Pages

Saturday, January 5, 2013

ဒေါ်အောင်ဆန်းစုကြည် ၏ လွတ်လပ်ရေးနေ့ မိန့်ခွန်း . .

ဒေါ်အောင်ဆန်းစုကြည် ၏ လွတ်လပ်ရေးနေ့ မိန့်ခွန်း . .
***********************************
လွတ်လပ်ရေးနေ့မှာ လွတ်လပ်ရေး အဓိပ္ပာယ်ကို အမြဲ ပြန်သုံးသပ်ဖို့ လိုမယ်လို့ ကျွန်မထင်ပါတယ်။ လွတ်လပ်ရေးဆိုတာ ဗမာလိုကျတော့ လွတ်လပ်ရေးလို့ပဲ ခေါ်တာပေါ့။ အင်္ဂလိပ်ဘာသာမှာကျတော့ နိုင်ငံတစ်နိုင်ငံရဲ့ လွတ်လပ်ရေးရတဲ့နေ့ဆိုရင် Independence Day လို့ ခေါ်တယ်။ လွတ်လပ်တယ်ဆိုတာနဲ့ Freedom နဲ့ နည်းနည်း ကွာခြားတယ်ဆိုတာကို ကျွန်မထောက်ပြချင်ပါတယ်။ Independence ဆိုတဲ့ အဓိပ္ပာယ်ကတော့ ကိုယ့်အားကိုယ်ကိုးနိုင်တာ ကိုယ့်ခြေထောက်ပေါ်ကိုယ် မတ်မတ်ရပ်နိုင်တာ။ လူလားမြောက်လာတယ်ဆိုတဲ့ အခြေအနေဆိုတဲ့ သဘောတရားလည်း ပါပါတယ်။ လွတ်လပ်ရုံနဲ့ မကပါဘူး။ ရိုးရိုး လွတ်လပ်ပြီးတော့ ကိုယ့်ရဲ့ခြေ ထောက်ပေါ် မတ်တပ်မရပ်နိုင်ဘူး၊ ကိုယ့်အားကိုယ် မကိုးနိုင်ဘူး။ သူများကို မှီတင်းနေရတယ်ဆိုရင် လွတ်လပ်တယ်ဆိုပြီးတော့ နိုင်ငံရေးအရ ပြောလို့မရပါဘူး။ ကျွန်မတို့နိုင်ငံဟာ တကယ်လွတ်လပ်တဲ့ နိုင်ငံဖြစ်ပြီလားဆိုရင် ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားအားလုံး လူလားမြောက်ဖို့ လိုပါတယ်။ နိုင်ငံသူနိုင်ငံသားများ လူလားမြောက်မှ နိုင်ငံတော် လူလားမြောက်တယ်လို့ ပြောနိုင်မှာပါ။ နိုင်ငံလူလားမြောက်မှ တကယ်လွတ်လပ်တယ်လို့ ပြောနိုင်မှာပါ''ဟု ပြောကြားခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ ''ဒီနိုင်ငံမှာ ပဋိပက္ခပေါင်းများစွာ ရှိတယ်ဆိုတာ အများသိပြီးသား ဖြစ်ပါတယ် ပဋိပက္ခ ဖြေရှင်းရေးအခြေခံက တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားဖို့ ဖြစ်တယ်။ ကိုယ်နဲ့မတူတဲ့ အတွေးခေါ်တွေကို မလေးစားနိုင်ရင် ကိုယ်နဲ့မတူတဲ့ အတွေးအခေါ်တွေကို နားလည်မှုမပေးနိုင်ရင် ကျွန်မတို့ဟာ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ မထူထောင်နိုင်ပါဘူး''
ဒေါ်အောင်ဆန်းစုကြည်
(04.01.2013)

http://tunwai-states.blogspot.jp/2013/01/blog-post_2909.html

လွတ်လပ်ရေးနေ့မှာလွတ်လပ်ရေးအဓိပ္ပာယ်ကိုအမြဲ ပြန်သုံးသပ်ဖို့ လိုမယ်လို့ကျွန်မထင်ပါတယ်။လွတ်လပ်
ရးဆိုတာ ဗမာလိုကျတော့ လွတ်လပ်ရေးလို့ပဲ ခေါ်တာပေါ့။အင်္ဂလိပ်ဘာသာမှာကျတော့ နိုင်ငံတစ်နိုင်ငံရဲ့ 
လွတ်လပ်ရေးရတဲ့နေ့ဆိုရင် Independence Day လို့ ခေါ်တယ်။ လွတ်လပ်တယ်ဆိုတာနဲ့ Freedom နဲ့ နည်း
နည်း ကွာခြားတယ်ဆိုတာကို ကျွန်မထောက်ပြချင်ပါတယ်။ Independence ဆိုတဲ့ အဓိပ္ပာယ်ကတော့ ကိုယ့်အားကိုယ်ကိုးနိုင်တာ ကိုယ့်ခြေထောက်ပေါ်ကိုယ်မတ်မတ်ရပ်
နိုင်တာ။ လူလားမြောက်လာတယ်ဆိုတဲ့ အခြေအနေဆိုတဲ့ သဘောတရားလည်း ပါပါတယ်။ လွတ်လပ်ရုံနဲ့ မ
ကပါဘူး။ ရိုးရိုး လွတ်လပ်ပြီးတော့ ကိုယ့်ရဲ့ခြေ ထောက်ပေါ်မတ်တပ်မရပ်နိုင်ဘူး၊ကိုယ့်အားကိုယ်မကိုးနိုင်ဘူး
။သူများကို မှီတင်းနေရတယ်ဆိုရင် လွတ်လပ်တယ်ဆိုပြီးတော့ နိုင်ငံရေးအရ ပြောလို့မရပါဘူး။ 
 
ကျွန်မတို့နိုင်ငံဟာ တကယ်လွတ်လပ်တဲ့ နိုင်ငံဖြစ်ပြီလားဆိုရင် ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားအားလုံးလူလား
မြောက်ဖို့ လိုပါတယ်။ နိုင်ငံသူနိုင်ငံသားများ လူလားမြောက်မှ နိုင်ငံတော် လူလားမြောက်တယ်လို့ ပြောနိုင်
မှာပါ။ နိုင်ငံလူလားမြောက်မှ တကယ်လွတ်လပ်တယ်လို့ ပြောနိုင်မှာပါ''ဟု ပြောကြားခဲ့ပါသည်။

ဆက်လက်၍ နိုင်ငံတွင်း ဖြစ်ပွားနေသောပဋိပက္ခများနှင့်ပတ်သက်၍ ''ဒီနိုင်ငံမှာပဋိပက္ခပေါင်းများစွာရှိတယ်
ဆိုတာအများသိပြီးသား ဖြစ်ပါတယ်ပဋိပက္ခ ဖြေရှင်းရေးအခြေခံကတစ်ဦးနဲ့တစ်ဦးအပြန်အလှန်လေးစားဖို့
ဖစ်တယ်။ ကိုယ်နဲ့မတူတဲ့ အတွေးခေါ်တွေကိုမလေးစားနိုင်ရင်ကိုယ်နဲ့မတူတဲ့အတွေးအခေါ်တွေကို နားလည်
မှုမပေးနိုင်ရင် ကျွန်မတို့ဟာ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ မထူထောင်နိုင်ပါဘူး''

ဒေါ်အောင်ဆန်းစုကြည်

0 comments:

Post a Comment