Pages

Saturday, January 5, 2013

ဖုန်းပြောနေခြင်းကို နှောင့်ယှက်သဖြင့် ကျောင်းသားတွေကို ရိုက်ခဲ့သည့်ဆရာမ ကျောင်းထုတ်ခံရ

ဖုန်းပြောနေခြင်းကို နှောင့်ယှက်သဖြင့် ကျောင်းသားတွေကို ရိုက်ခဲ့သည့်ဆရာမ ကျောင်းထုတ်ခံရ


နယူးယော့ခ်၊ ဘရွတ်ကလင်အရပ်ရှိ PS 238 အစိုးရကျောင်းတွင် ဖုန်းအလွန်ပြောလေ့ရှိသော ဆရာမတစ်ဦး သည် အတန်းတွင်းရှိ အသက် ၈ နှစ်နှင့် ၉ နှစ်အရွယ် ကလေးများကို သူဖုန်းပြောနေစဉ် ဆော့ကစားကာ ဆူညံနေသဖြင့် “ပါးစပ်တွေ ပိတ်ထားစမ်း” ဟုအော်ခဲ့ကြောင်း၊ ထို့နောက် ဖုန်းဆက်ပြောနေစဉ် ကလေးများ ဆူညံလာသဖြင့် တစ်တန်းလုံးကို ရိုက်ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ပြောကြားခဲ့သည်။

တတိယတန်းအဆင့်တွင် တာဝန်ယူ သင်ကြားနေရသည် ထိုဆရာမသည် စကားအလွန်ပြောသူဖြစ်ကြောင်း၊ တစ်နေကုန် ဖုန်းဖြင့် စကားပြောနေ
တတ်ကြောင်း ကျောင်းသားများနှင့်၊ ဆရာ ဆရာမများက ၀န်ခံ ပြောဆို ကြသည်။ ဆရာမသည် အသက် ၆၇ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး အငြိမ်းစားယူထားသော်လည်း ကျောင်းမှ ပြန်ခေါ်ကာ စာသင်ခိုင်းထား
သူဖြစ်သည်ဟု သိရသည်။

ဆရာမသည် ကျောင်းသားများကို သူဖုန်းပြောနေစဉ် ဆူညံနေသဖြင့် ရိုင်းစိုင်းစွာ ဆဲဆိုခဲ့ကြောင်း၊ ထို့ပြင် အတန်းရှေ့သို့ထွက်လာပြီး တစ်ရှူးလာယူသည့် ကျောင်းသားတစ်ယောက်ကိုလည်း ခြေထိုးခံလိုက်
သဖြင့် ထိုကျောင်းသား လဲကျသွားခဲ့ကြောင်း၊ ထိုကျောင်းသား၏
ဆံပင်ကိုလည်း ဆွဲဆောင့်ခဲ့ကြောင်း၊ စာသင်ချိန်တွင် နာရီဝက်လောက်
အထိ စကားပြောလေ့ရှိကြောင်း ကျောင်းသားများက စုံစမ်းစစ်ဆေးရေး
အဖွဲ့သို့ ပြောကြားခဲ့ သည်။

ထိုဆရာမသည် သိပ္ပံဘာသာပြဆရာမဖြစ်ပြီး ၂၀၀၂ ခုနှစ်ကတည်းက ပင်စင်ယူသွားခဲ့ပြီးဖြစ်သော်လည်း ကျောင်းအာဏာပိုင်များက ဆရာ မရှိသဖြင့် ဆက်လက်တာဝန်ထမ်းဆောင်စေခဲ့ကြောင်း၊ မိဘများက ထိုဆရာမကို ရိုင်းစိုင်းကြမ်းတမ်းသဖြင့် အစကတည်းက မနှစ်သက်
ကြကြောင်း သိရသည်။

ဆရာမက သူဖုန်းဆက်သည်မှာ ၂ မိနစ်ခန့်သာဖြစ်ကြောင်း၊ ဆေးရုံသို့ ကျန်းမာရေးကိစ္စဖြင့် ဆက်ခြင်းဖြစ် ကြောင်း ပြောကြားသော်လည်း
ကျောင်းအာဏာပိုင်များက သူမကို အနားယူခိုင်းလိုက်ပြီဟု သိရသည်။

အေးချမ်းမွန်မှ  မောက္ခ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်


နယူးယော့ခ်၊ ဘရွတ်ကလင်အရပ်ရှိ PS 238 အစိုးရကျောင်းတွင်ဖုန်းအလွန်ပြောလေ့ရှိသောဆရာမတစ်ဦး 
သည် အတန်းတွင်းရှိ အသက် ၈ နှစ်နှင့် ၉ နှစ်အရွယ် ကလေးများကို သူဖုန်းပြောနေစဉ် ဆော့ကစားကာ ဆူညံနေသဖြင့် “ပါးစပ်တွေ ပိတ်ထားစမ်း” ဟုအော်ခဲ့ကြောင်း၊ ထို့နောက် ဖုန်းဆက်ပြောနေစဉ်ကလေးများ
ဆူညံလာသဖြင့် တစ်တန်းလုံးကို ရိုက်ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ပြောကြားခဲ့သည်။
တတိယတန်းအဆင့်တွင် တာဝန်ယူ သင်ကြားနေရသည် ထိုဆရာမသည် စကားအလွန်ပြောသူဖြစ်ကြောင်း၊ တစ်နေကုန် ဖုန်းဖြင့် စကားပြောနေတတ်ကြောင်း ကျောင်းသားများနှင့်၊ ဆရာ ဆရာမများက ၀န်ခံ ပြောဆို ကြသည်။ ဆရာမသည် အသက် ၆၇ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး အငြိမ်းစားယူထားသော်လည်း  ကျောင်းမှ ပြန်
ခ်ါကာ စာသင်ခိုင်းထားသူဖြစ်သည်ဟု သိရသည်။

ဆရာမသည် ကျောင်းသားများကို သူဖုန်းပြောနေစဉ် ဆူညံနေသဖြင့် ရိုင်းစိုင်းစွာ ဆဲဆိုခဲ့ကြောင်း၊ ထို့ပြင် အတန်းရှေ့သို့ထွက်လာပြီးတစ်ရှူးလာယူသည့် ကျောင်းသားတစ်ယောက်ကိုလည်း ခြေထိုးခံလိုက်သဖြင့် ထို
ကျာင်းသား လဲကျသွားခဲ့ကြောင်း၊ ထိုကျောင်းသား၏ဆံပင်ကိုလည်း ဆွဲဆောင့်ခဲ့ကြောင်း၊ စာသင်ချိန်တွင် နာရီဝက်လောက်အထိ စကားပြောလေ့ရှိကြောင်း ကျောင်းသားများက စုံစမ်းစစ်ဆေးရေးအဖွဲ့သို့ ပြောကြား
ခဲ့ သည်။

ထိုဆရာမသည် သိပ္ပံဘာသာပြဆရာမဖြစ်ပြီး ၂၀၀၂ ခုနှစ်ကတည်းက ပင်စင်ယူသွားခဲ့ပြီးဖြစ်သော်လည်း ကျောင်းအာဏာပိုင်များက ဆရာ မရှိသဖြင့် ဆက်လက်တာဝန်ထမ်းဆောင်စေခဲ့ကြောင်း၊ မိဘများက ထိုဆရာမကို ရိုင်းစိုင်းကြမ်းတမ်းသဖြင့် အစကတည်းက မနှစ်သက်ကြကြောင်း သိရသည်။

ဆရာမက သူဖုန်းဆက်သည်မှာ ၂ မိနစ်ခန့်သာဖြစ်ကြောင်း၊ ဆေးရုံသို့ ကျန်းမာရေးကိစ္စဖြင့် ဆက်ခြင်းဖြစ်
ကြာင်း ပြောကြားသော်လည်းကျောင်းအာဏာပိုင်များက သူမကို အနားယူခိုင်းလိုက်ပြီဟု သိရသည်။

 မောက္ခသတင်း

0 comments:

Post a Comment