Pages

Saturday, February 16, 2013

နှစ်လကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဗင်နီဇွဲလားသမ္မတ ဟူးဂိုးချာဗက်ဇ် လက်ရှိကျန်းမာရေး အနေအထားကို ဖော်ပြသည့် ဓာတ်ပုံများကို ဗင်နီဇွဲလား အစိုးရအဖွဲ့က ထုတ်ပြန်

နှစ်လကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် သမ္မတချာဗက်ဇ်၏ လက်ရှိကျန်းမာရေး အနေအထားကို ဖော်ပြသည့် ဓာတ်ပုံများကို ဗင်နီဇွဲလား အစိုးရအဖွဲ့က ထုတ်ပြန်
Saturday, February 16, 2013

ဗင်နီဇွဲလားသမ္မတ ဟူးဂိုးချာဗက်ဇ် (၅၈ နှစ်) သည် ကင်ဆာရောဂါ
အတွက် နောက်ဆုံးအကြိမ် ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် သူ၏ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ ကောလာဟလ အမျိုးမျိုး ထွက်ပေါ်နေခဲ့ရာ
ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် နှစ်လကျော်ကာလအတွင်း ပထမဆုံး
အကြိမ်အဖြစ် သူ၏လက်ရှိအနေအထားကို ဖော်ပြသည့် ဓာတ်ပုံများကို ဗင်နီဇွဲလားအစိုးရ အဖွဲ့က ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ချာဗက်ဇ်သည် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဆေးကုသမှု ခံယူရန် ကျူးဘားနိုင်ငံ ဟားဗားနားမြို့သို့ ထွက်ခွာသွားပြီးကတည်းက ယခင်ဆေးကုသမှုများ ခံယူခဲ့စဉ်ကနှင့် မတူဘဲ ရုပ်မမြင်အသံမကြား
ဖြစ်နေခဲ့သည်။ 

ယခုထုတ်ပြန်လိုက်သော ဓာတ်ပုံများထဲတွင် သမ္မတကို အိပ်ရာပေါ်ရှိ
ခေါင်းအုံးပေါ်မှီလျက် ပြုံးရယ်နေသည်ကို တွေ့မြင်ရသည်။ သူ၏ သမီးနှစ်ယောက်ဖြစ်သော ရိုဆာနှင့် မာရီယာတို့ကိုလည်း သူ၏အနီး၌ ၀န်းရံလျက်သား တွေ့မြင်ရသည်။

ယင်းဓာတ်ပုံများကို နိုင်ငံတော် ရုပ်သံဋ္ဌာနမှ ထုတ်လွှင့်ခဲ့ပြီး ယင်း၌ ချာဗက်ဇ်၏သားမက်ဖြစ်သူ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဂျော့အာရီယာဇာက ဓာတ်ပုံများကို ပြသကာ ချာဗက်ဇ်၏ ကျန်းမာရေးအခြေအနေ အသေးစိတ်ကိုပါ ရှင်းလင်းပြောကြားခဲ့သည်။

ယခင်က အစိုးရအဖွဲ့ အတိုက်အခံများသည် ချာဗက်ဇ်အနေဖြင့် အဘယ့်ကြောင့် နိုင်ငံသားများအား သူ၏ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ ပြောကြားခြင်း မရှိရပါသနည်းဟု မေးခွန်းထုတ်ခဲ့ကြသည်။ 

ပြန်ကြားရေးဝန်ကြီးအား နက်စတိုဗယ်လီဂတ်စ်က သမ္မတသည် အသက်ရှူလမ်းကြောင်း ပိုးဝင်မှုကြောင့် လေပြွန်တွင် တပ်ဆင်
ထားသော ပြွန်မှတစ်ဆင့် အသက်ရှူနေရသောကြောင့် စကားပြောရန် လွန်စွာခက်ခဲခဲ့ကြောင်း ရှင်းပြခဲ့သည်။

ဓာတ်ပုံ - ချာဗက်ဇ်နှင့် ၎င်း၏သမီးနှစ်ဦးအားတွေ့ရစဉ်
Ref: Daily Mail
Eleven Media Group
ဓာတ်ပုံ - ချာဗက်ဇ်နှင့် ၎င်း၏သမီးနှစ်ဦးအားတွေ့ရစဉ်
Saturday, February 16, 2013

ဗင်နီဇွဲလားသမ္မတ ဟူးဂိုးချာဗက်ဇ် (၅၈ နှစ်) သည် ကင်ဆာရောဂါ အတွက် နောက်ဆုံးအကြိမ် ခွဲစိတ်ကုသ
မှုခံယူခဲ့ပြီးနောက်သူ၏ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ ကောလာဟလ အမျိုးမျိုး ထွက်ပေါ်နေခဲ့ရာ
ဖေဖော်ဝါရီလ၁၅ရက်နေ့တွင်နှစ်လကျော်ကာလအတွင်းပထမဆုံးအကြိမ်အဖြစ် သူ၏လက်ရှိအနေအထား
ကို ဖော်ပြသည့် ဓာတ်ပုံများကို ဗင်နီဇွဲလားအစိုးရ အဖွဲ့က ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ချာဗက်ဇ်သည်ဒီဇင်ဘာလ၁၀ရက်နေ့တွင်ဆးကုသမှုခံယူရန်ကျူးဘားနိုင်ငံဟားဗားနားမြို့သို့ ထွက်ခွာ 
သွားပြီးကတည်းက ယခင်ဆေးကုသမှုများ ခံယူခဲ့စဉ်ကနှင့် မတူဘဲ ရုပ်မမြင်အသံမကြား ဖြစ်နေခဲ့သည်။

ယခုထုတ်ပြန်လိုက်သော ဓာတ်ပုံများထဲတွင် သမ္မတကို အိပ်ရာပေါ်ရှိ ခေါင်းအုံးပေါ်မှီလျက် ပြုံးရယ်နေသည်
ကို တွေ့မြင်ရသည်။ သူ၏ သမီးနှစ်ယောက်ဖြစ်သော ရိုဆာနှင့် မာရီယာတို့ကိုလည်း သူ၏အနီး၌ ၀န်းရံလျက်သား တွေ့မြင်ရသည်။

ယင်းဓာတ်ပုံများကို နိုင်ငံတော် ရုပ်သံဋ္ဌာနမှ ထုတ်လွှင့်ခဲ့ပြီး ယင်း၌ ချာဗက်ဇ်၏သားမက်ဖြစ်သူ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဂျော့အာရီယာဇာက ဓာတ်ပုံများကို ပြသကာ ချာဗက်ဇ်၏ ကျန်းမာရေးအခြေအနေ အသေးစိတ်ကိုပါ ရှင်းလင်းပြောကြားခဲ့သည်။

ယခင်က အစိုးရအဖွဲ့ အတိုက်အခံများသည် ချာဗက်ဇ်အနေဖြင့် အဘယ့်ကြောင့် နိုင်ငံသားများအား သူ၏ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ ပြောကြားခြင်း မရှိရပါသနည်းဟု မေးခွန်းထုတ်ခဲ့ကြသည်။

ပြန်ကြားရေးဝန်ကြီးအားနက်စတိုဗယ်လီဂတ်စ်ကသမ္မတသည်အသက်ရှူလမ်းကြောင်း ပိုးဝင်မှုကြောင့်
ပွန်တွင်တပ်ဆင်ထားသောပွန်မှတစ်ဆင့်အသက်ရှူနေရသောကြောင့်စကားပြောရန် လွန်စွာခက်ခဲခဲ့
ကြာင်း ရှင်းပြခဲ့သည်။

Ref: Daily Mail
Eleven Media Group

0 comments:

Post a Comment