Pages

Saturday, February 16, 2013

ပျောက်ကွယ်သွားသော အနုပညာရှင်တစ်ယောက်၏ စေတနာများ (သို့) သရုပ်ဆောင်နန္ဒာလှိုင်

ပျောက်ကွယ်သွားသော အနုပညာရှင်တစ်ယောက်၏ စေတနာများ (သို့) သရုပ်ဆောင်နန္ဒာလှိုင်


အနုပညာလောကနဲ့ ပြန်လည်ပတ်သက်ခြင်းမရှိတော့တဲ့ သူတွေထဲမှာ မင်းသမီးနန္ဒာလှိုင်လည်း တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ စီးပွားရေး ရေယာဉ်ကြောမှာ လိုက်ပါစီးဆင်းရင်း ဘ၀ကိုဖြတ်သန်းနေပြီဖြစ်တဲ့ နန္ဒာလှိုင်ဟာ အခုတော့ ပရဟိတဘက်ဆီ ပိုမိုစိတ်လည်နေသလိုပါပဲ။ နန္ဒာလှိုင်တို့ဇနီးမောင်နှံဟာ မြန်မာအသည်းဖောင်ဒေးရှင်(MLF) ရဲ့ကနဦးတည်ထောင်သူတွေအနက် ရှေးဆုံးနားကျကျဆီက ပါဝင်ခဲ့ကြသူပါ။ လတ်တလောမှာ နန္ဒာလှိုင်က မြန်မာအသည်းဖောင်ဒေးရှင်းရဲ့ ပုဂ္ဂလိကစာနယ်ဇင်းများ နာမကျန်း ရန်ပုံငွေအဖွဲ့နဲ့ ပူးပေါင်းပြီး စာနယ်ဇင်းဆရာတွေကို ဘီပိုးကာကွယ်ဆေးထိုးပေးမယ့် လုပ်ငန်းစဉ်မှာ လိုက်ပါဆောင်ရွက်နေပါတယ်။
ဒီအစီအစဉ်ရဲ့သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ရောက်ရင် မြရိပ်ညိုရွိုင်ရယ် ဟိုတယ်ကြီးဆီမှာ ကျင်းပပြုလုပ်သွားမှာပါ။ သတင်းစားရှင်းလင်းပွဲပြီးရင် အဲဒီမှာဘဲ ဘီပိုးရှိမရှိစစ်ဆေးပြီး ကာကွယ်ဆေးတွေကို ထိုးပေးသွားမယ်လို့ သိရှိရပါတယ်။အစောပိုင်းတုန်းက ကာကွယ်ဆေးအတွက် ကုန်ကျစရိတ်ကို ပဂ္ဂလိကစာနယ်ဇင်းများ နာမကျန်းကူညီမှုအဖွဲ့က ကျခံပေးမယ်စီစဉ်ထားခဲ့ပေမယ့် အခုတော့ မြန်မာအသည်း ဖောင်ဒေးရှင်းကပဲ အဲဒီကုန်ကျစရိတ်အားလုံးကို သူတို့လှူဒါန်းပေးမယ်လို့ဆုံးဖြတ်လိုက်ပါပြီ။စာနယ်ဇင်းဆရာတွေပြီးရင် ဒုတိယခြေလှမ်းအနေနဲ့ လူကြမ်းသရုပ်ဆောင်တွေကို ဘီပိုးကာကွယ်ဆေးထိုးပေးသွားဦးမယ်လို့လည်း မြန်မာအသည်းဖောင်ဒေးရှင်းက ထုတ်ပြန်ပြောကြားထားပါတယ်။မင်းသမီးနန္ဒာလှိုင်ပူးပေါင်းပါဝင်နေတဲ့ မြန်မာအသည်းဖောင်ဒေးရှင်းရဲ့
လုပ်ငန်းစဉ်ကြီးအပေါ် ကျွန်တော်တို့နဲ့အတူ စာဖက်ပရိသတ်တွေလည်း ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်လိုက်ကြပါစို့လား................................http://www.myanmardailynews.org/2013/02/blog-post_8413.html

NEW BY: Myanmar Daily News
ACM Re-post 16 Feb 2013
အေးချမ်းမွန်မှ   Myanmar Daily Newsတွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်။

အနုပညာလောကနဲ့ ပြန်လည်ပတ်သက်ခြင်းမရှိတော့တဲ့ သူတွေထဲမှာ မင်းသမီးနန္ဒာလှိုင်လည်း တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ စီးပွားရေး ရေယာဉ်ကြောမှာ လိုက်ပါစီးဆင်းရင်း ဘ၀ကိုဖြတ်သန်းနေပြီဖြစ်တဲ့ နန္ဒာလှိုင်ဟာ အခုတော့ ပရဟိတဘက်ဆီ ပိုမိုစိတ်လည်နေသလိုပါပဲ။ နန္ဒာလှိုင်တို့ဇနီးမောင်နှံဟာ မြန်မာအသည်းဖောင်ဒေးရှင်(MLF) ရဲ့ကနဦးတည်ထောင်သူတွေအနက် ရှေးဆုံးနားကျကျဆီက ပါဝင်ခဲ့ကြသူပါ။ လတ်တလောမှာ နန္ဒာလှိုင်က မြန်မာအသည်းဖောင်ဒေးရှင်းရဲ့ ပုဂ္ဂလိကစာနယ်ဇင်းများ နာမကျန်း ရန်ပုံငွေအဖွဲ့နဲ့ ပူးပေါင်းပြီး စာနယ်ဇင်းဆရာတွေကို ဘီပိုးကာကွယ်ဆေးထိုးပေးမယ့် လုပ်ငန်းစဉ်မှာ လိုက်ပါဆောင်ရွက်နေပါတယ်။

ဒီအစီအစဉ်ရဲ့သတင်းစာရှင်းလင်းပွ
ဲကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ရောက်ရင် မြရိပ်ညိုရွိုင်ရယ် ဟိုတယ်ကြီးဆီမှာ ကျင်းပပြုလုပ်သွားမှာပါ။ သတင်းစားရှင်းလင်းပွဲပြီးရင် အဲဒီမှာဘဲ ဘီပိုးရှိမရှိစစ်ဆေးပြီး ကာကွယ်ဆေးတွေကို ထိုးပေးသွားမယ်လို့ သိရှိရပါတယ်။
 
အစောပိုင်းတုန်းက ကာကွယ်ဆေးအတွက် ကုန်ကျစရိတ်ကို ပဂ္ဂလိကစာနယ်ဇင်းများ နာမကျန်းကူညီမှုအဖွဲ့က ကျခံပေးမယ်စီစဉ်ထားခဲ့ပေမယ့် အခုတော့ မြန်မာအသည်း ဖောင်ဒေးရှင်းကပဲ အဲဒီကုန်ကျစရိတ်အားလုံးကို သူတို့လှူဒါန်းပေးမယ်လို့ဆုံးဖြတ်လိုက်ပါပြီ။စာနယ်ဇင်းဆရာတွေပြီးရင် ဒုတိယခြေလှမ်းအနေနဲ့ လူကြမ်းသရုပ်ဆောင်တွေကို ဘီပိုးကာကွယ်ဆေးထိုးပေးသွားဦးမယ်လို့လည်း မြန်မာအသည်းဖောင်ဒေးရှင်းက ထုတ်ပြန်ပြောကြားထားပါတယ်။
 
မင်းသမီးနန္ဒာလှိုင်ပူးပေါင်းပါဝင်နေတဲ့ မြန်မာအသည်းဖောင်ဒေးရှင်းရဲ့ လုပ်ငန်းစဉ်ကြီးအပေါ် ကျွန်တော်
တို့နဲ့အတူ စာဖက်ပရိသတ်တွေလည်း ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်လိုက်ကြပါစို့လား
 
Myanmar Daily News

0 comments:

Post a Comment