Pages

Saturday, January 5, 2013

သိန်း(၁၅၀)၀န်းကျင် အရစ်ကျ Provox ကားများ အရောင်းသွက်နေ

သိန်း(၁၅၀)၀န်းကျင် အရစ်ကျ Provox ကားများ အရောင်းသွက်နေ

မြတ်မိုးကျော်( မြစ်မခ)

ရန်ကုန်ကားဈေးကွက်တွင်း Provox အမျိုးအစား CNG(Original)ကားများမှာ အရောင်းအ၀ယ် နည်းပါးလျှက်ရှိပြီး အရစ်ကျရောင်း ချပေးနေသည့် ကျပ်သိန်း ၁၅၀ ၀န်းကျင်ကားများသာ အရောင်း အ၀ယ်ဖြစ်ပေါ်လျှက်
ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

"Provox အရင်က လူကြိုက်များခဲ့တယ်။ အခုက ဈေးလည်း ၁၀သိန်း
ကျော်ကျော်လောက်ကို ဈေးကျ လာတာတောင် အရောင်းအ၀ယ်အေးတယ်။ အရစ်ကျရောင်းနေတဲ့ သိန်း ၁၅၀ ၀န်းကျင် ကားတွေ ကတော့ အရောင်း
သွက်နေတယ်။"ဟု သင်္ကန်းကျွန်းမြို့နယ်၊ Car Show Room တစ်ခုမှ မန်နေဂျာ ကိုမင်းထက်ကိုက ပြောသည်။

လက်ရှိတွင် Provox van(2 WD)၊ 1500 CC သည် CNG(original)
ဖြစ်သော်လည်း လူစိတ်ဝင်စားမှု နည်းပါးကြောင်း၊ Provox Van Dx(2 WD) 1300CC ၊ Petrol နှင့် Provox Van Dx(2 WD) ၊ ဒီဇယ် ကားများသာ စိတ်ဝင်စားဝယ်ယူမှုများပြားနေကြောင်း ကိုလည်း ၄င်းက ဆက်ပြောသည်။

Car Show Room များမှ အရစ်ကျရောင်းချပေးနေသော ကားများသည် ကာလတန်ဖိုး၏ ၃၀ % ကို ချေပြီး ကားပိုင်ဆိုင်မှ ကျန် ငွေများကို (၁) နှစ်မှ (၃) နှစ်အတွင်း ပေးချေကြရကြောင်း သိရှိရ သည်။

အဆိုပါ စနစ်ကိုဘဏ်များနှင့် ချိတ်ဆက်၍ ၀န်ဆောင်မှုပေးခြင်းဖြစ်ကြောင်း၊ အရစ်ကျစနစ်များ ကြောင့် ကားဈေးကွက်တွင်း လက်ငင်းငွေပေးချေဝယ်ယူမူ နည်းပါးလာခြင်းဖြစ်နိုင်ကြောင်း ကားရောင်း ၀ယ်ရေးလုပ်ငန်းရှင် အချို့က သုံးသပ်ကြသည်။

Provox ကားအမျိုးအစားများထဲတွင် ကျပ်သိန်း ၂၀၀ ၀န်းကျင်ရှိ
မော်ဒယ်များကို စိတ်ဝင်စားမူနည်းပါးကာ ကျပ် သိန်း (၁၃၀)နှင့် (၁၅၀) ၀န်ကျင်းရှိ ကားများသာ အရောင်း အ၀ယ်ဖြစ်ပေါ်လျက်ရှိကြောင်း၊
Provox Van Dx (2WD) 1300CC (ဓာတ်ဆီ) အမျိုးအစားသည် ၂၀၁၂ခုနှစ် နှစ်ကုန်းပိုင်းအတွင်း ကျပ် သိန်း ၁၃၀ ၀န်းကျင်ရှိခဲ့ပြီး
ယခု ၂၀၁၃ခုနှစ် ဇန်န၀ါရီလဆန်း ပိုင်းအတွင်း ကျပ်သိန်း (၁၂၀)သို့ ကျဆင်းခဲ့ကြောင်း ဈေးကွက်တွင်းက သိရှိရသည်။

အလားတူ Provox (ဒီဇယ်)ကားများသည် ကျပ်သိန်း (၁၆၀)၀န်းကျင်ရှိခဲ့ရာမှ ဇန်န၀ါရီလပိုင်းအတွင်း ကျပ်သိန်း (၁၄၅)သိန်းသို့ ကျဆင်းခဲ့ကြောင်း သိရှိရသည်။

"ဒီမှာ အရောင်းအ၀ယ်ကတော့ အေးနေတာပါပဲ၊ ဒါပေမဲ့ အခုနောက်ပိုင်း Town Ace တွေတော့ နည်းနည်းအရောင်းအ၀ယ်ရှိတယ် ၊ ဈေးတွေ
ကတော့ ၉၆ မော်ဒယ်ဆိုရင် ၁၀၀ သိန်း၊ ၂၀၀၁ မော်ဒယ်ဆိုရင် ၁၀၈ သိန်းလောက်ရှိတယ်။ ဒါပေမဲ့ သိန်း ၁၀၀ နဲ့ ၁၂၀ အတွင်း ကားတွေပဲ အရောင်းဖြစ်တယ်"ဟု ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်မှ ပြောသည်။

Car Show Room အချို့တွင် မော်ဒယ်အသစ်ကားများကို တင်သွင်းနိုင်မူ
မရှိပဲ ယခင်တင်သွင်းထား သော ကားများကိုသာ ရောင်းချနေရကြောင်း၊
မော်ဒယ်သစ်ကားများ ဆက်လက်တင်သွင်းလာပါက Show Room လုပ်ငန်းများ ထိခိုက်မှု များရှိလာနိုင်ကြောင်း သင်္ကန်းကျွန်းမြို့နယ် Car Show Room ဖွင့်လှစ်ထားသူလုပ်ငန်းရှင်တစ်ဦးက ၄င်းအမြင်ကို သုံးသပ်ပြောဆိုသည်။


အေးချမ်းမွန်မှ  Myit Makha Mediagroup တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ရန်ကုန်ကားဈေးကွက်တွင်း Provox အမျိုးအစား CNG(Original)ကားများမှာ အရောင်းအ၀ယ်နည်းပါးလျှက်
ရှိပြီး အရစ်ကျရောင်း ချပေးနေသည့် ကျပ်သိန်း ၁၅၀ ၀န်းကျင်ကားများသာ အရောင်း အ၀ယ်ဖြစ်ပေါ်လျှက်
ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။ "Provox အရင်က လူကြိုက်များခဲ့တယ်။ အခုက ဈေးလည်း၁၀သိန်းကျော်ကျော်လောက်ကို ဈေးကျလာတာ
တာင် အရောင်းအ၀ယ်အေးတယ်။အရစ်ကျရောင်းနေတဲ့သိန်း၁၅၀ ၀န်းကျင်ကားတွေ ကတော့ အရောင်း
သွက်နေတယ်။"ဟု သင်္ကန်းကျွန်းမြို့နယ်၊ Car Show Room တစ်ခုမှမန်နေဂျာကိုမင်းထက်ကိုက ပြောသည်။

လက်ရှိတွင် Provox van(2 WD)၊ 1500 CC သည် CNG(original)ဖြစ်သော်လည်း လူစိတ်ဝင်စားမှု နည်းပါး
ကြာင်း၊ Provox Van Dx(2 WD) 1300CC ၊ Petrol နှင့် Provox Van Dx(2 WD) ၊ ဒီဇယ် ကားများသာ စိတ်
ဝင်စားဝယ်ယူမှုများပြားနေကြောင်း ကိုလည်း ၄င်းက ဆက်ပြောသည်။

Car Show Room များမှ အရစ်ကျရောင်းချပေးနေသော ကားများသည် ကာလတန်ဖိုး၏ ၃၀ % ကို ချေပြီး ကားပိုင်ဆိုင်မှ ကျန် ငွေများကို (၁) နှစ်မှ (၃) နှစ်အတွင်း ပေးချေကြရကြောင်း သိရှိရ သည်။

အဆိုပါ စနစ်ကိုဘဏ်များနှင့်ချိတ်ဆက်၍၀န်ဆောင်မှုပေးခြင်းဖြစ်ကြောင်း၊ အရစ်ကျစနစ်များ ကြောင့် ကား
ဈးကွက်တွင်း လက်ငင်းငွေပေးချေဝယ်ယူမူ နည်းပါးလာခြင်းဖြစ်နိုင်ကြောင်း ကားရောင်း ၀ယ်ရေးလုပ်
ငန်းရှင် အချို့က သုံးသပ်ကြသည်။

Provox ကားအမျိုးအစားများထဲတွင် ကျပ်သိန်း ၂၀၀ ၀န်းကျင်ရှိမော်ဒယ်များကို စိတ်ဝင်စားမူနည်းပါးကာ 
ကျပ် သိန်း (၁၃၀)နှင့် (၁၅၀) ၀န်ကျင်းရှိ ကားများသာ အရောင်း အ၀ယ်ဖြစ်ပေါ်လျက်ရှိကြောင်း၊Provox
Van Dx (2WD) 1300CC (ဓာတ်ဆီ) အမျိုးအစားသည် ၂၀၁၂ခုနှစ် နှစ်ကုန်းပိုင်းအတွင်း ကျပ် သိန်း ၁၃၀ ၀န်းကျင်ရှိခဲ့ပြီးယခု ၂၀၁၃ခုနှစ် ဇန်န၀ါရီလဆန်း ပိုင်းအတွင်း ကျပ်သိန်း (၁၂၀)သို့ ကျဆင်းခဲ့ကြောင်း ဈေး
ကွက်တွင်းက သိရှိရသည်။

အလားတူ Provox (ဒီဇယ်)ကားများသည် ကျပ်သိန်း (၁၆၀)၀န်းကျင်ရှိခဲ့ရာမှ ဇန်န၀ါရီလပိုင်းအတွင်း ကျပ်
သိန်း (၁၄၅)သိန်းသို့ ကျဆင်းခဲ့ကြောင်း သိရှိရသည်။

"ဒီမှာ အရောင်းအ၀ယ်ကတော့ အေးနေတာပါပဲ၊ ဒါပေမဲ့ အခုနောက်ပိုင်း Town Ace တွေတော့ နည်းနည်း
အရောင်းအ၀ယ်ရှိတယ် ၊ ဈေးတွေကတော့ ၉၆ မော်ဒယ်ဆိုရင်၁၀၀ သိန်း၊၂၀၀၁ မော်ဒယ်ဆိုရင် ၁၀၈သိန်း
လာက်ရှိတယ်။ ဒါပေမဲ့ သိန်း ၁၀၀ နဲ့ ၁၂၀ အတွင်း ကားတွေပဲ အရောင်းဖြစ်တယ်"ဟု ဟံသာဝတီ ယာဉ်
ရာင်းဝယ်ရေးစခန်းမှ ကိုဇော်မှ ပြောသည်။

Car Show Room အချို့တွင် မော်ဒယ်အသစ်ကားများကို တင်သွင်းနိုင်မူမရှိပဲ ယခင်တင်သွင်းထား သော 
ကားများကိုသာ ရောင်းချနေရကြောင်း၊မော်ဒယ်သစ်ကားများ ဆက်လက်တင်သွင်းလာပါက Show Room 
လုပ်ငန်းများ ထိခိုက်မှု များရှိလာနိုင်ကြောင်း သင်္ကန်းကျွန်းမြို့နယ် Car Show Room ဖွင့်လှစ်ထားသူလုပ်
ငန်းရှင်တစ်ဦးက ၄င်းအမြင်ကို သုံးသပ်ပြောဆိုသည်။


 Myit Makha Mediagroup

0 comments:

Post a Comment