Pages

Saturday, February 16, 2013

၆၆ နှစ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား မွန်ပြည်နယ်ပေါင်မြို့နယ်၌ ကျင်းပမည်

၆၆ နှစ်မြောက် မွန်အမျိုးသားနေ့ကို မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ဗဟိုထားကာ ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်း ပြောကြားချက်အရ သိရသည်။ မွန်အမျိုးသားနေ့ကို ၂ဝ၁၂ ခုနှစ်တွင် ကရင်ပြည်နယ် ကော့ဘိန်းမြို့နယ်တွင် ဗဟိုထားကာ ကျင်းပခဲ့ပြီး ၂ဝ၁၂ ခုနှစ်မတိုင်မီတွင် မွန်ပြည်နယ်ရှိ အခြားမြို့နယ်များ၌ အလှည့်ကျ ပုံစံကျင်းပခဲ့ကြောင်း သိရသည်။
''ဒါက National Day အစိုးရက ကျင်းပပေးတာက State Day မတူဘူး။ မွန်အမျိုးသားနေ့ကို ကျွန်တော်တို့က ဦးစီးကျင်းပတာမဟုတ်ဘူး။ ဖြစ်မြောက်ရေး ကော်မတီရှိတယ်။ ဗဟိုထားပြီး လုပ်တာကတော့ တစ်နှစ်နဲ့ တစ်နှစ် နေရာမတူဘူး။ ဗဟိုပွဲအပြင် ကိုယ့် မြို့နယ်တွေအလိုက် ကျင်းပတာတွေ ရှိတယ်။

ဟိုးအရင်ကတော့ ဒီအခမ်းအနားကျင်းပရင် ဖမ်းတာဆီးတာတောင်ရှိတယ်။ ပွဲမှာ ဟောပြောမှာတွေကို ကြိုတင်ရတာတွေ ရှိတယ်။ မနှစ်ကစလို့ အရင်လိုတော့ မဟုတ်ဘူး။ လွတ်လွတ်လပ်လပ် လုပ်လာလို့ရတယ်''ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောကြားသည်။

ထို့အပြင် ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်၌လည်း ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၆ ရက်ထိ ဈေးရောင်းပွဲတော်နှင့် ပဒေသာကပွဲများ ကျင်းပကာ မွန်အမျိုးသားနေ့ အခမ်းအနား ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
RND 16-2-2013
Eleven Media Group

0 comments:

Post a Comment