Pages

Saturday, January 5, 2013

မဟာစည် သာသနာ့ ရိပ်သာ၊ အနောက်ဘက် လှမင်း ရပ်ကွက် အတွင်း ဒီနေ့ 5.1.2013 ရက်နေ့တွင် မီး လောင်ကျွမ်းမှုဖြစ်ပွား

မဟာစည် သာသနာ့ ရိပ်သာ၊ အနောက်ဘက်က လှမင်း ရပ်ကွက် အတွင်း ဒီနေ့ 5.1.2013 ရက်နေ့တွင် မီးလောင်ကျွမ်းခဲ့ပါသည်။ အဆိုပါမီးလောင်ကျွမ်းမှုတွင်အိမ်ခြေ (၈)အိမ်ခန့် လောင်ကျွမ်းခဲ့သည်ဟု သိရပါသည်။
ပေါဆမီးဟုယူဆ
ဆုံးရှုံးတန်ဖိုးအတိမပြုနိုင်သေးပါတဲ့
တန်းယားတွဲအပါဝင်အိမ်ချေ
၁၀ လုံးသတ်မှတ်ထား
မီးသတ်ယဉ်စုစု ၁၀ စီးဖြင့်
ငြိမ်းသတ်ခဲ့၇ကြောင်း
ကြံတောရပ် အပိုင် လမင်းရပ်ကွက်လိုသိရပါတယ်
တင်စိုး

မဟာစည် သာသနာ့ ရိပ်သာ၊ အနောက်ဘက်က လှမင်း ရပ်ကွက် အတွင်း ဒီနေ့ 5.1.2013 ရက်နေ့တွင် မီး
လာင်ကျွမ်းခဲ့ကြောင်းသတင်းရရှိသည်။ အဆိုပါမီးလောင်ကျွမ်းမှုတွင်အိမ်ခြေ (၈)အိမ်ခန့် လောင်ကျွမ်းခဲ့
သည်ဟု သိရပါသည်။

ဖုန်းပြောနေခြင်းကို နှောင့်ယှက်သဖြင့် ကျောင်းသားတွေကို ရိုက်ခဲ့သည့်ဆရာမ ကျောင်းထုတ်ခံရ

ဖုန်းပြောနေခြင်းကို နှောင့်ယှက်သဖြင့် ကျောင်းသားတွေကို ရိုက်ခဲ့သည့်ဆရာမ ကျောင်းထုတ်ခံရ


နယူးယော့ခ်၊ ဘရွတ်ကလင်အရပ်ရှိ PS 238 အစိုးရကျောင်းတွင် ဖုန်းအလွန်ပြောလေ့ရှိသော ဆရာမတစ်ဦး သည် အတန်းတွင်းရှိ အသက် ၈ နှစ်နှင့် ၉ နှစ်အရွယ် ကလေးများကို သူဖုန်းပြောနေစဉ် ဆော့ကစားကာ ဆူညံနေသဖြင့် “ပါးစပ်တွေ ပိတ်ထားစမ်း” ဟုအော်ခဲ့ကြောင်း၊ ထို့နောက် ဖုန်းဆက်ပြောနေစဉ် ကလေးများ ဆူညံလာသဖြင့် တစ်တန်းလုံးကို ရိုက်ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ပြောကြားခဲ့သည်။

တတိယတန်းအဆင့်တွင် တာဝန်ယူ သင်ကြားနေရသည် ထိုဆရာမသည် စကားအလွန်ပြောသူဖြစ်ကြောင်း၊ တစ်နေကုန် ဖုန်းဖြင့် စကားပြောနေ
တတ်ကြောင်း ကျောင်းသားများနှင့်၊ ဆရာ ဆရာမများက ၀န်ခံ ပြောဆို ကြသည်။ ဆရာမသည် အသက် ၆၇ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး အငြိမ်းစားယူထားသော်လည်း ကျောင်းမှ ပြန်ခေါ်ကာ စာသင်ခိုင်းထား
သူဖြစ်သည်ဟု သိရသည်။

ဆရာမသည် ကျောင်းသားများကို သူဖုန်းပြောနေစဉ် ဆူညံနေသဖြင့် ရိုင်းစိုင်းစွာ ဆဲဆိုခဲ့ကြောင်း၊ ထို့ပြင် အတန်းရှေ့သို့ထွက်လာပြီး တစ်ရှူးလာယူသည့် ကျောင်းသားတစ်ယောက်ကိုလည်း ခြေထိုးခံလိုက်
သဖြင့် ထိုကျောင်းသား လဲကျသွားခဲ့ကြောင်း၊ ထိုကျောင်းသား၏
ဆံပင်ကိုလည်း ဆွဲဆောင့်ခဲ့ကြောင်း၊ စာသင်ချိန်တွင် နာရီဝက်လောက်
အထိ စကားပြောလေ့ရှိကြောင်း ကျောင်းသားများက စုံစမ်းစစ်ဆေးရေး
အဖွဲ့သို့ ပြောကြားခဲ့ သည်။

ထိုဆရာမသည် သိပ္ပံဘာသာပြဆရာမဖြစ်ပြီး ၂၀၀၂ ခုနှစ်ကတည်းက ပင်စင်ယူသွားခဲ့ပြီးဖြစ်သော်လည်း ကျောင်းအာဏာပိုင်များက ဆရာ မရှိသဖြင့် ဆက်လက်တာဝန်ထမ်းဆောင်စေခဲ့ကြောင်း၊ မိဘများက ထိုဆရာမကို ရိုင်းစိုင်းကြမ်းတမ်းသဖြင့် အစကတည်းက မနှစ်သက်
ကြကြောင်း သိရသည်။

ဆရာမက သူဖုန်းဆက်သည်မှာ ၂ မိနစ်ခန့်သာဖြစ်ကြောင်း၊ ဆေးရုံသို့ ကျန်းမာရေးကိစ္စဖြင့် ဆက်ခြင်းဖြစ် ကြောင်း ပြောကြားသော်လည်း
ကျောင်းအာဏာပိုင်များက သူမကို အနားယူခိုင်းလိုက်ပြီဟု သိရသည်။

အေးချမ်းမွန်မှ  မောက္ခ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်


နယူးယော့ခ်၊ ဘရွတ်ကလင်အရပ်ရှိ PS 238 အစိုးရကျောင်းတွင်ဖုန်းအလွန်ပြောလေ့ရှိသောဆရာမတစ်ဦး 
သည် အတန်းတွင်းရှိ အသက် ၈ နှစ်နှင့် ၉ နှစ်အရွယ် ကလေးများကို သူဖုန်းပြောနေစဉ် ဆော့ကစားကာ ဆူညံနေသဖြင့် “ပါးစပ်တွေ ပိတ်ထားစမ်း” ဟုအော်ခဲ့ကြောင်း၊ ထို့နောက် ဖုန်းဆက်ပြောနေစဉ်ကလေးများ
ဆူညံလာသဖြင့် တစ်တန်းလုံးကို ရိုက်ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ပြောကြားခဲ့သည်။

ထိုးစစ်ဆင်မှုများရှိနေသော်လည်း KIA တပ်ရင်း (၆) တွင် စစ်သင်တန်းဆင်းပွဲထူးခြားစွာပြု လုပ်

ထိုးစစ်ဆင်မှုများရှိနေသော်လည်း KIA တပ်ရင်း (၆) တွင် စစ်သင်တန်းဆင်းပွဲထူးခြားစွာပြုလုပ်

ဇန်န၀ါရီ (၄) သောကြာ by Jinghpaw kasa 

KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) တွင် (၂) လခွဲကြာပြုလုပ်ခဲ့သော စစ်သင်တန်း ကျောင်းဆင်းပွဲ (၃/၂၀၁၂)  ပြုလုပ်ခဲ့ကြောင်းသတင်း ရှိရပါသည်။ ၂၀၁၂ ခုနှစ် အောက်တိုဘလ (၂၀) ရက်နေ့တွင် စတင်ခဲ့ပြီး ဇန်န၀ါရီ ၃ ရက်နေ့တွင် သင်တန်းသား ၃၀၉ ယောက်ဖြင့် သင်တန်းဆင်းခဲ့ခြင်းဖြစ်ပါသည်။
 
သင်တန်းသားအများစုမှာ ကချင်လူငယ်များဖြစ်ကြပြီး ရခိုင် ၃၃ ဦး၊ ချင်း ၁ ဦး၊ ရှမ်း ၄ ဦး၊ ပလောင် ၂ ဦးပါဝင်ကြောင်း သင်တန်းတာဝန်ခံ ကရှင်းပြပါသည်။ ယခုသင်တန်းသည် တပ်ရင်း (၆) တွင်ပြုလုပ်သော ၁၂ ကြိမ်မြောက်သင်တန်းဖြစ်ပြီး ဆက်လက်၍ ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း၊  သင်တန်းအစတွင် သင်တန်းသားများအား ၁၀ ရက်ခန့် သမ္မာကျမ်းစာနှင့် ဧ၀ံဂေလိတရားများကို ဦးစွာသင်ကြားပြီးနောက် အခြေခံစစ်ပညာနှင့် စစ်ဗျူဟာများကို စာတွေ့လက်တွေ့သင်ယူစေကြောင်း တာဝန်ခံကဆက်ရှင်းပြပါသည်။

ဤသင်တန်းဆင်းပွဲသည် ယခင်နှင့် မတူ တမူထူးခြားစွာ စစ်ရေးပြအခမ်းအနားဖြင့် စတင်ခဲ့ပြီး၊ တပ်ရင်း(၆) တပ်ရင်းမှူး အင်ခွန်ဇော်ဒွဲမှ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပ့ါသည်။ စစ်ဘင်ခရာသံစုံတီးဝိုင်း၏ မြူးကြွသော တေးသံများ၊ တက်ကြွနေသောသင်တန်းသားများနှင့် ပိတိဝေဖြာနေသော မိဘပြည်သူများ ၏ အပြုံးမျက်နှာများသည် သင်တန်းဆင်းပွဲအားအသက်သွင်းလျက်ရှိပါသည်။
 
“ဘုရားသခင်သာ အောင်နိုင်ခြင်းရဲ့အရှင်…” “ မင်းတို့ အိမ်ရှင်လား၊ ဧည့်သည်လား ….”  “ အိမ်ရှင်ပါ….” “ အိမ်ရှင်ဆိုရင် အိမ်ရှင်စိတ်ဓါတ်မွေးရမယ်… ဧည့်သည်စိတ်ဓါတ်ကို ဖျောက်ရမယ်…” “ လူမျိုးကိုတိုက်နေတာမဟုတ်ဘူး… မူကို မကြိုက်လို့တိုက်နေတာ..”  စသည့် မိန့်ခွန်းသံများသည် သင်တန်းဆင်းပွဲအားပို၍ အသက်ဝင်စေ ပါသည်။ သင်တန်းဆင်းပွဲအား နေ့လည် ၁၂ နာရီခွဲခန့်တွင် အဆုံးသတ်ခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များအား နေ့လည်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ပါသည်။

KIA တပ်မဟာ (၂)လက်အောက်ခံတပ်ရင်း (၆) တွင်(၂) လခွဲကြာပြုလုပ်ခဲ့သောစစ်သင်တန်း ကျောင်းဆင်း
ပွဲ (၃/၂၀၁၂) ပြုလုပ်ခဲ့ကြောင်းသတင်း ရှိရပါသည်။ ၂၀၁၂ ခုနှစ် အောက်တိုဘလ (၂၀) ရက်နေ့တွင် စတင်
ခဲ့ပြီး ဇန်န၀ါရီ ၃ ရက်နေ့တွင် သင်တန်းသား ၃၀၉ ယောက်ဖြင့် သင်တန်းဆင်းခဲ့ခြင်းဖြစ်ပါသည်။

KIA အပေါ် အစိုးရစစ်ဆင်မှု ရုတ်တရက် ရပ်တန့်သွား

KIA အပေါ် အစိုးရစစ်ဆင်မှု ရုတ်တရက် ရပ်တန့်သွား

05 January 2013 Written by ရွှေဟင်္သာသတင်းဌာန

အစိုးရတပ်ဖွဲ့များသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ဖြစ်သော လိုင်ဇာကို ပြင်းထန်စွာ စစ်ဆင်နေရာမှ ယနေ့မနက်ပိုင်းမှ ညနေအထိ ရုတ်တရက် ရပ်ဆိုင်းလိုက်သည်ဟု လဂျားယန်စစ်မျက်နှာရှိ ABSDF ကျောင်းသားခေါင်း ဆောင်တဦးက ဆိုပါသည်။

“ ဘာကြောင့်လဲတော့ မသိဘူး၊ ဒီနေ့မနက်ကနေ ညနေအထိ မြေပြင်တပ်ရော၊ လက်နက်ကြီးရော၊ လေတပ်ပါ ရုတ်တရက် ရပ်တန့်လိုက်တယ်။ တကယ်တော့ သူတို့တက်မလာရင် ကျနော်တို့က လိုက်တိုက်မှာ မဟုတ်ဘူး။ အခုသူတို့နားတော့ ကျနော်တို့လည်း နားတာပေါ့” ဟု ဆိုပါသည်။

တိုက်ပွဲများသည် ဇန်န၀ါရီလ (၃) ရက် မနက်တွင် နမ်ဆမ်ယန်ရှိ KIA တပ်စခန်းသို့ ခလရ (၂၉၈)၊ ခမရ (၃၈၄)၊ (၃၈၅)၊ (၃၈၆)၊ (၃၉၀) တပ်ဖွဲ့များ ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်။ နေ့လည် ၁၂ နာရီခွဲအချိန်တွင် လေကြောင်းမှ လာရောက်ပစ်ကူပေး ခဲ့ပြီး တိုက်ပွဲပေါင်း (၈) ကြိမ် ဖြစ်ပွားခဲ့ပါသည်။

အလားတူ ဇန်န၀ါရီလ (၃) ရက်တွင် မြန်မာ့လေတပ်မှ G-4 Super Galeb တိုက်လေယာဉ် (၂) စီးသည် နေ့လည် (၁၂) နာရီခွဲ တွင်လဂျားယန်အထက် တောင်ကုန်းရှိ KIA တပ်စခန်းကို ဒုံးကျည်များအပါဝင် ဗုံးကျဲခဲ့ပါသည်။ ထို့အပြင် ၁၂ နာရီ ၄၅ မိ နစ်အချိန်တွင်လည်း နမ်ဆမ်ယန်ရှိ KIA တပ်ဖွဲ့ကို လေယာဉ် (၂) စီးဖြင့် ပစ်ခတ်ခဲ့သည်။

ကချင်ပြည်နယ်အရှေ့ပိုင်း ပန်ဝါဒေသ နယ်ခြားမှတ်တိုင် (၆) ရှိ KIA တပ်စခန်းသို့ တိုက်လေယာဉ် (၂) စီး ဖြင့်ဗုံးကျဲသလို ဒုံး ကျည်ဖြင့်လည်း ပစ်ခတ်ခဲ့ပြီး ခလရ (၁၀)၊ (၇၇)၊ (၁၃)၊ (၇၄) တပ်ဖွဲ့များက ပြင်းထန်စွာ ထိုးစစ်ဆင် ခဲ့ပါသည်။

ဤကဲ့သို့ အစိုးရ စစ်ဆင်ရေး ပြင်းထန်နေရာမှ ရပ်တန့်သွားခြင်း ဖြစ်ပါသည်။ ဤရပ်တန့်မှုသည် ကိုမြအေး ခေါင်းဆောင် သော ၈၈ ကျောင်းသားများ KIA ဌာနချုပ်လိုင်ဇာကို ရောက်ရှိနေချိန်နှင့် တိုက်ဆိုင်နေပါသည်။ အလားတူ အစိုးရလက် နက်ကြီးများ တရုပ်ပြည်သို့ ကျရောက်ခဲ့သဖြင့် တရုပ်အစိုးရမှ ကန့်ကွက်ထားချိန်နှင့်လည်း တိုက်ဆိုင်ပါသည်။

ကချင်ကိုထိုးစစ်ရပ်တန့်၇န် သွေးစည်းညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) ကလည်း ကြေညာချက်ထုတ်ပြီး ပြင်းထန်စွာ ကန့်ကွက်ထားသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေပါသည်

ထို့အပြင် အမေရိကန်အပါဝင် UN ကလည်း စိုးရိမ်ကြောင်း ပြောကြားထားသည်လည်း ရှိပြီး KNU အဖွဲ့ မှ သမ္မတဦးသိန်းစိန် နှင့် တွေ့ဆုံ၌ KIA စစ်ဆင်နေမှုကို ရပ်တန့်ပေးရန် တောင်းဆိုနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်ဟု အကဲခတ်များက ဆို ပါသည်။

ဤအချိန်၌ နိုင်ငံတော်လုံခြုံရေး ပြည်တောင်စုဝန်ကြီး ဦးဆောင်မင်းသည်၊ “ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အခါမှာ ဥပဒေ ဘောင်အတွင်းမှာရှိတဲ့ ကိစ္စတွေအားလုံး ကျနော်အနေနဲ့ လိုက်လျောပေးနိုင်တယ်။ KIA နဲ့လည်း ဆွေးနွေးဖို့ အဆင်သင့် ရှိနေတယ်" စသဖြင့် ပြည်တွင်းမီဒီယာ၌ ထုတ်ပြောနေချိန်နှင့် တိုက်ဆိုင်နေပါသည်။

တိုက်ပွဲများသည် အစိုးရဖက်မှ အကျအဆုံးများလှပြီး စစ်ကူထပ်မံ လိုအပ်နေပါသည်။ အစိုးရစစ်ကူများသည် ထပ်မံပေး ပို့နိုင်ခြင်း မရှိတော့ဟု အကဲခတ်များက ဆိုပါသည်။ တိုက်ပွဲအနိုင်အရှုံးကို တွက်ချက်မည်ဆိုပါက အစိုးရသည် အကျအ ဆုံးများလှပြီး၊ ပစ်အားများသလောက် အမှတ် (၇၇၁) လဂျားယန်ကုန်းတခုသာ သိမ်းပိုက် ရရှိခဲ့သည့် အခြေအနေတွင်ရှိနေ ပါသည်။

ဤသို့ကြောင့် မည်သည့်အခြေအနေကြောင့် ပစ်ခတ်မှု ရပ်တန့်သွားသည်ကို မသိရသေးသော်လည်း နှစ်ဖက်အောက် ခြေ တပ်များမှာမူ ၀မ်းသာနေလိမ့်မည်ဟု ABSDF တိုက်ပွဲဝင် ကျောင်းသားခေါင်းဆောင်တဦးက ဆိုပါသည်။

စိုးရတပ်ဖွဲ့များသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ဖြစ်သော လိုင်ဇာကို ပြင်းထန်စွာ စစ်ဆင်နေရာမှ ယနေ့မနက်ပိုင်းမှ ညနေအထိ ရုတ်တရက် ရပ်ဆိုင်းလိုက်သည်ဟု လဂျားယန်စစ်မျက်နှာရှိ ABSDF ကျောင်းသားခေါင်း ဆောင်တဦးက ဆိုပါသည်။

ကေအိုင်အိုက ဖမ်းမိထားတဲ့ အစိုးရ သုံ့ပန်းတွေကို ၈၈ကျောင်းသားများမှတဆင့်  ပြန်လည်လွှဲအပ်မည်ဖြစ်သော်လည်း အစိုးရဘက်မှတုံ့ပြန်မှုမရှိသေး

ကေအိုင်အိုက ဖမ်းမိထားတဲ့ အစိုးရ သုံ့ပန်းတွေကို ပြန်လည်လွှဲအပ်လို

2013-01-05 by RFA news

ကေအိုင်အိုက ဖမ်းမိထားတဲ့ အစိုးရတပ်က သုံ့ပန်းတွေကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့ကနေတဆင့် မြန်မာအစိုးရကို လွှဲပေးဖို့ ကြိုးစားနေပေမယ့် အစိုးရဘက်က အခုအချိန်အထိ ဘာမှ အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။ 

လိုင်ဇာမြို့မှာ ဇန်နဝါရီလ ၃ ရက်နေ့ညက ကေအိုင်အို ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ပြောရေးဆိုခွင့်ရှိသူ ဦးလနန် တို့နဲ့ တွေ့ဆုံဆွေးနွေးချိန်က ပြောခဲ့တာဖြစ်တယ်လို့ ကိုမြအေးက RFA ကို ပြောပါတယ်။

"မနေ့ကတွေ့တဲ့အခါ ဦးဂွမ်မော်နဲ့ ဦးလနန်တို့နဲ့ သုံ့ပန်းတွေ ဒီမှာထိမ်းရသိမ်းရခက်တဲ့အခါကျတော့ ရေရှည်မှာ ပြဿနာရှိတယ် အဲဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်မနက်ဖြန်ပြန်မယ် ဆိုတဲ့အခါကျတော့ ကျနော်ခေါ်သွားမယ်ဆို ခေါ်သွားလို့ရတယ်။ ကြယ်ဂေါင်အထိ ဒီဘက်က လိုက်ပို့ပေးမယ်။ မြန်မာပြည်ဘက်အခြမ်းကျရင် အစိုးရကို အပ်လိုက်ယုံပဲပေါ့။အဲဒီတော ဒီရဲဘော်တွေ ခေါ်သွားပြီးတော့ ကျနော်က အပ်ချင်တယ်ဗျ အစိုးရလက်ခံပေးဖို့တော့ လိုတယ်။ ကျနော်ကတော့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အဲဒီတပ်မတော်သားတွေကိုလဲ အထိခိုက်မနစ်နာစေချင်ဘူး။"

၂၀၁၁ ခုနှစ် ဇွန်လမှာ နှစ်ဘက် တိုက်ပွဲတွေစဖြစ်ပြီးနောက်ပိုင်း ရှေ့တန်းစခန်းတွေမှာ ဖမ်းမိထားတဲ့ သုံ့ပန်းအရေအတွက် ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။

သူတို့ကို လိုင်ဇာကနေ တရုတ်ပြည်ကို ဖြတ်ပြီး မူဆယ်ကို ပြန်အပ်ချင်ပေမဲ့ အစိုးရဘက် ခုအချိန်အထိ ဘာမှ မတုံ့ပြန်သေးဘူးလို့ ကိုမြအေးက ဆက်ပြောပြပါတယ်။

ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ရဲ့ လူမှုရေးစာမျက်နှာမှာလည်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကေအိုင်အို/ ကေအိုင်အေ အဖွဲ့အစည်းတွေက ထိန်းသိမ်း ထားတဲ့ တပ်မတော်/ မြန်မာနိုင်ငံရဲတပ်ဖွဲ့ က တပ်ဖွဲ့ဝင် (၃၀) ဦးကို ၎င်းတို့ထံမှ တဆင့် လွှဲပြောင်း ပေးအပ်လိုပါကြောင်း သက်ဆိုင်ရာသို့ ဆက်သွယ်အကြောင်းကြားလာခဲ့ခြင်းကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်လက်ညှိနှိုင်းဆောင်ရွက်လျှက် ရှိတယ်လို့ အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ထံက သတင်းရရှိကြောင်း ဖော်ပြထားတာကို ဒီကနေ့ တွေ့ရပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ ကိုထွန်းမြင့်အောင်၊ မနီနီလွင်နဲ့ မစန်းစန်းမော်တို့ ဟာ ကေအိုင်အို ဌာနချုပ်ကနေ ပြန်လည်ထွက်ခွာလာပြီ ဖြစ်ပါတယ်။

ကအိုင်အိုက ဖမ်းမိထားတဲ့ အစိုးရတပ်က သုံ့ပန်းတွေကို ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး
တို့ကနေတဆင့် မြန်မာအစိုးရကို လွှဲပေးဖို့ ကြိုးစားနေပေမယ့် အစိုးရဘက်က အခုအချိန်အထိ ဘာမှ အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။

Google ဝန်ထမ်းကွယ်လွန်လျှင် လစာ တစ်ဝက်ကို ကျန်ရှိသူအား တစ်သက်လုံး ပုံမှန်ပေး

Google ဝန်ထမ်းကွယ်လွန်လျှင် လစာ တစ်ဝက်ကို ကျန်ရှိသူအား တစ်သက်လုံး ပုံမှန်ပေး

office googleကမ္ဘာ့ Facility ထောက်ပံမှု အကောင်းဆုံး ကုမ္မဏီအဖြစ် Google ကို မဲပေးကြပါတယ်။ ရုံးထဲမှာလည်း စကားကွင်းလို လုပ်ထားပေမယ့် အစား အသောက်များကိုလည်း အခမဲ့ စားသုံးခွင့် ပေးပါတယ်။

ဒီထက် ထူးခြားတာ တစ်ခုကတော့ Google ရဲ့  ဝန်ထမ်း တစ်ဦး သေဆုံးရင် ကျန်ရှိတဲ့ သူ မိန်းမ သို့မဟုတ် ယောင်္ကျားက သူ့လစာ တစ်ဝက်ကို တစ်သက်လုံး ရမှာ ဖြစ်ပါတယ်။ အပြည့်တော့ မဟုတ်ပါဘူး။ တစ်ဝက် တိတိ ဖြစ်ပါတယ်။

ပြီးတော့ သားသမီး ရှိရင်လည်း အသက် ၁၉ နှစ်မပြည့်မချင်း ပညာသင် ထောက်ပံ့ကြေး အနေနဲ့ တစ်လကို ဒေါ်လာ ၁ထောင် ထောက်ပံ့ ပါတယ်။ အခြေအနေအချိန်ကို ကြည့်ပြီး လိုအပ်ရင် ထောက်ပံ့ကြေးကို အကန့်အသတ်တောင် မထားပါဘူး။ ဝန်ထမ်း ခင်ပွန်းသယ်က ဖျားနေတာမျိုး၊ ဆေးရုံတက်ရတာမျိုး ရှိရင်လည်း လစာကို ပုံမှန်ပေး ပါတယ်။ ထောက်ပံ့စရိတ်လည်း ပေးပါတယ်။

ယင်းအတွက် Google က အကျိုးအမြတ်မရပေမယ့် သက်သက်ကို ငွေကြေး အကုန်ကျခံလို့ ပြုလုပ်ပေးတဲ့ ပရဟိတ တစ်ခု ဖြစ်ကြောင်း သိရပါတယ်။
---
Ref: mashable

   05 January 2013  | 
    By ရိုးရာလေး

office googleကမ္ဘာ့ Facility ထောက်ပံမှု အကောင်းဆုံး ကုမ္မဏီအဖြစ် Google ကို မဲပေးကြပါတယ်။ ရုံးထဲ
မှာလည်း ကစားကွင်းလို လုပ်ထားပေမယ့် အစား အသောက်များကိုလည်း အခမဲ့ စားသုံးခွင့် ပေးပါတယ်။

အညတြသူရဲကောင်း ကိုဖြိုးဝေအောင်ကိုအလေးပြုခြင်း

အညတြသူရဲကောင်း ကိုဖြိုးဝေအောင်ကိုအလေးပြုခြင်း


ကိုဖြိုးဝေအောင်ဆုံးပြီတဲ့ ။ အဲဒီသတင်းဆိုးကိုဖတ်မိလိုက်တာနဲ့ ကျနော်မျက်ရည်ကျတယ် ။ ဖြတ်သန်းခဲ့ပြီးတဲ့ တော်လှန်ရေးခရီး ၂၄နှစ်ကျော်ကာလအတွင်းမှာ ရဲဘော်ရဲဘက်တွေ သေဆုံး-ကျဆုံးကြတာ အကြိမ်ကြိမ်ကြုံဘူး ၊ ဒီ လိုပဲ မျက်ရည်အကြိမ်ကြိမ်ကျဘူးခဲ့ပြီဆိုပေမဲ့ စိတ်ခံစားမှုက မရင့်ကျက်နိုင်သေးဘူး ။ နာကျင်ကြေကွဲမှုတွေနဲ့ နာကျည်းဒေါသဖြစ်ရမှုတွေဟာ အချိန်ကာလကြောင့်အနည်ထိုင်မသွားပဲ ထပ်ထပ်ပဲတိုးလာနေရတယ် ။

တကယ်ဆိုရင် ပညာတတ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ ကိုဖြိုးဝေအောင်ရဲ့ ၃၃နှစ်ဆိုတဲ့ အသက်အရွယ်ဟာ လူ့ ဘဝမှာ အကျန်းမာဆုံး ၊ မိသားစုဘဝကို အတည်ဆောက်နိုင်ဆုံး ဖြစ်ရမဲ့ အရွယ်ကောင်းပါ ။ မိဘ ၊ သားသမီးနဲ့ဇနီး ၊ အပေါင်းအသင်းမိတ်ဆွေတွေနဲ့ လူသားပီသစွာ ချမ်းမြေ့ပျော်ရွှင်နေနိုင်ရမဲ့ အရွယ်ကောင်းပါ ။ ခုလိုဝေဒနာဆိုးတွေခံ စားပြီး လူ့လောကကိုစွန့်ခွာသွားရမဲ့အချိန် မဟုတ်သေးပါဘူး ။ ခုတော့ သူ့အမေလည်း ငိုကြွေးနေရပြီ ။ သူ့ဇနီးလည်း ခိုကိုးရာမဲ့ပြီ ။ လူမမယ် သူ့သားနဲ့သမီးလေးနှစ်ယောက်လည်း အဖေခေါ်စရာမဲ့ခဲ့ရပြီ ။

ကိုဖြိုးဝေအောင်ကွယ်လွန်ခြင်းဟာ သာမန်သေဆုံးမှုမဟုတ်ဘူး ။ ဒီမိုကရေစီရေး ၊ လူ့အခွင့်အရေးနဲ့ ပြည်တွင်းငြိမ်း ချမ်းရေးတွေအတွက် စစ်အာဏာရှင်စနစ်ဆိုးတိုက်ဖျက်ရေးမှာ တစ်တပ်တစ်အားပါဝင်ရင်း တော်လှန်ရေးခရီးတစ်နေ ရာမှာ သူရဲကောင်းပီသစွာကျဆုံးခဲ့တာပဲဖြစ်တယ် ။

ဟုတ်တယ် ။ စစ်အာဏာရှင်တွေရဲ့စစ်ကြောရေးစခန်းက မတရားညှင်းပန်းနှိပ်စက်မှုမျိုးစုံတွေကြောင့်နဲ့ လူသားဖြစ် တည်မှုကိုတန်ဖိုးမထားတဲ့ အကျဉ်းထောင်ထဲကကျန်းမာရေးဥပေက္ခာပြုမှုတွေကြောင့် ကိုဖြိုးဝေအောင်ဟာ အချိန်မ တန်ခင်ကြွေလွင့်ခဲ့ရတာဖြစ်တယ် ။ ကိုဖြိုးဝေအောင်ကို စစ်အာဏာရှင်စနစ်က သတ်လိုက်တာပဲဖြစ်တယ် ။

ရန်ကုန်တိုင်းစစ်ဒေသမှုး ဗိုလ်မှုးကြီးအုန်းချို ၊ ဗိုလ်ကြီးသန့်စင်သိန်း ၊ ကြံ့ဖွတ်ဦးမောင်လေးတို့အပါအဝင် အာဏာပိုင် အသိုင်းအဝိုင်းတွေ သေဆုံးအထိအခိုက်များခဲ့တဲ့ ၂၀၁၀ခုနှစ် သင်္ကြန်မဏ္ဍပ်ဗုံးကွဲမှုမှာ ကိုယ်တိုင်ပါဝင်သူတစ်ယောက် ဖြစ်တယ်လို့ ၊ ရဲချုပ်ခင်ရီက သတင်းစာရှင်းပွဲမှာ ကမ္ဘာသိ တဘက်သတ်စွတ်စွဲပြောဆိုပြီး ခုခံချေပခွင့်မဲ့ မတရား သေဒါဏ်ချမှတ်ခံခဲ့ရတယ် ။ ထောင်ထဲမှာ တိုက်ပိတ်အကျဉ်းသားအဖြစ် တစ်ယောက်ထဲနေခဲ့ရတဲ့ ၂ နှစ်ကျော်ကာလ မှာ အသည်းရောဂါ ဖြစ်လာခဲ့တယ် ။ ထောင်ကို ဖိနှိပ်ရေးယန္တယားနဲ့ ၊ အနိုင်ကျင့်နှိပ်စက်ရေးဌာနအဖြစ်သာအသုံး ပြုတဲ့ စစ်အာဏာရှင်ခေတ်မှာ ထောင်ထဲမှာရောဂါဖြစ်ရင် ဘယ်အကျဉ်းသားမှ ဖြစ်လာတဲ့ရောဂါအတွက် လုံလောက် တဲ့ကျန်းမာရေးကုသမှု မရဘူး ။ အထူးသဖြင့် နိုင်ငံရေးသမားတွေကိုဆိုရင် နောင်ကျဉ်သွားအောင် ၊ မှတ်သွား အောင်ဆိုတာမျိုး ရည်ရွယ်ချက်ရှိရှိနဲ့ ဆေးကုသမှုမပေးပဲ ပစ်ထားတာမျိုးတွေ ပိုလုပ်တတ်တယ် ။ အဲဒီဒါဏ်ကို ကိုဖြိုးဝေအောင် အလူးအလဲခံခဲ့ရတယ် ။ သာမန် အသည်းရောဂါကနေ အသည်းကင်ဆာအဆင့်ဖြစ်လာခဲ့တယ် ။ နှိပ်စက်ခံထားရတာတွေ ၊ တိုက်ပိတ်ခံထားရတာတွေနဲ့ အသည်းကင်ဆာရောဂါတွေပေါင်းပြီး အောက်ပိုင်းသေဝေဒနာ သည်ဘဝကို ရောက်ခဲ့ရတယ် ။ ဆေးရုံတင်မကုရင် မဖြစ်တော့တဲ့အခြေအနေဆိုးကိုရောက်လို့ အင်းစိန်ဆေးရုံမှာ ဆေးကုသခွင့်ရပေမဲ့ အောက်ပိုင်းသေနေတဲ့လူတယောက်ရဲ့ခြေကို သံခြေကျင်းခတ်ပြီး ကုတင်တိုင်နဲ့သံကြိုးတွဲချည် နှောင်ထားတာမျိုး လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ခံခဲ့ရတယ် ။ မကျူးလွန်ခဲ့တဲ့အကြောင်းအရာအတွက် မတရား ချမှတ်ခံခဲ့ရတဲ့သေဒါဏ်အမိန့်ကို သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွှတ်ပေးလိုက်တယ်ဆိုပေမဲ့ ၊ ကိုဖြိုးဝေအောင် ထောင်ကလွတ်မြောက်လာတဲ့အချိန်မှာ အသည်းကင်ဆာရောဂါက တားဆီးမရနိုင်တော့အောင်ကျွမ်းနေပြီဖြစ်တယ် ။ ဒါကြောင့် ကျွန်တော် ခိုင်ခိုင်မာမာပြောရဲတယ် ။ နာနာကျည်းကျည်းပြောမယ် ။ ကိုဖြိုးဝေအောင်ကို စစ်အာဏာရှင်တွေ သတ်တာ…။ ဒါ..အသေအချာပဲ ။

ကိုဖြိုးဝေအောင်ဟာ နိုင်ငံရေးနယ်ပယ်ထဲမှာ ထင်ရှားသူတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး ။ ဒါပေမဲ့သူဟာ စစ်အာ ဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲတွေမှာ ပါဝင်ခဲ့တယ် ။ အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်ပေမဲ့ ဗုဒ္ဓဘာသာဘုန်းကြီး တွေရဲ့ ရွှေဝါရောင်တော်လှန်ရေးကို ထောက်ခံအားပေးပြီး ကိုယ်တိုင်ပါဝင်ခဲ့တယ် ။ မတရားစွတ်စွဲပြီး အမှုဆင်ဖမ်းဆီး ခံရချိန်မှာလည်း ကြောက်ရွံ့မနေခဲ့ဘူး ။ စစ်အာဏာရှင်တွေရဲ့အနိုင်ကျင့်နှိပ်စက်မှုတွေကို ရဲရဲဝံ့ဝံ့ဖေါ်ထုတ်ပြောကြားခဲ့ တယ် ။ အာဏာပိုင်တွေအသင့်ရေးထားပေးတဲ့ ညွှန်ကြားချက်စာရွက်ကိုလာဖတ်ပြယုံပဲဆိုရင် ဘယ်လိုအမှန်တရား ဖြစ်မှာလည်းလို့ တရားသူကြီးတွေကိုပြန်ပြောလို့ တရားရုံးကိုမထေမဲ့မြင်ပြုမှုဆိုတာမျိုးအရေးယူခံခဲ့ရတယ် ။ ထောင် ထဲမှာ တိုက်ပိတ်ခံထားရပေမဲ့လည်း အာဏာပိုင်တွေရဲ့မတရားမှု ၊ အကျဉ်းသားတွေရဲ့လူ့အခွင့်အရေးချိုးဖေါက်ခံနေရ မှုတွေကို လေ့လာမှတ်သားပြီး တစ်ချိန်မှာစာတမ်းပြုစုမယ်ဆိုတာမျိုးထိ ရည်မှန်းထားခဲ့တယ် ။ အဲဒီအချက်တွေကို မစ္စတာကင်တားနားနဲ့တွေ့ခွင့်ရခဲ့တဲ့အချိန်မှာလည်း ဖေါ်ထုတ်ပြောပြခဲ့တယ် ။ သေဒါဏ်ကနေ လွတ်ငြိမ်းချမ်းသာ ခွင့်ရခဲ့ပေမဲ့လည်း မတရားအမှုဆင်ခံခဲ့ရတာဖြစ်တယ်ဆိုတာကို အယူခံတင်ဖို့နဲ့ သူုအဖမ်းခံရတာဟာ အာဏာ ရှင်စနစ်ဆိုးကြောင့်ဖြစ်တယ်ဆိုတာ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ ကြိုးစားခဲ့တယ် ။ ဆိုးရွားလွန်းနေတဲ့ ကျန်းမာရေး အခြေအနေကြောင့်သာ မလုပ်ဖြစ်ခဲ့တာဖြစ်ပါတယ် ။ အဲဒီတော့ မြင်တွေ့ခဲ့ရတဲ့သမိုင်းတွေအရ ကိုဖြိုးဝေအောင်ဟာ အညတရသူရဲကောင်းတစ်ယောက်ဖြစ်တယ်လို့ ကျွန်တော် ဂုဏ်ပြုသတ်မှတ်ပါတယ် ။

ဒီမိုကရေစီ တော်လှန်ရေးကြီးမှာ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ ၊ ပါဝင်ဆောင်ရွက်နေဆဲဖြစ်တဲ့ ၊ ရဲဘော်ရဲဘက်အားလုံး ကလည်း ကိုဖြိုးဝေအောင်ကို စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ အညတရသူရဲကောင်းတစ် ယောက်အဖြစ် အသိအမှတ်ပြုပေးကြဖို့ ၊ ပြည်တွင်းပြည်ပအင်အားစုအားလုံးအနေနဲ့ ကျန်ရစ်သူမိသားစုကို ကူညီပံပိုး အားပေးကြဖို့ တိုက်တွန်းနှိုးဆော်ပါတယ် ။

ကိုဖြိုးဝေအောင်ဟာ သူ့အတွက်အမှန်တရားမရရှိခင် ၊ သူ့ပြည်သူတွေအတွက် အမှန်တရားမရရှိခင် ကျဆုံးခဲ့ရတာ ဖြစ်တယ် ။ ကိုဖြိုးဝေအောင်ကို သတင်းစာရှင်းပွဲကနေ မတရားစွတ်စွဲခဲ့တဲ့ ရဲချုပ်ဗိုလ်မှုးချုပ်ခင်ရီက စစ်တပ်ကနေရဲ ၊ ရဲကနေ ဝန်ကြီးဘဝပြောင်းနေတယ် ။ အဲဒီအချိန်မှာ အမိန့်တွေပေးခဲ့တဲ့ နအဖစစ်အာဏာရှင်တွေက စစ်ယူနီဖေါင်း တွေချွတ်ပြီး လွှတ်တော်ထဲမှာ နေရာအမျိုးမျိုးယူထားကြတယ် ။ စစ်အာဏာရှင်တွေရဲ့ လုပ်နည်းလုပ်ဟန်မပျက် မတရားဖမ်းဆီးထောင်ချမှုတွေ ၊ လက်ပန်းတောင်သံဃာတွေကို မီးလောင်ဗုံးပစ်နှိမ်နှင်းမှုမျိုး အကြမ်းဖက်အနိုင်ကျင့် မှုတွေ ၊ ကချင်တိုင်းရင်းသားတွေနဲ့ ပြည်တွင်းစစ်မှာ တိုက်လေယာဉ်တွေသုံးထိုးစစ်ဆင်တာမျိုးတွေ ကျူးလွန်နေကြ ဆဲပါပဲ ။ ဒါကြောင့် စစ်အာဏာရှင်စနစ်ရှိနေဆဲပဲဖြစ်တယ် ။ ကိုဖြိုးဝေအောင်လို မကြွေသင့်ပဲကြွေခဲ့ရတဲ့ ၊ စစ်အာဏာ ရှင်စနစ်ရဲ့ဒါဏ်ကိုခံကြရတဲ့သူတွေ ၊ ကိုဖြိုးဝေအောင်လို အညတရသူရဲကောင်းတွေ အများကြီးကြုံတွေ့ကြရဦးမှာ ဖြစ်တယ် ။ ဒီအတွက် အသက်မသေရှင်ကျန်ရစ်နေသေးတဲ့ ကျွန်တော်တို့တတွေအနေနဲ့လည်း စစ်အာဏာရှင်စနစ် တည်ရှိနေသေးသမျှ တစ်ထောင့်တစ်နေရာကနေ တပ်စွမ်းသမျှ တိုက်ပွဲဝင်နေကြရဦးမှာပဲဖြစ်တယ် ။

“ ငါတို့သည် တိုက်ပွဲဝင်ရဲဘော်များနှင့် ကျဆုံးခဲ့သောရဲဘော်များအပေါ် သစ္စာရှိပါမည်” ဆိုတဲ့ အဓိဌာန်ကို ခိုင်ခိုင်မာမာ ဆက်လက်ရွတ်ဆိုရင်း ကိုဖြိုးဝေအောင်ကို အလေးပြုဦးညွတ်လိုက်ပါတယ် ။ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲကာ လတစ်လျှောက် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် သေဆုံး-ကျဆုံးခဲ့ကြရသော တိုက်ပွဲဝင်သူရဲကောင်းအပေါင်းကိုလည်း ထပ်တူ အလေးပြုအပ်ပါတယ် ။

မောင်ကျောင်းသား

ကိုဖြိုးဝေအောင်ဆုံးပြီတဲ့ ။ အဲဒီသတင်းဆိုးကိုဖတ်မိလိုက်တာနဲ့ ကျနော်မျက်ရည်ကျတယ် ။ ဖြတ်သန်းခဲ့ပြီး
တဲ့ တော်လှန်ရေးခရီး ၂၄နှစ်ကျော်ကာလအတွင်းမှာ ရဲဘော်ရဲဘက်တွေ သေဆုံး-ကျဆုံးကြတာ အကြိမ်
ကြိမ်ကြုံဘူး ၊ဒီလိုပဲ မျက်ရည်အကြိမ်ကြိမ်ကျဘူးခဲ့ပြီဆိုပေမဲ့ စိတ်ခံစားမှုကမရင့်ကျက်နိုင်သေးဘူး ။နာကျင်
ကြေကွဲမှုတွေနဲ့ နာကျည်းဒေါသဖြစ်ရမှုတွေဟာအချိန်ကာလကြောင့်အနည်ထိုင်မွားပဲထပ်ထပ်ပဲတိုးလာ
နေရတယ် ။

iPhone 5S မတိုင်မီ Galaxy S4 လာတော့မည်

iPhone 5S မတိုင်မီ Galaxy S4 လာတော့မည်


လွန်ခဲ့ပြီးသော (၇)လလောက်၊ မေလမှာကတည်းက Samsung ကုမ္ပဏီက Galaxy S3လို့ အမည်ပေးထားသည့် စမတ်ဖုန်းကို ဖြန့်ချိခဲ့ပါတယ်။ ဒါပေမဲ့ ကိုရီးယား လျှပ်စစ်ကုမ္ပဏီကြီးများက ၄င်းတို့ အကျိုးဆက်ရလဒ်များကို ပွဲထုတ်ရန် အဆင့်သင့်ရှိပြီး ဖြစ်နေတာကြောင့် ဇန်န၀ါရီလ (၈)ရက်မှ (၁၀) ရက်နေ့အတွင်း ကျင်းပမည့် Consumer Electronics Show (CES) 2013မှာ မိတ်ဆက်ပေးလိမ့်မည်လို့ အင်တာနက် သတင်းများဌာနများမှ
ကောလဟာလများ ထွက်ရှိလျှက် ရှိပါတယ်။ Samsung ကုမ္ပဏီရဲ့
Tomorrow Blog အရဆိုရင်တော့ ဆမ်ဆောင်းမှ တစုံတရာသော ပစ္စည်းကို CES 2013မှာ မိတ်ဆက်ပေးမှာ သေချာသလောက် ရှိနေပါတယ်။

The Korea Time စက်တင်ဘာလထုတ်မှာ ပါဝင်တဲ့ ထင်ကြေး
ပေးထားချက်တွေကတော့ Galaxy S4ကို ဖေဖော်ဝါရီလတွင် ကျင်းပမည့် Mobile World Congressတွင် ပွဲထုတ်လိမ့်မယ်လို့ ဖော်ပြထားသော်လည်း CES ပွဲမှာ မကြေငြာတော့ဘူးလို့ မည်သူမှ မဆိုနိုင်ပါဘူး။

ဘာကြောင့်လဲဆိုတော့ ဒီကောလဟာလတွေဟာ လွန်ခဲ့တဲ့ စက်တင်ဘာလက iPhone 5 ပစ္စည်းပြတ်သွားသည့်အချိန်ထဲက ရှိနေခဲ့လို့ ဖြစ်ပြီး ယခုလို နှစ်သစ်မှာ နောက်ထပ် ကောလဟာလ ဖြစ်တဲ့ iPhone 5S မထွက်ခင်မှာ Appleရဲ့ ဈေးကွက်ကို ရယူဖို့ အကောင်းဆုံး အချိန်ဖြစ်နေလို့ပါပဲ။

အင်တာနက်ပေါ်မှ နောက်ဆုံးထွက် ကောလဟာလ သတင်းများ
အရတော့ ဆမ်ဆောင်း Galaxy S4ကို မကွဲနိုင်သော ဖန်သားပြင်ဖြင့်
ဖန်တီးထုတ်လုပ်ထားသည်ဟု ဆိုပါတယ်။ ဒီထက့် ပိုတဲ့ အသေးစိတ်
အချက်အလက်များကို သိချင်ရင်တော့ ရက်ပိုင်းလေး စောင့်လိုက်ရုံဖြင့် အဖြေထွက်လာပါလိမ့်မည်လို့ ဆမ်ဆောင်း ပရိသတ်များကို ကျီစား
လိုက်ရပါတယ်။

Myanmar ICT
Photo: iPhone 5S မတိုင်မီ Galaxy S4 လာတော့မည် Saturday, January 05, 2013 လွန်ခဲ့ပြီးသော (၇)လလောက်၊ မေလမှာကတည်းက Samsung ကုမ္ပဏီက Galaxy S3လို့ အမည်ပေးထားသည့် စမတ်ဖုန်းကို ဖြန့်ချိခဲ့ပါတယ်။ ဒါပေမဲ့ ကိုရီးယား လျှပ်စစ်ကုမ္ပဏီကြီးများက ၄င်းတို့ အကျိုးဆက်ရလဒ်များကို ပွဲထုတ်ရန် အဆင့်သင့်ရှိပြီး ဖြစ်နေတာကြောင့် ဇန်န၀ါရီလ (၈)ရက်မှ (၁၀) ရက်နေ့အတွင်း ကျင်းပမည့် Consumer Electronics Show (CES) 2013မှာ မိတ်ဆက်ပေးလိမ့်မည်လို့ အင်တာနက် သတင်းများဌာနများမှ ကောလဟာလများ ထွက်ရှိလျှက် ရှိပါတယ်။ Samsung ကုမ္ပဏီရဲ့ Tomorrow Blog အရဆိုရင်တော့ ဆမ်ဆောင်းမှ တစုံတရာသော ပစ္စည်းကို CES 2013မှာ မိတ်ဆက်ပေးမှာ သေချာသလောက် ရှိနေပါတယ်။ The Korea Time စက်တင်ဘာလထုတ်မှာ ပါဝင်တဲ့ ထင်ကြေး ပေးထားချက်တွေကတော့ Galaxy S4ကို ဖေဖော်ဝါရီလတွင် ကျင်းပမည့် Mobile World Congressတွင် ပွဲထုတ်လိမ့်မယ်လို့ ဖော်ပြထားသော်လည်း CES ပွဲမှာ မကြေငြာတော့ဘူးလို့ မည်သူမှ မဆိုနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကောလဟာလတွေဟာ လွန်ခဲ့တဲ့ စက်တင်ဘာလက iPhone 5 ပစ္စည်းပြတ်သွားသည့်အချိန်ထဲက ရှိနေခဲ့လို့ ဖြစ်ပြီး ယခုလို နှစ်သစ်မှာ နောက်ထပ် ကောလဟာလ ဖြစ်တဲ့ iPhone 5S မထွက်ခင်မှာ Appleရဲ့ ဈေးကွက်ကို ရယူဖို့ အကောင်းဆုံး အချိန်ဖြစ်နေလို့ပါပဲ။ အင်တာနက်ပေါ်မှ နောက်ဆုံးထွက် ကောလဟာလ သတင်းများ အရတော့ ဆမ်ဆောင်း Galaxy S4ကို မကွဲနိုင်သော ဖန်သားပြင်ဖြင့် ဖန်တီးထုတ်လုပ်ထားသည်ဟု ဆိုပါတယ်။ ဒီထက့် ပိုတဲ့ အသေးစိတ် အချက်အလက်များကို သိချင်ရင်တော့ ရက်ပိုင်းလေး စောင့်လိုက်ရုံဖြင့် အဖြေထွက်လာပါလိမ့်မည်လို့ ဆမ်ဆောင်း ပရိသတ်များကို ကျီစား လိုက်ရပါတယ်။

အေးချမ်းမွန်မှ   Myanmar ICT တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

လွန်ခဲ့ပြီးသော (၇)လလောက်၊ မေလမှာကတည်းက Samsung ကုမ္ပဏီက Galaxy S3လို့ အမည်ပေးထား
သည့် စမတ်ဖုန်းကို ဖြန့်ချိခဲ့ပါတယ်။ ဒါပေမဲ့ ကိုရီးယား လျှပ်စစ်ကုမ္ပဏီကြီးများက ၄င်းတို့ အကျိုးဆက်ရ
လဒ်များကို ပွဲထုတ်ရန် အဆင့်သင့်ရှိပြီး ဖြစ်နေတာကြောင့် ဇန်န၀ါရီလ (၈)ရက်မှ (၁၀) ရက်နေ့အတွင်း ကျင်းပမည့် Consumer Electronics Show (CES) 2013မှာ မိတ်ဆက်ပေးလိမ့်မည်လို့ အင်တာနက် သတင်း
များဌာနများမှကောလဟာ