Pages

Saturday, January 5, 2013

သမ္မတထံ အိတ်ဖွင့်ပေးစာရေးခဲ့ သည့် မောင်ခိုင်ခန့်(အမျိုးသားစာပေဆု) ရိုက်နှက်ခံရ


၂၀၁၀ ရွေးကောက်ပွဲပြီးနောက် နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာများရေးသားခဲ့ပြီး ပထမဆုံး လုံးချင်းစာအုပ် ထုတ်ခဲ့သူ မြန်မာနိုင်ငံစာရေးဆရာအသင်း ဗဟိုအလုပ်အမှုဆောင် မောင်ခိုင်ခန့် (အမျိုးသားစာပေဆု)သည် ဒီဇင်ဘာ ၂၉ ရက်ညတွင် ရိုက်နှက်ခံရ၍ ရန်ကုန်ဆေးရုံကြီး အရေးပေါ်သို့တက်ရောက်ခဲ့ရကြောင်း သတင်းရရှိသည်။ ရိုက်နှက်ခံရသည့်ညပိုင်းတွင်၎င်းကိုယ်တိုင်မန်မာသံတော်ဆင့်သို့တယ်လီဖုန်းဖြင့် ဆက်သွယ်အကြာင်းကြား ခဲ့ရာ ““လွန်လွန်းအားကြီးလို့ ဖုန်းဆက်ရတာပါ။ ကိုယ့်ကို စော်ကားတာနှစ်ခါရှိပြီ။

မိန်းမနဲ့ ကလေးကို သွားခေါ်ရင်း အရိုက်ခံရတာ။ ဒီလူတွေက တစ်ချိန်က ကိုယ်ပဲ ကျွေးမွေးခဲ့ရတာပါ””ဟု ဦးခိုင်ခန့်ကပြောသည်။ ဇန်န၀ါရီ ၁ ရက်တွင် ဆေးရုံမှဆင်းခဲ့ပြီဖြစ်ကြောင်း၊ ခပ်၀၀လူတစ်ယောက်နှင့် ရဲတစ်ယောက်လာ၍ ဆေးစစ်ချက်ယူကြောင်း ၄င်းက ထပ်မံ၍ ပြောကြားခဲ့သည်။

ဦးခိုင်ခန့်သည် ယခင် န၀တအစိုးရခေတ်က ၀န်ကြီးအချို့၏ မိန့်ခွန်းများကို နောက်ကွယ် မှ ရေးသား ဖူးပြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဌာနချုပ် ပညာရေးရာဌာနမှူးဟောင်းတစ်ဦးလည်းဖြစ်ကာ လက်ရှိတွင် စာရေးဆရာအလုပ်ဖြင့်သာ အသက်မွေးဝမ်းကျောင်း လျက်ရှိကြောင်း သိရသည်။
 

မန်မာသံတော်ဆင့်
 

0 comments:

Post a Comment