် များကို ချေမူန်း နိုင်ရန် လေကြောင်း တိုက်ခိုက်မှုပေါင်း ၁၄၆၀ ထိ အမေရိကန် လေတပ်က ပြုလုပ် တိုက်ခိုက် ခဲ့ပြီး ဒုံးလွှတ်စင် ပေါင်း ၁၀၀ ခန့်ထိ ဖျက်ဆီး ခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။
သို့ သော်လည်း စစ်ပွဲပြီး လေ့လာ သုံးသပ်မှုများ အရ မည်သည့် အီရတ် ရွေ့လျား ဒုံးလွတ်စင်မျှ ချေမှုန်း ဖျက်ဆီး ခံရခြင်း မရှိကြောင်း စစ်ဘက် ကျွမ်းကျင်သူ များက ပြောကြား သွားသည်။

“ရွေ့လျား ဒုံးလွှတ်စင် တွေကို ရှာဖွေ ထောက်လှမ်းဖို့ အလွန် ခက်ခဲ ပါတယ်။ အကယ်၍ ထောက်လှမ်း သိရှိခဲ့ ပြီး ကြားဖြတ် တိုက်ခိုက်ရေး ဒုံးပျံတွေ ပစ်လွှတ်ဖို့ အသင့် ရှိနေရင် တောင်မှ ရန်သူ ဒုံးလွှတ်စင်တွေ နေရာရွေ့ပြောင်း သွားနိုင်ခြင်း ကြောင့် တော်တော် ခက်ခဲတဲ့ ကိစ္စပါပဲ” ဟု တောင်ကိုရီးယား ဆန်ရှင်း အမျိုးသမီး တက္ကသိုလ် ပါမောက္ခ ကင်ရိုဆို က မှတ်ချက်ပြု ပြောကြား သွားသည်။

အေးချမ်းမွန်မှ  The Voice Weekly တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်။

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၅

နျူကလီးယား လက်နက် ပိုင်ဆိုင်ထားသော မြောက်ကိုရီးယား နိုင်ငံ၌ ရှာဖွေ ချေမှုန်းရန် ခက်ခဲသော ရွေ့လျား ဒုံးလွှတ်စင် ၁၀၀ နီးပါး ပိုင်ဆိုင်ထားကြောင်း တောင်ကိုရီးယား အစိုးရ ပြောကြားချက် ကို ကိုးကားပြီး Asia Defense သတင်းတွင် ဖော်ပြထားသည်။ စကတ်နှင့် ရိုဒေါင် ဒုံးကျည်များ ပစ်လွှတ် နိုင်သည့် ရွေ့လျား ဒုံးစင် ၁၀၀ နီးပါး ကွန်မြုနစ် မြောက်ကိုရီးယား တို့ ပိုင်ဆိုင် ထားကြောင်း တောင်ကိုရီးယား နှင့် အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းက ပြောကြား သွားသည်။ အဆိုပါ ဒုံးပျံ များတွင် နျူကလီးယား ထိပ်ဖူး ပစ်လွှတ် တိုက်ခိုက်နိုင်ခြင်း နှင့် တောင်ကိုရီးယား နိုင်ငံတစ်ဝန်း လုံးရှိ ပစ်မှတ် များကို ချေမှုန်း တိုက်ခိုက်နိုင်ခြင်း တို့ကြောင့် အလွန် အန္တရာယ်ကြီးသော ဒုံးကျည် အမျိုး အစားများ ဖြစ်သည်။

ထို့အပြင် ထရတ်ကားပေါ် တင်ထားသည့် ရွေ့လျား ဒုံးလွှတ်စင် များသည် အချိန်ပြည့် ရွှေ့ပြောင်း သွားလာ နိုင်ခြင်းကြောင့် ရှာဖွေ ဖော်ထုတ်ရန်နှင့် ချေမူန်း တိုက်ခိုက်ရန် ခက်ခဲသည်။

ကီလိုမီတာ ၃၀၀ မှ ၁၀၀၀ တွင်း ပစ်ခတ် နိုင်သော ရွေ့လျား စကတ် ဒုံးလွှတ် စင်ပေါင်း ၂၇ ခုမှ ၄၀ ခုထိ မြောက်ကိုရီးယား တို့ ပိုင်ဆိုင် ထားပြီး ကီလိုမီတာ ၁၃၀၀ ထိ ပစ်လွှတ် နိုင်သော ရိုဒေါင် ရွေ့လျား ဒုံးလွှတ်စင် အခု ၄၀ ခန့် နှင့် ကီလိုမီတာ ၃၀၀၀ မှ ၄၀၀၀ ထိ ပစ်လွှတ် နိုင်သော မူဆူဒန် ဒုံးလွှတ်စင် ၁၄ ခုတို့ ပိုင်ဆိုင် ထားကြောင်း Asia Defense သတင်းတွင် ဖော်ပြထားသည်။

မြေပြင် အခြေစိုက်၊ ရေပြင် အခြေစိုက်နှင့် ရေငုပ်သင်္ဘော အခြေစိုက် ခရုစ် ဒုံးပျံများ အသုံးပြုပြီး မြောက်ကိုရီးယား ဒုံးလွှတ်စင် များကို မိနစ် ၃၀ အတွင်း ရှာဖွေ ချေမှုန်းနိုင်ရန် အစီအစဉ် ရေးဆွဲထားကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ဖော် ပြောကြား သွားသည်။

သို့သော်လည်း ယင်းကဲ့သို့ ထုတ်ဖော် ပြောကြားမှု များမှာ မြောက်ကိုရီးယား နိုင်ငံ၏ တတိယ အကြိမ်မြောက် နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုကြောင့် ထိတ်လန့် နေသော တောင်ကိုရီးယား ပြည်သူ များကို စိတ်သက်သာရာ ရစေရန် ပြောကြားခြင်းသာ ဖြစ်ကြောင်း လေ့လာ သုံးသပ်သူ များက ဝေဖန် သွားသည်။

၁၉၉၁ ပထမ ပင်လယ်ကွေ့ စစ်ပွဲ အတွင်း အီရတ် ရွေ့လျား စကတ် ဒုံးလွှတ်စင် များကို ချေမူန်း နိုင်ရန် လေကြောင်း တိုက်ခိုက်မှုပေါင်း ၁၄၆၀ ထိ အမေရိကန် လေတပ်က ပြုလုပ် တိုက်ခိုက် ခဲ့ပြီး ဒုံးလွှတ်စင် ပေါင်း ၁၀၀ ခန့်ထိ ဖျက်ဆီး ခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။
သို့ သော်လည်း စစ်ပွဲပြီး လေ့လာ သုံးသပ်မှုများ အရ မည်သည့် အီရတ် ရွေ့လျား ဒုံးလွတ်စင်မျှ ချေမှုန်း ဖျက်ဆီး ခံရခြင်း မရှိကြောင်း စစ်ဘက် ကျွမ်းကျင်သူ များက ပြောကြား သွားသည်။

“ရွေ့လျား ဒုံးလွှတ်စင် တွေကို ရှာဖွေ ထောက်လှမ်းဖို့ အလွန် ခက်ခဲ ပါတယ်။ အကယ်၍ ထောက်လှမ်း သိရှိခဲ့ ပြီး ကြားဖြတ် တိုက်ခိုက်ရေး ဒုံးပျံတွေ ပစ်လွှတ်ဖို့ အသင့် ရှိနေရင် တောင်မှ ရန်သူ ဒုံးလွှတ်စင်တွေ နေရာရွေ့ပြောင်း သွားနိုင်ခြင်း ကြောင့် တော်တော် ခက်ခဲတဲ့ ကိစ္စပါပဲ” ဟု တောင်ကိုရီးယား ဆန်ရှင်း အမျိုးသမီး တက္ကသိုလ် ပါမောက္ခ ကင်ရိုဆို က မှတ်ချက်ပြု ပြောကြား သွားသည်။

 
RND 16-2-2013
The Voice Weekly

0 comments:

Post a Comment